053

4.4K 844 26
                                    


053. အခြေအမြစ်မရှိတဲ့ သတင်းအမှား

ဒီလို တာဝန်မျိုးနဲ့ ကြုံလာရင် ... အရင်ကလို မီးတောက်ကပဲ ဟော်ကျင့်ကို ဆွဲပြီး တန်းနမ်းလိုက်တဲ့သူ ဖြစ်လိမ့်မယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီ့လို ဖြစ်မဲ့အစား ... ဒီလို အနေရခက်တဲ့ အခြေအနေမျိုးမှာ သူက ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ တုံ့ပြန်လိုက်ပြီး ဒီလိုမေးခွန်းမျိုးကို ထုတ်မေးခဲ့တယ်။ ဒါက ဟော်ကျင့်ကို အတွေး၀င်္ကဘာထဲကို တိုက်ရိုက် ကျဆင်းသွားစေပြီး စိတ်သောကရောက်စေခဲ့တယ်။

"ကို မင်းဆီကို ထပ်ပြီး ပစ်ဝင်လိုက်ရင် မင်းလန့်သွားမှာစိုးလို့ပါ။ ဒါ့ကြောင့် ဒီတစ်ခါတော့ မင်းဘက်က စလိုက်ပါ " မီတောက် ညှာတာတဲ့ပုံဖမ်းလိုက်ပြီးတော့ ဆောင့်ကြောင့် ထိုင်ချလိုက်တယ်။ အောင်ပွဲခံတဲ့ဟန်နဲ့ သူ့မေးစေ့ကို ဟော်ကျင့်ဆီကို ထိုးပေးလိုက်ပြီး သူ့ဆီ ရောက်အောင် ရွေ့ပေးလိုက်လေတယ်။

ဟော်ကျင့် : "..."

အဲဒီ့အချိန်မှာ ဟော်ကျင့် နားလည်လိုက်တယ်။ ဘယ်လိုအပြစ်တင်စိတ်၊ ဘယ်လိုစိတ်ထိခိုက်ရတာဖြစ်ဖြစ် ... အဲဒီ့ခံစားချက် အားလုံးက တိမ်တိုက်တွေထဲ အကုန်ရောက်သွားခဲ့ပြီဆိုတာ ... ဂိမ်းထဲမှာ မီးတောက်နဲ့ စုံတွဲတာဝန်တွေ လုပ်ရတာက သူ့ဘ၀မှာ ကို့ရို့ကားရားနိုင်လွန်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။

-အထူးသဖြင့် ဒီ holographic ထွက်ပြီးနောက်ပိုင်းပေါ့။ ဒီအရာက သူ့ရဲ့လောကအမြင်နဲ့ ဂုဏ်သိက္ခာတွေကို ဖျက်ဆီးသွားစေဖို အမြန်ဆုံးနည်းလမ်း ဖြစ်နေခဲ့တာပဲ။

ဟော်ကျင့် မီးတောက်ရဲ့ ဟန်လုပ်အပြုံးကို မြင်ပြီး မသက်မသာ ခံစားလာခဲ့ရတယ်။ သူလည်း ယောကျ်ားလေးတစ်ယောက် ဖြစ်နေရဲ့နဲ့ ... ဘာလို့ အခြားယောကျ်ားတစ်ယောက်ရဲ့ စနောက်ခြင်းခံနေရတဲ့ မိန်းမငယ်လေးလို ပြုမူနေမိပါလိမ့်?

ဘယ်လိုဖြစ်ဖြစ် ... မီးတောက်က သူ ဘယ်သူဆိုတာကို သိမှာမဟုတ်ဘူး။ သူ သားရဲစီးနေတဲ့အချိန်မှာ အဲဒီ့လူကို ဖက်ထားရတယ်။ အဲဒီ့သူကို ယောကျာ်းလို့ ခေါ်ရတယ်။ အနမ်းလေးတစ်ပွင့်ပဲကို ဘာလို့ထပ်မပေးနိုင်ရမှာလဲနော့။ သူ အဲဒီလို တွေးလိုက်ပြီးတော့ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now