051

3.9K 773 24
                                    


051. နှင်းဆီပန်းများရဲ့ တဖန် ပြန်လည် ပေါ်လာမှု

အားကျင့်နဲ့ PKကစားတဲ့အခါမှာလည်း မီးတောက်က အရင်လို အနိုင်ကျင့်မြဲ ဖြစ်နေခဲ့တယ်။ ဟော်ကျင့်က သူ့ရဲ့ စွမ်းရည်နှစ်ခုဖြစ်တဲ့ "Melting Meng" (ချစ်စရာကောင်းအောင် လုပ်ပြတာ)နဲ့ ချက်ချင်း လှုပ်ရှားနိုင်တဲ့ ရွေ့လျားမှုတွေကို ထပ်ခါခါ အသုံးချတာတောင်မှ သူ့အတွက် သေခြင်းတရားကနေ လွတ်မြောက်ဖို့ ခက်ခဲနေတုန်း ဖြစ်နေခဲ့တယ်။

သူ အကြိမ်များစွာ ဖျက်စီးခံနေရပြီး အဆုံးသတ်မှာတော့ မြွေပါလေး အားကျင့်က အင်အားမဲ့စွာနဲ့ မီးတောက်ရဲ့လက်ထဲမှာ လဲလျောင်းနေရရှာတယ်။ သူ့မှာ ကျိန်ဆဲဖို့ လက်ကျန်အားအင်တောင် မရှိရှာတော့ဘူး ...

"ဘာဖြစ်လို့လဲ" ဒီတစ်ကြိမ်မှာတော့ မီးတောက်က ထူးထူးခြားခြားကို ညင်သာနေခဲ့တယ်။ သူ့အပြုံးကလည်း တောက်ပလွန်းနေပေမဲ့ ဟော်ကျင့်မျက်စိထဲမှာတော့ သူ့ရဲ့အပြုံးက ခြိမ်းခြောက်တဲ့ အပြုံးလို မြင်နေရတယ်။ သူ့ရဲ့ရယ်သံတွေကလည်း မကောင်းဆိုးဝါးရဲ့ရယ်သံတွေလိုပဲ။ အာဏာရှင်တစ်ယောက်ရဲ့ ရယ်သံတွေလိုပေါ့။

သူ မီးတောက်နဲ့ ဟောင်တုံးရန်ရဲ့ PKတိုက်ပွဲကို မမြင်ဖူးခဲ့ရင် ဒီလို ခံစားရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကြားက ဒီလို မတူညီတဲ့ ဆက်ဆံမှုမျိုးကို မြင်ပြီးတဲ့ နောက်မှာတော့ သူ့နှလုံးသားက မွန်းကြပ်လာတာကို သိသိသာသာ ခံစားမိလာခဲ့တယ်။

"စိတ်ဓာတ်ကျပြန်ပြီလား" နောက်တော့ မီးတောက်က မြွေပါလေးရဲ့ နှာခေါင်းကို လှမ်းပြီး ဆွဲလိုက်တယ်။ ဟော်ကျင့်လည်း ရုတ်တရက် ကြောက်လန့်သွားပြီး အမှတ်တမဲ့ မီးတောက်ရဲ့လက်ချောင်းတွေကို ကိုက်ပစ်လိုက်မိခဲ့တယ်။

မီးတောက် : "..."

မီးတောက်က မရှောင်ဖယ်တဲ့အပြင် သူ့ကို ပြုံးတောင် ပြလိုက်သေးတယ်။ ဒါက holographic gameတစ်ခု ဖြစ်နေတာကြောင့် မြွေပါကိုက်တာက သွေးမထွက်ဘူးပေါ့။ နာကျင်မှုလည်း မရှိဘူး။ ဒီလို ကိုက်တာမျိုးလောက်က spiritual petတွေနဲ့ သူတို့ သခင်တွေကြားမှာ ကြင်နာရင်းနှီးမှုပြတဲ့ လက္ခဏာတစ်ခု ဖြစ်တာကြောင့် အန္တရာယ် မရှိဘူး ဖြစ်တယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now