004

6.3K 793 6
                                    

004 : ပထမထိပ်တန်း ဆရာကြီး

ဟော်ကျင့် သူဇာတ်ကောင်ရဲ့ ခန္တာကိုယ်ကို ဒုတိယအကြိမ်ကြည့်လိုက်တယ်..။ နောက်ဆုံးတော့ သူဇာတ်ကောင်က.. တစ်ခါသေပြီးတာနဲ့ နဂိုမူလပုံစံကို ပြန်ပြောင်းတဲ့ ၀ိဥာဥ္ ဆိုတာကို မှတ်မိသွားခဲ့တယ်.. ။ ခုတော့ သူ နားလည်သွားပြီ ။ သူ့မှာ သွေးပမာဏ အရေအတွက်ရှိသလောက် 1650 damagesကို ရခဲ့တာဆိုတာကို..။ ဒါပေါ့.. အကြင်နာမဲ့တဲ့ မီးတောက်က သူက အမြဲတမ်း အသက်သွင်းမယ်..။ ပြီးတော့ သူ့သွေးကို ပြန်ပြည့်အောင် ဇနီးမောင်နှံနှစ်ဦးအနေနဲ့သုံးရမယ့်အရည်အချင်းကို အသုံးချမယ်။ ဒါပင်မယ့်လည်း ဟော်ကျင့် တိတ်တဆိတ် တွေးနေမိတယ်..။ ငါက လက်ထပ်ထားတာကိုလည်း အရေးမစိုက်ပဲ အြန္လိုင္းပေါ်တောင် ရှစ်နှစ်လောက် ပေါ်မလာခဲ့တာ အပြစ်တင်ချင်တောင် မင်း ငါ့အပေါ် ဒီလိုတော့လုပ်သင့်ဘူးလေ..။ အားး..ကလေးဆန်လိုက်တာ..။

သူစဉ်းစားနေတဲ့အချိန်မှာပဲ အကြင်နာမဲ့မီးတောက်ရဲ့ ခေါင်းပေါ်မှာ စကားပြောထားတဲ့ စာတမ်းလေး ပေါ်လာခဲ့တယ်..။

အကြင်နာမဲ့မီးတောက် : "မင်းငါ့ကို လက်ထပ်ဖို့ မေးခဲ့တဲ့အချိန်ကို မေ့သွားခဲ့တာလား"

ဟော်ကျင့် : [....] အဲဒီ့တော့ လက်ထပ်တာကို ဖြေရှင်းရမယ့်သူက အကြင်နာမဲ့မီးတောက်ပေါ့။ ငါမဟုတ်ဘူးပဲ..။ အဲ့တာဆို သူ ငါ့ကို ဘာကြောင့် မကွာရှင်းခဲ့တာလဲ..။ ဒီလူက ငါ့ကို ဒီgameထဲမှာ စောင့်နေခဲ့တာလား..။

ဟော်ကျင့် ကိုယ့်အတွေးနဲ့ကိုယ် အံ့အားသင့်ပြီး ခန္တာကိုယ်က ဇောချွေးတောင် ပြန်လာခဲ့တယ်..။ သူနဲ့ အကြင်နာမဲ့မီးတောက်က ဂိမ်းထဲမှာ အမည်ခံလက်ထပ်ထားရုံပဲရှိတာ။ ( tasksတွေကို အနိုင်ရအောင် ဆောင်ရွက်နိုင်ရုံသာ..)။ သူတို့ တစ်ခါမှ မတွေ့ဖူးခဲ့ကြတာကြောင့် လုံးဝကို သူစိမ်းတွေသာ ဖြစ်တယ်။ ဒီလူက ငါ့ကို တကယ်ပဲ ရှစ်နှစ်ကြီးတောင် ဒီgameထဲမှာ စောင့်နေခဲ့တာလား..။ အဲလိုစောင့်နေခဲ့လို့ သူက ငါ့ကို မကွာရှင်းခဲ့တာလား..။

တခြားသာမာန်လူတစ်ယောက်ယောက်ဆီမှာသာ ဒီလိုကိစ္စမျိုးဖြစ်လာခဲ့ရင်.. 'အဲ့ဒီလူ ပုံမှန်ရော ဟုတ်ရဲ့လား'.. ဒါမှမဟုတ်.. 'အဲ့လူ လာနောက်နေတာလား'လို့ စဉ်းစားမယ့်အစား.. ဘယ်သူမှ စိတ်လှုပ်မရှားပဲ နေမှာမဟုတ်ဘူး..။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now