⭐Love Aesthetic-1⭐

727 116 130
                                    

Unicode

🖤Phoenix's Love❤️

⭐Love Aesthetic-1⭐

ရှောင်ဖယ်နေတဲ့ မင်းဟာ ငါနဲ့မိုင်အဝေးမှာ

ငါ့နှလုံးသားကတော့ မင်းနဲ့ အနီးဆုံးနေရာမှာပါ 🖤

⭐⭐⭐⭐

ကားပေါ်ကမဆင်းခင် လည်ပင်းမှာပတ်ထားတဲ့ မာဖလာကို တစ်ချက်ပြင်ဆင်လိုက်ပြီး အညိုအမဲဒဏ်ရာမပေါ်အောင်သေချာဖုံးဖိလိုက်သည်။

ဘာရယ်မဟုတ်ပါပဲနဲ့ ကျွန်တော်က သူ့ရဲ့ ငှက်ကလေးဆိုတာကို အသိခံလို့မဖြစ်ဘူးမဟုတ်လား။

ရာသီဥတုသိပ်မအေးပါပဲနဲ့ လည်ပင်း မာဖလာကြီးပတ်လာရတာ အူကြောင်ကြောင်တော့နိုင်သား။

ဒါပေမဲ့လဲ မတတ်နိုင်ဘူးလေ ကိုယ့်ပြဿနာနဲ့ကိုယ်မဟုတ်လား။

လောကမှာ လူတိုင်းကိုယ်စီအကြောင်းအရာတွေနဲ့ပဲမို့ ပတ်ဝန်းကျင်ဆိုတာက တကယ်တမ်းတော့ ထင်သလောက်အရေးမပါတဲ့ အရာပါပဲ။

ကျွန်တော့်အတွက်ပေါ့.....

ကိုယ်ဘာဖြစ်နေတယ်ဆိုတာမသိတဲ့လူတွေရဲ့ အမြင်ကနေ ကိုယ့်ဘဝကိုရှုမြင်ရလောက်တဲ့စိတ်မျိုးတော့ ကျွန်တော့်မှာလုံးဝရှိမနေပါဘူး။

ဒါဟာ ခမည်းတော်က ကျွန်တော်ငယ်ငယ်တည်းက ဆုံးမသွန်သင်ခဲ့တဲ့စကားတွေထဲက ကျွန်တော်မှတ်မိနေတဲ့အရာပေါ့။

အဲ့တော့ ခပ်တည်တည်နဲ့ပဲ ကိုယ့်လမ်းကိုအာရုံစိုက်လျှောက်လာပြီး အခန်းထဲဝင်လိုက်တော့ လူသိပ်မရှိသေးတဲ့အခန်းထဲမှာ Pinတစ်ယောက် ခုံပေါ်မှောက်အိပ်နေတာကို မြင်လိုက်ရသည်။

မနေ့ညက Club ကနေ ဘယ်ချိန်မှပြန်လာပြီး အခုဘာစိတ်ကူးနဲ့အစောကြီး ထလာတာလဲမသိ။

ကိုယ်လဲ မသိသလိုပုံနဲ့သူ့ဘေးကိုယ့်ခုံမှာ ဝင်ထိုင်လိုက်သည်။

ဘေးမှာထိုင်မိတော့မှ သူ့မျက်နှာကို မသိမသာတစ်ချက်ခိုးကြည့်ရသည်။

တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး မျက်ကွင်းတွေတောင်ညိုနေသယောင်ယောင်ပုံစံပေမဲ့ ဘယ်နေရာကမှန်းမသိ ကြည့်ကောင်းနေတာကတော့အမှန်။

Phoenix's Love (Completed)Where stories live. Discover now