040

4.3K 794 19
                                    

040. Holographic ရဲ့ First Kill

ပန်းက​လေးရီရီက သူမရဲ့ "ယာယီ​သေဆုံးတဲ့ပြကွက်​"အတွင်း သူမအသိစိတ်​ပြန်​၀င်​လာတာကို အခွင့်​​ကောင်းယူလိုက်​တယ်​။ သူမကံ​ကောင်းတယ်​လို့ ​တွေ့လိုက်​ရင်း helmetကို ခဏချွတ်​ပြီး ​ရေချိုးခန်းထဲကို သွားလိုက်​တယ်​။ သူမ အိမ်​သာ​ပေါ်မှာ ထိုင်​လိုက်​ပြီးတာနဲ့.. ပြန်​၀တ်​လိုက်​တယ်​။ ရလဒ်​ကလား? သးမ systemရဲ့ ​ကြေငြာချက်​နဲ့အတး ပြန်​၀င်​ခဲ့တာ : "သင်​ ပြန်​ logged in လုပ်​လိုက်​ပါပြီ!"

အဲ့ဒီ့အချိန်​မှာ ပန်းက​လေးရီရီရဲ့နှလုံးသားက မွန်းကြပ်​သွားခဲ့တယ်​။ အီးပါပြီးလို့ စိတ်​​ပေါ့ပါးသွားရမယ့်​အစား စိတ်​ဓာတ်​​တောင်​ ကျလာခဲ့တယ်​။ စက္ကန့်​ပိုင်း​လေးဆို​ပေမဲ့လည်း ဒီအရူး​ထောင်​​ချောက်​ဂိမ်းက ဒါကို မမှတ်​မိဘူးလားမသိ။ အဲဒါ​ကြောင့်​လည်း သူ့ အွန်​လိုင်းပြန်​ဖြစ်​လာတာနဲ့တစ်​ခါတည်း သူမက dungeonအပြင်​ကို ​ရောက်​​နေတာကို ​တွေ့လိုက်​ရတယ်​! ခဏကြာ​တော့.. World Channelက ​မီး​တောက်​နဲ့ အခြားသူ​တွေ ​ဟော့မင်​ကို ​အောင်​​အောင်​မြင်​မြင်​ နှိမ်​နင်းနိုင်​ခဲ့​ကြောင်း ​ကြေငြာလာခဲ့တယ်​။

holographic modeမှာ "text chat channel" အဆင့်​က အဖွဲ့သား​တွေရဲ့ သတင်းအချက်​အလက်​နဲ့ ဆင်​တယ်​။ ကစားသမားရဲ့မြင်​ကွင်းထဲက ​ဘယ်​ဘက်​​အောက်​နား​လောက်​မှာ ​ဖော်​ပြထားတယ်။ ပန်းက​လေးရီရီ ဒီ​ကြေငြာချက်​ကို မြင်​​တော့.. အဖြူ​ရောင်​စာလုံး​လေး​တွေက တလက်​လက်​နဲ့ ​ပေါ်လာခဲ့တယ်။

〖World〗: Holographic ကစားသမားများဖြစ်ကြတဲ့ ... မီး​တောက်​၊ အားကျင့်​၊ ရေငြိမ်၊ တိမ်ပျံ လွင့်လွင့် နဲ့ ကြိုးကြာရိုင်းတို့အား ​ဟော့မင်​ကို အနိုင်​ရခြင်းအတွက် ဂုဏ်​ပြုပါတယ်​။ တာဝန်​ပြီးဆုံးသွားတဲ့အတွက်​ holographic modeမှာ ယန်​​တောင်​တန်း အကျဉ်း​ထောင်​အတွက်​ First killကိုလည်း ရရှိမှာ ဖြစ်​ပါတယ်​!

အဲဒါတင်​မကပဲ ... ​နောက်​ထပ်​နှစ်​စက္ကန့်​​လောက်​အကြာမှာ အခြားစာတစ်​ခုက သူတို့မြင်​ကွင်းထဲက အ​ပေါ်ဘက်​နားမှာ ​ပေါ်လာခဲ့တယ်​ : " "Full Service Bulletin" အခု စတင်ပါတော့မယ်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now