⭐Love War⭐

928 117 90
                                    

Unicode

🖤Phoenix's Love❤️

⭐Love War⭐

အဆင့်မြင့်ကွန်ဒိုတိုက်ခန်းရှိရာ အိမ်ရာရှေ့မှာရပ်လိုက်တဲ့ အနက်ရောင်ကားတစ်စီး

ကားအတွင်းမှာတော့ ဆန့်ကျင်ဘက်အသွင်နဲ့ထိုင်နေသည့် ကောင်ငယ်လေး နှစ်ယောက်

တစ်ယောက်က ပြုံးရွှင်နေပေမဲ့ တစ်ယောက်က မျှော်လင့်ချက်တွေပျောက်နေသလိုမျက်နှာမျိုးနဲ့ပေါ့

🖤 ကဲ အိမ်ရောက်ပြီ ငါ့ကောင်လေးရေ

❤️ မင်း ပါးစပ်ပိတ်ထား Pin

🖤 မင်းကလဲကွာ အတင်းအကြပ်ပုံစံကြီးနဲ့ ကိုယ့်ဟာကို မထိန်းချုပ်စမ်းပါနဲ့ကွ Relax baby

❤️ ဒီနေ့ဖြစ်ခဲ့တာတွေ အကုန်တစ်ခုမှမဖြစ်ခဲ့ဘူးလို့ပဲ ယူဆလိုက်ပါ

🖤 No ငါကတော့အဲ့လိုမလုပ်နိုင်ဘူး

ငါကပြောပြီးရင် မရရအောင်လုပ်မှာ

❤️ အဲ့ဒါဆိုလဲ မင်းဟာမင်း လဲသာသေလိုက်တော့  ငါကတော့မင်းရူးသလို လိုက်မရူးနိုင်ဘူး

🖤 ချစ်ရဲ့သားနဲ့ လိမ်နော် နောက်မှ ငါ့အပြစ်မပြောနဲ့

စုတ်ပြတ်သတ်နေတဲ့ ခံစားချက်တွေကို ဘာမှမဖြစ်သလို ဖုံးကွယ်ရင်း ကားထဲကနေ မကျေမနပ်ထွက်လာတော့ ကပ်ပါလာတဲ့ သူ့ရယ်သံက ဘဝမှာကြားခဲ့ရသမျှထဲမှာ သွေးပျက်ချင်စရာအကောင်းဆုံးပါပဲ။

ကိုယ်ကားပေါ်ကဆင်းတာနဲ့ ကားကိုအရှိန်ပြင်းပြင်းမောင်းထွက်သွားတာများ လမ်းမှာလူရှင်းနေတာကိုပဲ ကျေးဇူးတင်ရသေးသည်။

ဘယ်အရာမဆို အထိန်းအကွပ်မရှိတဲ့လူသားနဲ့ စည်းမျဥ်းဥပဒေသတွေကြား ကျင့်ဝတ်နဲ့ တာဝန်ကြားမှာ ရှင်သန်နေရတဲ့ ကျွန်တော် ဘယ်လိုမှ နီးစပ်သွားလို့ ကောင်းလာစရာမရှိပါဘူး။

ဒါပေမဲ့လဲ တရွေ့ရွေ့ရိပ်မိုးလာတဲ့ကျိန်စာအရိပ်ဆိုးကို ရှောင်ဖို့မလွယ်မှန်းသိနေတော့ ကျွန်တော့်ဘဝက ကျွန်တော်ကိုယ်တိုင်တောင် မသိနိုင်မမြင်နိုင်ခြင်းတွေနဲ့ မှောင်မိုက်သထက်မှောင်မိုက်လာပြီလေ။

Phoenix's Love (Completed)Tempat cerita menjadi hidup. Temukan sekarang