050

4.5K 833 46
                                    

050. မတူညီတဲ့ ဆက်ဆံမှု

Couple index?! ဟော်ကျင့် ချက်ချင်း တုံပြန်မိလိုက်တယ်။ မီးတောက်က ပန်းတွေ ပို့တာ ဒီအတွက်ကြောင့်လား ... ဇနီးမောင်နှံတာဝန်တွေ ဖြေရှင်းဖို့ပေါ့...

မီးတောက် : "ကိုတို့ မြေတွေ ဝယ်တဲ့နေ့တုန်းက ... နှင်းဆီပန်းတွေပေးတာကလည်း ကိုတို့ရဲ့ couple indexကို တိုးစေတယ်ဆိုတာကို မှတ်မိနေလို့"

......ဒီတော့ အမှန်ပဲပေါ့!

"ဒါပေမဲ့ ငါတို့ အိမ်ဆောက်နေရုံရှိသေးတယ်ဆိုတော့ .. နောက်ကျရင်လည်း ... ..." ဟော်ကျင့် ပြောနေတာကို ခဏလောက် ရပ်လိုက်တယ်။ သူ ကိုယ့်လျှာကိုကိုယ် ပြန်ကိုက်ထားမိပြီး သူ့မျက်နှာကလည်း သူ့လက်ထဲက နှင်းဆီပန်းတွေလို အနီရောင် သန်းလာခဲ့တယ်။ "တစ်ခန်းတည်း အတူနေလို့ရတာပဲ"ဆိုတဲ့ စကားကို သူပြောမထွက်ခဲ့ဘူး!

မီးတောက်က သူ့ကို ပြုံးပြလိုက်ပြီး ရှင်းပြခဲ့တယ် : "အိမ်ဆောက်တာက ရက်အနည်းငယ် ကြာဦးမှာ ... တစ်ခန်းတည်း အတူနေတာကလည်း တစ်နေ့ကို point 50လောက်ပဲ တိုးမှာဆိုတော့ ... ကိုတို့ ဒီနည်းလမ်းကို ထပ်သုံးလိုက်မယ်ဆိုရင် ဇနီးမောင်နှံတာဝန်တွေ လုပ်ဖို့ ကိုတို့ လိုတဲ့ အမှတ်ကို ရဖို့ လဝက်လောက်ပဲ စောင့်ရတော့မယ်.. ဒါကြောင့် ပန်းပေးပို့ပေးတာက ပိုမြန်တယ်"

ဟော်ကျင့် ပြောစရာ စကားမဲ့သွားခဲ့တယ်။ ဇနီးမောင်နှံတာဝန်တွေလုပ်ပြီး ရလာမယ့် ဆုတွေက မီးတောက်ကို ဒီလိုတွေ လုပ်ရတဲ့အထိ စိတ်လှုပ်ရှားစေနိုင်တာလား ?

မီးတောက် သူ့ကို ပန်းပေးရတဲ့ အကြောင်းပြချက်က ဇနီးမောင်နှံတာဝန်အတွက် လိုအပ်တဲ့ couple index ကို ဖြည့်ဖို့ ဆိုပေမဲ့ ဒီအချိန်မှာတောာ့ ဟော်ကျင့် ခံစားချက်တွေ ကသောင်းကနင်း ဖြစ်နေခဲ့တယ်။

တကယ့် လက်တွေ့ဘ၀မှာ သူ နှင်းဆီပန်းတွေ တစ်ခါတော့ လက်ခံရရှိခဲ့ဖူးတယ်။ အထက်တန်းတုန်းက ကျပန်းစကားပြော ပြိုင်ပွဲမှာ ဖြစ်တယ်။ စကားပြောပြီးတဲ့အဆုံးမှာ ကောင်မလေး အချို့က စင်ပေါ်တက်လာပြီး သူ့ကို ကျူ့လစ်ပန်းအချို့ပေးခဲ့တာဖြစ်တယ်။ အဲလို ပေးလိုက်တဲ့အချိန်မှာ ကျန်တဲ့ ကျောင်းသားတွေက လက်ခုပ်လက်ဝါးတီးပြီး အော်ဟစ်အားပေးနေခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းမှာတော့ အဲဒါက ဟော်ကျင့်တို့ ဆရာမရဲ့ စီစဉ်ပေးမှုတစ်ခုဆိုတာကို သိခဲ့ရတယ်။ သူတို့ကျောင်းသားတွေအနေနဲ့ ကျောင်းရဲ့သတင်းစာမှာ ဓာတ်ပုံလှလှလေးတွေ ရဖို့ လုပ်ခိုင်းခဲ့တာ ဖြစ်တယ်။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် .. ဂိမ်းထဲမှာလို့ဆိုဆို .. လက်တွေ့ဘ၀အနေနဲ့ပဲ ဖြစ်ဖြစ်.. ဒီလို တစ်စုံတစ်ယောက်ဆီက ပန်းတွေ လက်ဆောင်ရတာက ဟော်ကျင့်အတွက် ပထမဆုံးအကြိမ် ဖြစ်နေခဲ့တယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now