⭐Love Aesthetic-12⭐

859 117 202
                                    

Unicode

🖤Phoenix's Love❤️

⭐Love Aesthetic-12⭐

မှောင်ပိန်းနေသောအခန်းထဲက ကုတင်ပေါ်မှာ ရှက်ရွံ့ခြင်း ဒေါသဖြစ်ခြင်းတွေနဲ့ လူကတစ်ကိုယ်လုံးတုန်ရီလျက် လှဲလျောင်းနေရသည်။

ကန့်လန့်ကာတွေမဖွင့် မီးမဖွင့်နဲ့ အပြင်လောကမှာ မှောင်သလား လင်းသလားလဲမသိ။

သူ့ရှေ့မှာမှ ချစ်ရတယ်ဆိုတဲ့ သူ့ရှေ့မှာမှ ကာကွယ်ပေးမယ်လို့ အပါမခံနိုင်ဘူးလို့ ကြွေးကြော်ထားပြီးကာမှ ဒါ ဘယ်လိုအရှက်ကွဲခဲ့ရ သိက္ခာကျခဲ့ရခြင်းမျိုးလဲ။ ခံပြင်းဒေါသနဲ့ တောက်ခေါက်မိတော့ မျက်ရည်တစ်စက်က ပူပြင်းစွာစီးကျလာသည်။

တစ်ကိုယ်စာ ရှက်ရွံ့သိမ်ငယ်ခြင်းတွေနဲ့ ခွဲဖောက်တိုးဝင်စရာမြေပြင်လဲမရှိ ရှိနေတာက ခေါင်းအုံးနဲ့ စောင်တွေပဲမို့ စောင်ခေါင်းမြီးခြုံပြီးသာ နေနေရသည်။

ခုချိန်မှာ သူ့မျက်နှာလဲမမြင်ချင်သလို သူ့အသံလဲမကြားချင်တာက တာဝန်မကျေ အသုံးမကျသူတစ်ယောက်ရဲ့ အပြစ်စိတ်သက်သက်နဲ့သာ။ ဒီနတ်စစ်သူကြီးနဲ့ ကိုယ့်အင်အားနဲ့က မမျှတော့ ရှေ့ဆက်သူ့ကိုကျွန်တော်ဘယ်လိုဖမ်းဆုပ်ထားရမှာလဲ။

တံခါးဖွင့်သံကြားတော့ ပက်လက်ကနေတစ်ဖက်ကို စောင်ခေါင်းမြီးခြုံရက်သားနဲ့ပဲ လှည့်လိုက်သည်။

🖤ငါ့ကိုတစ်ယောက်တည်း ပေးနေပါ

တားမြစ်ပေမဲ့ တိုးလာတဲ့ခြေသံတွေကြောင့် ကျွန်တော့်အားငယ်စိတ်ကတစ်ကိုယ်လုံးကိုလွှမ်းခြုံထားသလိုပိုပိုတိုးလာပြီ။

🖤 မင်းကို ထွက်သွားလို့ပြောနေတယ်လေ Son...

နူးညံ့အိစက်တဲ့နွေးထွေးသောပွေ့ဖက်မှုက ကိုယ့်အပေါ်ကျရောက်လာတော့ စောင်ခြုံအောက်မှာပဲ ခံပြင်းစွာငိုမိပြီ။

❤️ ချစ်တယ် Pin......မင်းဘာဖြစ်နေနေ ငါကချစ်မှာ ကျရှုံးတာပဲဖြစ်ဖြစ် အောင်မြင်တာပဲ ဖြစ်ဖြစ် ငါကမင်းအနားမှာရှိနေမှာ

မင်းရော ငါ့ကိုချစ်တယ်မှတ်လား ဟင်

မေးနေပေမဲ့ အဖြေစကားက ကျွန်တော့်မှာမရှိ။ ရှက်တာရယ်ခံပြင်းတာရယ်သိမ်ငယ်တာတွေရယ်ပဲ နှလုံးသားကလွှမ်းမိုးခံထားရတော့အရမ်းပင်ပန်းနေပြီလေ။

Phoenix's Love (Completed)Where stories live. Discover now