048

3.5K 788 20
                                    

048. Hidden Homosexuality

ကံကောင်းဘုံ တေးဂီတစင်မြင့်ကနေ ထွက်လိုက်ပြီးတော့.. သူတို့နှစ်ယောက် အဝတ်အစားဆိုင်ကို သွားခဲ့ကြတယ်။ နောက်ဆုံးတော့ မီးတောက်လည်း ဂိမ်းကုမ္ဗဏီက ခိုးယူထားတဲ့ဒီဇိုင်းဖြစ်တဲ့ သူ့အဝတ်အစားကို လဲခဲ့ပြီ။ သူက ရွှေရောင် မီးတောက်ပုံစံကို အနက်ရောင်အခံနဲ့ဝတ်ရုံကို ဝတ်ဆင်ပြီး သူ့ရဲ့အနက်ရောင်အပေါ်လွှာကို ခြုံလွှမ်းထားခဲ့တယ်။

ဦးခေါင်းကနေ ခြေဖျားအထိ အနက်ရောင်တွေဖုံးလွှမ်းထားပြီး မီးတောက်ပုံစံက အရင်ကထက်တောင် ပိုပြီး နက်မှောင်နေခဲ့တယ်။ ဒါက သူ့ရဲ့ ပထမထိပ်တန်း Demon Playerဆိုတဲ့ ဘွဲ့တံဆပ်နဲ့ လိုက်ဖက်ညီနေခဲ့တယ်.. ဒါပေမဲ့..

"မင်း အကြိုက်ဆုံးအရောင်က အပြာရောင်မဟုတ်ဘူးလား? မင်း ဘာလို့ အမြဲတမ်း အနီနဲ့အနက်ရောင်အဝတ်အစားတွေပဲ ဝတ်တာလဲ?" ဒီလိုမေးမြန်းလိုက်ပြီးတော့မှ .. ဟော်ကျင့် ရုတ်တရက် ခန်းဆောင်ကိုး အရှင်ကို တွေးမိသွားတယ်။ သူအရင်က တွေ့ခဲ့ဖူးသမျှမှာ အဲဒီ့လူက မတူညီတဲ့အရောင်နဲ့အသတ်အစားတွေကို ဝတ်ဆင်ထားလေ့ရှိတယ်– တစ်ကြိမ်ဆိုရင် အပြာနုရောင်လေးဖြစ်ပြီး.. နောက်တစ်ခါတွေ့တော့ ဝင့်ကြွားတဲ့ပုံပေါက်တဲ့ခရမ်းရောင်ကို ဝတ်ဆင်ထားခဲ့တယ်... ဒါလိုဆိုတော့ ဟော်ကျင့်က မီးတောက် အနီနဲ့အနက်တွဲဝတ်တာကို ပုံမှန်လိုခံစားရပြီး သူနဲ့လိုက်တယ်လို့ ထင်သွားပြန်တယ်။

ဒါပေမဲ့.. မကြာခင်မှာ မီးတောက်က သူ့ရဲ့တကယ့်အကြောင်းပြချက်ကို ရှင်းပြပေးခဲ့တယ် : "ကိုက နဂိုတည်းက မျက်စိထဲမှာ ထင်းနေပြီးသားလေ။ နိမ့်ချပြီးသားဖြစ်အောင် မပေါ်လွင်တဲ့အရောင်တွေကို ဝတ်ဖို့လိုတယ်လေ။ ဒီလိုရည်ရွယ်ချက်မျိုးအတွက်ဆိုရင် အနက်ရောင်က အရမ်းကောင်းတယ်လေ.."

ဒီလိုစကားမျိုးကိုကြားပြီး ဒီ 'မြင့်မြတ်လှတဲ့နတ်ဘုရား'မှာ အရှက်တရားမရှိဘူးဆိုတာ သိနိုင်တယ်... မင်းကိုယ်မင်း နိမ့်နိမ့်ချချရှိချင်တယ်ဆိုရင် မီးခိုးရောင်ကျင့်ကြံခြင်းဝတ်စုံလိုမျိုးက ပိုပြီးမသင့်တော်ဘူးလား? ငါ့လိုမျိုးလေ (=_=)

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now