001

17K 1.4K 16
                                    

001 - ရှောင်းရှီရန်ကျင့်

ဟော်ကျင့် ကျောင်းကန်တင်းရဲ့ ဒုတိယမြောက်ဆိုင်ကနေ ဝက်နံရိုးချိုချဉ်ကြော်နဲ့ ခေါက်ဆွဲကြော် မှာဝယ်လာခဲ့တယ်။ နောက်တော့ ဘေးဘက်မှာ သူ့ရဲ့နေ့လည်စာဘူးကို ကိုင်ထားရင်း အိပ်ဆောင်တွေရှိတဲ့ အဆောက်အဦဆီကို အေးအေးလူလူ လမ်းလျှောက်လာခဲ့တယ်။
အိပ်ဆောင်ကို သွားတဲ့လမ်းမှာ နေရာအနှံ့ သစ်ရွက်ကြွေတွေနဲ့ ဂျင်းဂိုပင်တွေ ရှိတယ်။ အရွက်ခြောက်တွေက နီကျင့်ကျင့်နဲ့ ရွှေရောင်ယပ်တောင်ပုံဖြစ်ပြီး သူတက်နင်းလိုက်တိုင်း တကျွတ်ကျွတ်နဲ့ အသံခပ်တိုးတိုး ထွက်နေခဲ့တယ်။
သူ့ဘေးပတ်ပတ်လည်မှာ ရယ်သံခပ်လွင်လွင်နဲ့ လှပပြီး ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့ မိန်းကလေးတစ်အုပ်စုဖြတ်သွားခဲ့တယ်။ သူတို့ရဲ့လက်ထဲမှာ အားပေးဖို့အတွက် သုံးတဲ့ ရောင်စုံပန်းပွားလေးတွေ ကိုင်ထားကြတယ်။ သူတို့ရဲ့ စကားဝိုင်းကနေ "တင်းနစ်"နဲ့ "school idol"ဆိုတဲ့ စကားလုံးအချို့ ကြားလိုက်ရတယ်။ ဒီစကားလုံးနှစ်လုံးက စိတ်အားထက်သန်မှုနဲ့ ဆောင်းဦးနှောင်းပိုင်းရဲ့ အအေးဒဏ်ကြားမှာ ခပ်တိုးတိုး ထွက်ပေါ်လာခဲ့တယ်။ ဒီလို ရာသီမှာတောင် သူတို့ရဲ့ခြေတံတွေကို ဖော်ပြထားတာကို ကြည့်ပြီး ဟော်ကျင့်ခမျာ ခိုက်ခိုက်တုန်လာခဲ့တယ်။
ဒီလမ်းက ကျောင်းရဲ့တင်းနစ်အသင်းဘက်ကို ဦးတည်နေပြီးတော့ ကြည့်ရတာ နေ့ခင်းကျရင် ပြိုင်ပွဲကြီးတစ်ခုခု ရှိတဲ့ပုံပဲ။ အဲဒါအပြင် ကောင်မလေးတွေ ပြောသွားတဲ့ "school idol"ဆိုတဲ့ တစ်ယောက်လည်း ပြိုင်ပွဲထဲမှာ ပါလိမ့်မယ်လို့ သတင်းထွက်နေခဲ့တယ်။
ဘာတွေဖြစ်ဖြစ် ... ဒီကိစ္စတွေက ဟော်ကျင့်ဖို့ စိတ်ဝင်စားစရာ မရှိတော့ပေ..။ ဒီကျောင်းဝန်းကျင်မှာ နှစ်နှစ်ခွဲလောက် ကျင်လည်လာခဲ့ပြီးသားဆိုတော့ ဒီလိုကစားပွဲတွေကို အတွေအကြုံရှိပြီးသားပင်။
ဂျူနီယာနှစ်က မေဂျာအတန်းကြီးတွေရဲ့ အလုပ်အရှုပ်ဆုံးနှစ်ဖြစ်တယ်။ အထူးသဖြင့် ဒုတိယနှစ်ဝက်စတဲ့ အချိန်ပေါ့။ ပေါ့ပါးပြီး တောက်ပတဲ့ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဝေးကွာလာပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်ရခြင်းတွေက တဖြည်းဖြည်း စတင်ဝင်ရောက်လာခဲ့တယ်။
မနေ့ညက အိမ်ကလှမ်းဆက်တဲ့ ဖုန်းအကြောင်းကို တွေးမိတော့ ဟော်ကျင့် သက်ပြင်းချလိုက်မိတယ်။ ဖုန်းထဲက မိန်းမကြီးပြောတာက .. သူ့မွေးရပ်မြေမှာ သူ့အဖေက သူ့အတွက် အလုပ်ကောင်းကောင်းတစ်ခု စီစဉ်ထားတယ်တဲ့။ အစိုးရဝန်ထမ်းတွေအတွက် လစာကောင်းကောင်း၊ အကျိုးအမြတ်များများနဲ့ သင့်တော်တဲ့အသက်မွေးဝမ်းကျောင်းတဲ့။ သူ ဘွဲ့ရတာနဲ့ တစ်ခါတည်း အလုပ်တန်းဝင်ရတော့မှာပေါ့။
ဒီအကြောင်းတွေကို တွေးလိုက်မိတာနဲ့တင် ဟော်ကျင့် နည်းနည်းပင်ပန်းလာသလို ခံစားလိုက်ရတယ်။
သူ အိပ်ဆောင်ဆီကို ရောက်တဲ့အချိန် ပုံရိပ်အချို့ကလည်း ရုတ်တရက်ကြီး အဆောက်အဦးထဲကနေ နမော်နမဲ့နဲ့ သူရှိရာဘက်ဆီကို တည့်တည့်ပြေးဝင်လာကြတယ်။ သူတို့ အပေါက်ဝမှာ နေ့လည်စာထမင်းဗူးကို ကိုင်ထားပြီး အရူးတစ်ယောက်လို ရပ်နေခဲ့တဲ့ ဟော်ကျင့်ကို ဝင်တိုက်သွားကြတယ်။ ဟော်ကျင့် ရှောင်ဖို့ ကြိုးစားလိုက်ပင့်မယ့် နောက်ဆုံးမှာ သူတို့ယောကျာင်္းလေးတစ်ယောက်နဲ့ ဝင်တိုက်မိသွားခဲ့တယ်။
မကြာခင်ပဲ "ဘန်း"ဆိုတဲ့ အသံ ကြားလိုက်ရတယ်။ ဟော်ကျင့် ယိုင်သွားပြီး သူ့ရဲ့ထမင်းဗူးလည်း အောက်ကို ပြုတ်ကျသွားတော့တယ်။
"ဆောရီး.." အဲ့ဒီ့ကောင်လေးက သူ့ကို လှမ်းဆွဲလိုက်ပြီး သူ့ထမင်းဗူးကို ကောက်ပေးဖို့ ရပ်လိုက်တယ်။ "ကွဲသွားပြီလား"
"ရပါတယ်" ဟော်ကျင့် ထမင်းဗူးကို ယူလိုက်တယ်။ ဒီနေ့လည်စာထမင်းဗူးက ပလတ်စတစ်အကြည်သားနဲ့ ပြုလုပ်ထားဖြစ်ပြီးတော့ အလုံပိတ်ဖြစ်တယ်။ ရိုက်ခွဲရင်တောင် မကွဲနိုင်ဘူး။ ဒီကောင်လေး ကံကောင်းသွားတယ် ပြောရမယ်။ သူ အလျော်ပေးစရာမလိုတော့ဘူးပေါ့။
ဟော်ကျင့် မော့ကြည့်လိုက်တော့ အဖြူနဲ့အပြာရောင်ပါတဲ့ ပိုလိုရှပ်အကျီင်္ံကို ပေါ့ပေါ့ပါးပါး'Nike'တံဆိပ် အပေါ်ထပ်အကျီံနဲ့ တွဲဝတ်ထားတဲ့ ယောကျာင်္းလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒီလူက အရပ်ရှည်ရှည်၊ လက်တံရှည်ရှည်၊ ခပ်တိုတိုဆံပင်ပုံစံက သေသပ်လှတယ်။ ခပ်ပါးပါး နှုတ်ခမ်းတစ်စုံနဲ့ အနည်းငယ် ကျဉ်းမြောင်းတဲ့ပုံပေါ်နေတဲ့ မျက်ဝန်းတွေက သူ့ကို ခက်ထန်တဲ့ အကြည့်တွေ ပေးနေသယောင်။
ဒါက တင်းနစ်အသင်းဝင်တစ်ယောက်လား.. ပြိုင်ပွဲအတွက် သူတို့ အလျင်လိုနေကျတာလား..
ဟော်ကျင့် အမှန်တကယ် အဆင်ပြေကြောင်း လက်ဝှေ့ယမ်းပြလိုက်တယ်။ နောက်တော့ ဘာမှမပြောတော့ဘဲနဲ့ သူ့ထမင်းဗူးကို ဆွဲကိုင်လိုက်ကာ အဝေးကို လျှောက်ထွက်လာခဲ့တော့တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကောလိပ်များနှင့်တက္ကသိုလ်များ၏ အမျိုးသားရေးအဖွဲ့အစည်းမှ တက္ကသိုလ်ဝန်းကျင် သာယာလှပအောင်နဲ့ နိုင်ငံခြားတက္ကသိုလ်များလို ဖြစ်အောင် လုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြတယ်။ ကျောင်းအဟောင်းတွေကို ပြန်ပြုပြင်တည်ဆောက်နိုင်ဖို့ အစိုးရက အဓိက အရေးပါတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့ကို ရွေးချယ်ပြီး ရံပုံငွေ ပေးအပ်ခဲ့တယ်။
အခု သူတက်နေတဲ့ တက္ကသိုလ်ကလည်း ရံပုံငွေ ပေးအပ်ခံရတဲ့အထဲမှာ ပါဝင်ခဲ့တယ်။ အရင့်အရင်ကျောင်းသားကျောင်းသူဟောင်းတွေရဲ့ အခေါ်အရ 'ဝက်ခြံ'လို့ နာမည်ပေးထားတဲ့ ကျောင်းအဟောင်းရဲ့ အိပ်ဆောင်က စွန့်ပစ်ခံလိုက်ရပြီး ထမင်းစားခန်း အပါအဝင် လေးယောက်လောက် စာဆွေးနွေးလို့ရတဲ့ နှစ်ယောက်ခန်းအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒီ့ အခန်းမှာ ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့မီးဖိုနဲ့ လေပူလေအေးပေးစက်တောင် ပါသေးတယ်။ ပြုပြင်ပြောင်းလဲပြီးနောက် အခြေအနေကတော့ ကိုယ်ပိုင်ကျောင်းက ကလေးတွေတောင် မနာလိုဖြစ်ရတဲ့အထိကောင်းမွန်သွားလေရဲ့။
ဟော်ကျင့် သူ့အခန်းတံခါးကို ဖွင့်လိုက်တော့ စားပွဲပတ်လည်မှာ ထိုင်ပြီး စားဖို့ အသင့်ပြင်နေတဲ့ လူသုံးယောက်ကို တွေ့လိုက်ရတယ်။ သူတို့က သူကို မြင်တဲ့အခါမှာ သူတို့ထဲက တစ်ယောက်က အော်ပြောလာခဲ့တယ် "အစ်ကိုကျင့်.. အစ်ကို ဘာလို့ အရမ်းနှေးနေရတာလဲ"
သူ့ကို ခေါ်လိုက်တဲ့ တစ်ယောက်က ဟောင်တုံးရန်ဆိုတဲ့ ဟော်ကျင့်ရဲ့ အခန်းဖော်။ သူက အရပ်ပုပြီး နားရွက်နဲ့နှာခေါင်းက ကြီးနေတာကြောင့် မျောက်နဲ့ ဆင်နေတယ်။ ဒါကြောင့်လည်း သူ့နာမည်ပြောင်က 'မန်းကီး'ဖြစ်နေတာပေါ့၊ (monkey = မန်းကီး )
"ငါကန်တင်း မသွားခင် ကျောင်းကို လျှောက်သွားကြည့်နေခဲ့သေးတယ်။ အဲဒါကြောင့် ငါနောက်ကျနေတာ.." ဟော်ကျင့် နေရာလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ သူ့နေ့လည်စာထမင်းဗူးကို ဖွင့်လိုက်တော့ ကြောင်အသွားခဲ့ရတယ်။ သူ လွတ်ကျခဲ့တာကြောင့် သူ့နံရိုးတွေနဲ့ ဂေါ်ဖီဖတ်တွေက အထဲမှာ ရောပြီး ပေပွနေလေရဲ့။ နဂိုတည်းကမှ ကန်တင်းမှာ ရောင်းတဲ့ဟာတွေက ကြည့်ရဆိုးပါတယ်ဆို..။ ခုတော့ သူ့ရဲ့ အဖြူအနီရောနေတဲ့ ဟင်းအနှစ်တွေက မြင်ရက်စရာမကောင်းတော့ဘူး..။
"အား.. ဘယ်လိုတောင် ကြည့်ရဆိုးတဲ့ဟင်းကို စားနေတာလဲ" ဟောင်တုံးရန်က ပြောင်ပြောင်ဘွင်းဘွင်း ပြောချလိုက်တယ်။
ဟော်ကျင့် : "..."
"ကျောင်း..? တစ်ခုခု လုပ်စရာရှိလို့လား" အခြားတစ်ယောက်က မေးလိုက်တယ်။
ကလေးဘဝတည်းက ဟော်ကျင့်က အမြဲတမ်း အတန်းထဲက အသင်းအဖွဲ့တွေမှာ ပါဝင်ခဲ့တာကြောင့် တက္ကသိုလ်ရောက်ပြီးတဲ့အခါမှာလည်း ကျောင်းသားသမ္မဂအဖွဲ့ထဲကို ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်နှစ်မှာ ဟော်ကျင့် ကျောင်းသားသမ္မဂအဖွဲ့ရဲ့ လှုပ်ရှုားမှုတွေကို အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့တယ်။ အမြဲတမ်း သူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာကြောင့် သူ့ကို သမ္မဂခေါင်းဆောင်လုပ်ဖို့ အားပေးကြတယ်။ ဒါပေမဲ့ ဒီနှစ်စရဲ့အစကတည်းက ဟော်ကျင့် တက်တက်ကြွကြွမရှိတော့တာ သိသာလှတယ်။ အစကတည်းက လူအများက သူ့ကို ဒီစာသင်နှစ်ရဲ့ ခေါင်းဆောင်အဖြစ် ထောက်ခံကြတဲ့အပြင် သူ့မှာ ကျောင်းသားသမ္မဂအဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်ဖို့ အခွင့်အရေးကလည်း ရှိနေပြန်တယ်။ ဘယ်လိုဖြစ်ဖြစ် သူကတော့ အကုန် မလုပ်ချင်တော့သလို ခံစားနေရတယ်။
"ဘာမှမဟုတ်ပါဘူး.. မဲပေးတာ စည်းရုံးပေးဖို့ ငါ့ကို ခေါ်နေကြလို့" ဟော်ကျင့် စားချင်စိတ်မရှိတော့တာကြောင့် တူကို လှည့်ကာဆော့နေလိုက်တယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now