⭐The Last Dream⭐

667 110 101
                                    

Unicode

🖤Phoenix's Love❤️

⭐The Last Dream⭐

ဟိုးအဝေးကြီးကညည်းညူသံက တဖြည်းဖြည်းနီးကပ်လာတယ်လို့ ခံစားရတဲ့အခါ မျက်လုံးတွေဖွင့်ကြည့်လိုက်သည်။ ညည်းညူသံပိုင်ရှင်ကတော့ Pin ပေါ့။ အိပ်မက်ဆိုးတစ်ခုခုထဲနစ်ဝင်နေပုံရတဲ့သူ့ကို လှုပ်နှိုးဖို့ပြင်လိုက်ပေမဲ့ လက်ကအကြောတွေကို နှလုံးသားက မသိစိတ်ကတုံ့ဆွဲထားလိုက်ပြီ။

ဒါသွေးရိုးသားရိုးအိပ်မက်မှ ဟုတ်ရဲ့လား။ အိပ်မက်တွေကိုတောင်စေစားခြယ်လှယ်နိုင်စွမ်းတွေက ဟိုးကောင်ကင်ပေါ်ကလူတွေမှာအပြည့်ရှိတယ်လေ။ တဖြည်းဖြည်းနဲ့ နတ်ဘုရားဆိုတာတွေကို မုန်းတောင်မုန်းလာမိပြီ။ ဘာလို့များ လျှော့ပေါ့ညှာတာခြင်းတွေမလုပ်ကြတာလဲ။

သူ့နားထင်ကိုလက်ညှိုးနဲ့ဖိစမ်းရင်း သူ့အိပ်မက်ကိုအာရုံခံလိုက်မိတော့ အပြာရောင်မီးညွန့်မီးလျံတွေယိမ်းနွဲ့ကခုန်နေတဲ့ ကျိန်စာသင့်တောင်ကုန်းကိုမြင်လိုက်ရသည်။ ပြီးတော့ ရယ်မောနေတဲ့ ကောင်ငယ်လေးတစ်ယောက်ရဲ့အသံ။ လက်ကိုပြန်ရုပ်လိုက်ပြီး ကျွန်တော်သူ့ဘေးကနေ ခြောက်ခြားထိတ်လန့်စွာနဲ့ နောက်ဆုတ်လိုက်မိသည်။

ဒါ နိမိတ်ပြအိပ်မက်လား ရယ်နေတဲ့အသံက ကျွန်တော်ငယ်ငယ်ကအသံမဟုတ်လား။ တစ်ကိုယ်လုံးကြက်သီးတွေထလာပြီး ကိုယ့်အသားကို ခပ်ကြမ်းကြမ်းပွတ်မိချိန်မှာ ထပ်ထပ်ကြားနေရတဲ့သူ့ရဲ့ညီးတွားသံတွေ။ တကယ်ကိုဘာကမှမတားဆီးနိုင်တော့ဘူးလား တကယ်ကြီးကို သူနဲ့ကျွန်တော်ဝေးရတော့မှာလား။

❤️Pin ......Pin......

သူ့လက်မောင်းကိုကိုင်ကာ အသာလှုပ်နှိုးတော့ ဟိုးအဝေးကြီးကပြေးလာရသူလို မောပန်းစွာနဲ့ သူနိုးလာတော့သည်။

❤️ အိပ်မက်ဆိုးတွေမက်နေတာထင်တယ် ငါ ရေသွားယူပေးမယ် ခဏစောင့်

အပြင်ထွက်ပြီး ရေယူဖို့လုပ်ချိန်မှာ ကျွန်တော့်လက်ကို မြဲမြံစွာဆုပ်ကိုင်ထားတဲ့သူ့ရဲ့လက်တစ်ဖက်။ လှည့်မကြည့်မိအောင်နေရင်း ကျွန်တော့်ရင်ခုန်သံကို သူမကြားအောင်ဖိနှိပ်ထားရသည်။

Phoenix's Love (Completed)Where stories live. Discover now