⭐Love Aesthetic-11⭐

716 111 141
                                    

Unicode

🖤Phoenix's Love❤️

⭐Love Aesthetic-11⭐

အသံပေါင်းစုံမြည်နေတဲ့ မီးဖိုချောင်ထဲမှာ ကျွန်တော်တစ်ယောက်တည်း လက်မလည်နိုင်အောင်ဖြစ်နေရသည်။

ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်တတ်သူမဟုတ်ပေမဲ့ စေတနာတစ်ခုတည်းနဲ့သာ အလုပ်ဖြစ်နေပျော်နေရတာပါ။

ထမင်း​ကို အသီးအရွက်တွေနဲ့ရောကြော်ပြီး ရေညှိဆိုလားဘာဆိုလားကို ကြက်ဥနဲ့ရောချက်ထားတဲ့ ဟင်းရည်တစ်ခွက်ရအပြီးမှာ ညနေလဲစောင်းလုလုဖြစ်သလို လူလဲခြေကုန်လက်ပမ်းကျသွားပြီ။

ရောက်တည်းက လက်ဖဝါးကဒဏ်ရာကိုပလာစတာကပ်ပြီးချက်ပြုတ်နေတာမို့ အခုအကုန်ပြီးစီးတော့ အနာကစပ်ဖျဥ်းဖျဥ်းနဲ့ရယ်။

ပလာစတာကိုခွာပြီးကြည့်နေတုံး လက်ကိုဆွဲယူပြီး ဂွမ်းနဲ့လာတို့တော့ စပ်လိုက်တဲ့ဖြစ်ခြင်း။

❤️ အား.......စပ်တယ်.....

အနာတစ်ခုလုံးအရက်ပြန်နဲ့စိမ်ခံလိုက်ရသလိုဖြစ်ပြီး လူကစပ်လွန်းလို့မျက်ရည်တောင်ဝဲသည်။

🖤 အကောင်းလုပ်ပေးနေတာ ပါးစပ်ပိတ်ထား အော်မနေနဲ့

အိမ်နေရင်းစွပ်ကျယ်လေးနဲ့ ရင်အုပ်ကျယ်ကျယ်ဖွေးဖွေးလေးမြင်ရတော့ နေရင်းထိုင်ရင်းဘာကိုရှက်မှန်းမသိ မျက်နှာလွှဲပစ်လိုက်သည်။

🖤 ဘာလဲ ငါ့ရင်ဘတ်ကိုကြည့်ပြီး ကြောက်လို့လား

❤️ ဟင် မဟုတ်ပါဘူး ငါ့မှာလဲ ရှိတာပဲ အတူတူပဲဟာ ငါကဘာကြောက်ရမှာလဲ

🖤 အဲ့ဒါဆိုပြစမ်း ကြည့်ရအောင် မင်းမှာ အားကိုးချင်စရာ ရင်ခွင်ကြီးရှိမရှိ

လက်ရဲဇက်ရဲနိုင်လှတဲ့ ဒီနတ်ဆိုးဟာ ကိုယ်သူ့ကိုမတားနိုင်ခင်မှာပဲ ကိုယ့်ရင်ဘတ်ပေါ်သူ့လက်တွေက ကျူးကျော်နှင့်နေပြီ။ ကိုယ့်မှာသာ ရင်ခုန်သံကိုရော မျက်နှာပါ ဘယ်နားထားနေရမယ်မသိ။

❤️ဘာလုပ်နေတာလဲ ဖယ်

တားမိကာမှ လက်ကိုလိမ်ချိုးခံရတဲ့ထိကြင်နာခြင်းခံရပြန်ပြီ။

Phoenix's Love (Completed)Where stories live. Discover now