026

4.6K 789 21
                                    



026 . Demonic Dungeon (2)


မီးတောက်က "follow"နှိပ်ထားတာကြောင့် ဟော်ကျင့်လည်း တချိန်လုံး သူ့နဂိုမူလပုံစံအတိုင်းပဲ ရှိနေလိုက်ပြီး ဘာမှလုပ်စရာကိုမလိုခဲ့ဘူး..။ ကုန်းမြေပေါ် သက်ဆင်းလိုက်တဲ့အခါ.. သူက မီးတောက်နောက် အလိုအလျောက် တန်းလန်းလိုက်သွားပြီး.. ပျံသန်းတဲ့အချိန်ကျရင်လည်း.. systemက တစ်ခါတည်း သူ့ကို မီးတောက်ရဲ့ လက်မောင်းကြား မူသေပုံစံနဲ့ ရောက်သွားနေကျ..။ ပြီးတော့.. သူ့မှာ ကြွက်ပျံလေးလို သူ့ပေါ်မှာ တွဲလောင်းလေး အဆုံးသတ်သွားနေကျ..။ဒါကြောင့်.. သူတို့ပျံသန်းနေတဲ့အချိန်ဆို.. ဟော်ကျင့်က dungeonရဲ့ နောက်ကြောင်းနဲ့ straight-A studentအကြောင်းကို ရှာဖွေနေလိုက်တယ်..။ အခု သူက သနားစရာကောင်းတဲ့ စပါးဖျက်ပိုးလေးလို ဖြစ်နေပင်မယ့်လည်း ရရှိလာတဲ့အခြေအနေမှာ အရာရာကို အသေးစိတ်နားလည်အောင် လုပ်တတ်တဲ့ အလေ့အကျင့်တစ်ခု ရလာခဲ့တယ်..။ (=_=)သူပြီးတဲ့အခါမှာ.. မီးတောက်က သူ့ကို Yan Mountainဆီကို ခေါ်လာခဲ့ပြီးပြီဆိုတာကို ဟော်ကျင့်တွေ့လိုက်ရတယ်..။သူ group chatကို တစ်ချက်ကြည့်လိုက်တော့.. messagesအသစ်တွေ အများကြီးကို တွေ့လိုက်ရတယ်-〖 Team〗 – Wild Crane丶: "ကိုကို.. Spirit petဖြစ်တာက မိုက်တယ်..။ ကိုယ်တိုင်လည်း ပျံစရာမလိုဘူး.. ဒီအတိုင်း သခင်ရဲ့ကိုယ်ပေါ်မှာ ကပ်လိုက်ရုံပဲ"〖 Team〗 – Leisure Cloud丶: " spirit petအဖြစ် မင်းက ကစားချင်လို့လား? အဲဒါဆို ငါမင်းကို မွေးမယ်လေ.."〖 Team〗 – Wild Crane丶: "အဲဒါ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..။ ငါ နောက်ထပ် အရံအကောင့်တစ်ခု နောက်မှ ထပ်ဖွင့်မှပဲ.."〖 Team〗 – Leisure Cloud丶: "အိုခေ.."〖 Team〗 – Nine Hall His Highness: "ဟယ်လို.. ကျေဇူးပြုပြီး မင်းတို့နှစ်ယောက် ဂိမ်းကို အာရုံစိုက်ပေးကြပါ! -_-#"ဟော်ကျင့်: "..."ဟော်ကျင့်က အဖွဲ့ဆီကို စာတစ်စောင်ပို့လိုက်တယ် -"ဟယ်လို.. အားလုံးပဲ.. .. ငါက ရှောင်းရှီရန်ကျင့်ပါ"ပြီးတော့.. သီးသန့်chatကနေပြီးမှ မီးတောက်ဆီကို: "Wild Craneနဲ့ Leisure Cloudက ညီအစ်ကိုတွေလား?"〖 Private Chat Fire Ruthless〗: "ကိုယ်တော့ မထင်ဘူး..။ သူတို့ ဒီအတိုင်း အမှတ်မထင် လျှောက်ခေါ်ကြတာဖြစ်မယ်.."ထိုအချိန်မှာ.. team chatက သက်ဝင်လှုပ်ရှားနေခဲ့တယ်..။〖 Team〗 – Dead Water: "ရို့.. ဇနီးသည်လေးက နောက်ဆုံးတော့ စကားပြောလာခဲ့ပြီ.."〖 Team〗 – Nine Hall His Highness: "ဟဟ..ခယ်မလေးရှောင်းပိုင်.. မင်း ကိုယ့်သူကိုယ် မိတ်ဆက်ချင်လား?"ဟော်ကျင့် အနေခက်သွားပြီး.. သူ့ကိုသူ ဘယ်လို မိတ်ဆက်ရမလဲတောင် မသိတော့ဘူး။ သူတွေးနေတုန်းပဲ မီးတောက်က သူ့ဆီ စာပို့လာခဲ့တယ် – "မင်း စကားမပြောချင်ရင်.. မပြောလည်းရတယ်..။ ကိုယ် သူ့တို့ကို ကြည့်ပြောလို့ရတယ်"〖 Team〗 – အကြင်နာကင်းမဲ့မီးတောက်: "အတင်းပြောမနေကြနဲ့..။ ငါ့ဇနီးလေး ရှက်နေပြီ..။ သူမက ပဟေဠိဆန်ဆန်ပဲ ရှိနေချင်တယ်..."အဲဒီ့စာကြောင်းတွေကို ကြည့်ပြီး.. ဟော်ကျင့် ရုတ်တရက် ခံစားသွားရတယ်..။ သူ့လက်တွေကို ကီးဘုတ်ပေါ်တင်လိုက်ပြီး စကားလုံးအနည်းငယ်လောက် ရိုက်လိုက်တယ်။〖 Team〗 – ရှောင်းရှီရန်ကျင့်: "ငါက အကြင်နာကင်းမဲ့မီးတောက်ရဲ့ဇနီးပါ..။ ပြီးတော့ တက္ကသိုလ်တက်တုန်းပဲ..။ ကျေးဇူးပြုပြီး အားလုံး ငါ့ကို ဂရုစိုက်ပေးပါဦး.."ဟော်ကျင့်ရဲ့ လက်ချောင်းတွေက "ဇနီး"ဆိုတဲ့ စကားလုံးကို ရိုက်လိုက်တဲ့အချိန် အနည်းငယ် တုန်ရီနေခဲ့တယ်..။ ဒါက သူ့ရဲ့ရိုးသားမှု သိက္ခာတွေ အကုန် နောက်တစ်ကြိမ်ထပ်ပြီး မြေပြင်ပေါ် ကျသွားသလို ခံစားရတယ် ...တကယ်တော့.. ဂိမ်းထဲမှာ ကိုယ်ရေးအချက်အလက်တွေကို အများကြီး ပြောပြစရာမလိုပါဘူး..။ ဒါပင်မယ့်.. proဆန်ဆန် အချက်သေးသေးလေးအချို့ကို.. ဒါမှမဟုတ် ကိုယ်ဘယ်မှာနေတယ်..ဆိုတဲ့ အချက်လေးတွေကပဲ မင်းနဲ့ ခင်မင်ချင်တဲ့ သူတွေကို ရင်နှီးမှု နက်ရှိုင်းလာစေတာ..။သူ့ကိုယ်သူ မိတ်ဆက်တာကို ကြည့်ပြီး.. ကျန်တဲ့အဖွဲ့သားတွေကပါ လိုက်လျောညီထွေပြောလာကြတယ်..။စိတ်အားထက်သန်လှတဲ့ Nine Hall His Highnessက အရင်: "ကိုယ်လည်း ခုထိ တက္ကသိုလ်တက်တုန်းပဲ..။ ကိုယ့်ကို Your Highnessလို့ပဲ ခေါ်ပါ~o (n_n) o~"〖 Team〗 – Dead Water: "Nine ~ သတိထား..။ မင်းရဲ့ချစ်စရာခယ်မလေး အပေါ် အပိုတွေ သိပ်မလုပ်နဲ့..။ ဒါက အကြင်နာမဲ့ရဲ့ဇနီးနော်.. တခြား မသိတဲ့သာမန်လူတစ်ယောက်ရဲ့ ဇနီးမဟုတ်ဘူး..။ သေချင်မနေနဲ့.. ဟမ်.."〖 Team〗 – Nine Hall Hiss Highness: "..."〖 Team〗 – Wild Crane丶: "အားကျင့်.. ဟယ်လို.. ကိုယ်က Wild Craneပါ..။ Leisure Cloudက ကိုယ့်ညီပါ.. ကိုယ်တို့တွေ အလုပ်လုပ်နေကြပြီ။"〖 Team〗 – Leisure Cloud丶: "ဟယ်လို :)"〖 Team〗 – Dead Water: "အားကျင့်.. ကိုယ်က မင်းယောင်္ကျားရဲ့official BLCPပါ"〖 Team〗 – အကြင်နာကင်းမဲ့မီးတောက်: "( ̄_ ̄| | |)... "〖 Team〗 – ရှောင်းရှီရန်ကျင့်: " BLCPက ဘာလဲ?"〖 Team〗 – Wild Crane丶: "ဟဟ..ဟားဟားဟား ဟားဟား ဟား ဟား!"〖 Team〗 – Leisure Cloud丶: "Boys Love Couple Pairingပေါ့.. ယောကျာၤးနှစ်ယောက်ကြားက ယှဉ်တွဲမှု"ဟော်ကျင့်: "..."ကျန်တဲ့အဖွဲ့သား အားလုံးက ( မီးတောက်ကလွဲလို့) ရယ်မောလိုက်ကြတယ်..။ ဟော်ကျင့်တောင်မှပဲ အနည်းငယ်ပြုံးမိသွားသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီလူတွေအပေါ်မှာ အကြွေးတင်နေသလို ခံစားနေရတာ.. ဘာ့ကြောင့်ဆို.. သူတို့တေက ဒီနှစ်တွေမှာ မီးတောက်ကို အဖော်ပြုပေးတဲ့သူတွေမို့လို့လေ..။Blazing Prisonရဲ့ မှောင်မဲနေတဲ့ လှိုဏ်ခေါင်းထဲကို သူတို့ ဝင်လာခဲ့ကြတယ်..။ သူတို့ ဝင်လာလေလေ.. လှိုဏ်ခေါင်နံရံရဲ့ အလင်းရောင်က ပိုတောက်ပ လာလေလေဖြစ်လာတယ်..။ လမ်းတစ်လျှောက် ကျောက်စရစ်ခဲတွေက အနီရောင်ကင်းခြေများတွေ တွားသွားနေသလို ရဲရဲ တောက်လျက် လောင်ကျွမ်းနေကြတယ်..။ ပတ်ပတ်လည်မှာလည်း အမည်မသိ အပြာရောင်ပိုးကောင်တွေပ ပျံသန်းနေကြတယ်..။ ဂိမ်းရဲ့ နောက်ခံအသံနဲ့ ဒီမြင်ကွင်းကို ပေါင်းစပ်လိုက်တဲ့အခါမှာ.. ရင်ထိတ်ထိတ်ဖြစ်လာစေတယ်..။〖 Team〗 – Wild Crane丶: "ပြောဦးမယ်.. holographic versionမှာလည်း ဒီလို ကင်းခြေများတွေ ရှိဦးမယ်လို့ မင်းတို့ထင်လား?"〖 Team〗 – Leisure Cloud丶: "ပါမယ်ထင်တာပဲ"〖 Team〗 – Wild Crane丶: "မဖြစ်ဘူး! ဒါဆို ဘယ်သူက ဒီထဲကို လာရဲတော့မလဲ? ကြောက်စရာကြီးကို!"〖 Team〗 – Dead Water: "ပိုးကောင်တွေက ကြောက်ဖို့ကောင်းတယ်လို့ ငါတော့မထင်ဘူး..။ ငါတော့ အပူချိန်ကို ပိုကြောက်တယ်.. ဒီမှာ မီးတွေနဲ့ ပြည့်နေတာကြောင့် ပိုပူနေလိမ့်မယ်.."〖 Team〗 – Nine Hall His Highness: "Noooo.. ငါ အပူကြောက်တယ်လို့.."〖 Team〗 – Dead Water: "မင်း လိုင်းပေါ်မတက်ခင် အဝတ်နည်းနည်းပဲ ဝတ်ခဲ့ပေါ့.."〖 Team〗 – Nine Hall His Highness: "အဲလိုဆို အကူအညီဖြစ်မှာလား?"〖 Team〗 – Leisure Cloud丶:"အဲဒါက အချည်းအနှီးပါပဲ.. holographic versionနောက်ကွယ်ပ စည်းမျဉ်းတွေကို ငါတွေ့ပြီးပြီ..။ systemက ငါ့တို့ ဦးနှောက်ရဲ့ အာရုံခံတဲ့နေရာတွေကို helmetကနေတဆင့် လှုံ့ဆော်ပေးလိမ့်မယ်လို့ ပြောတယ်..။ စိတ်မွေ့ကျသလိုမျိုးပေါ့..။ အဲဒါကြောင့်မို့လို့ မင်း ကိုယ်လုံးတီးနဲ့ ကစားရင်တောင် ပူတာကို ခံစားမိနေမှာပဲ.."〖 Team〗 – Nine Hall His Highness: "..."စကားပြောနေရင်းနဲ့.. အဖွဲ့က dungeonရဲ့ ပထမဖြတ်မှန်နေရာကို ရောက်လာခဲ့တယ်။ Yan Mountainရဲ့ Blazing Prisonက dungeonတွေထဲက ခက်တဲ့တစ်ခုလို့ ပြောပင်မယ့်လည်း .. serverရဲ့ ထိပ်သီးဆရာငါးယောက်နဲ့ဆိုရင်တော့ ဒီနေရာကို ဖြတ်သွားရတာက အချိန်ပေးရမယ့် ကိစ္စတစ်ခုပဲရှိတယ်..။ ဒါ့ကြောင့်.. သူတို့ကြားက လေထုက လမ်းတစ်လျှောက် စကားပြောလိုက် ရယ်မောလိုက်နဲ့ တကယ့်ကို ပေါ့ပေါ့ပါးပါးသက်တောင့်သက်သာပဲ..။Dead Waterက ဟော်ကျင့်ရဲ့levelကို ကြည့်လိုက်ပြီး အဖွဲ့ထဲကို စကားပြောလိုက်တယ်: "သူမရဲ့ သွေးပမာဏက အရမ်းနည်းတယ်.. အဲဒါတောင် မင်းက ဒီလို ခက်တဲ့dungeonလိုနေရာမျိုးကို ခေါ်လာရဲတယ်ပေါ့? သူမ လွယ်လွယ်နဲ့ သေသွားလိမ့်မယ်ဟ..."ဟော်ကျင့်က အခု level seven Spiritual Petဖြစ်တာကြောင့် အခြားလိုဆို 70နဲ့ ညီမျှတယ်..။ level 90 dungeonကို သွားဖို့ကျ သူ့အတွက် ဒါဟာ တကယ့်ကို သေကြောင်းကြံတာပဲ..။အကြင်နာကင်းမဲ့မီးတောက်: "ရတယ်.. သူမကို ပျော်စေရအောင်.."Everyone: "..." ဘာ..အပျော်? သေတာကို ပျော်ခိုင်းမလို့လား? Orz...〖 Team〗 – Leisure Cloud丶: "ငါ နည်းနည်းတော့ စိုးရိမ်တယ်"ဒီအဓိက ပြိုင်နည်းသုံးခုအရ.. ပြိုင်နည်းတစ်ခုချင်းစီမှာ သူ့ကိုယ်ပိုင် ကစားနည်းကစားပုံတွေရှိတယ်..။ ဟော်ကျင့်ရဲ့ Spiritual petလို တချို့ကစားနည်းတွေက မတူညီဘူး..။ ဒါပင်မယ့် wizards, archers, sword masters, healers..စသဖြင့် .. အဲလိုဟာမျိုးတွေကတော့ တူတာတွေများပါတယ်..။ဟော်ကျင့်မှာ Spirit Fairyတုန်းက ကစားနည်းတွေမနဲ့ ပက်သတ်တဲ့ မှတ်ဉာဏ်တွေ ရှိသေးတယ်။ ဂိမ်းက အများကြီး ပြောင်းလဲသွားခဲ့တယ်ဆိုပင်မယ့်လည်း.. အဓိက ပုံစံတွေကတော့ ဒီအတိုင်းရှိတုန်းပါပဲ..။ ဥပမာအနေနဲ့.. Nine Hall His Highnessက သူရဲ့ နောက်ကျောက လေးနဲ့မြှားကြောင့် archerတစ်ယောက်ဆိုတာ အလွယ်တကူ မှန်းဆနိုင်သလိုပေါ့..။ ဒါပင်မယ့်.. သူ့ရဲ့အခြားအဖွဲ့ဝင်တွေကိုတော့ မြင်တွေ့နိုင်ဖို့တော့ သိပ်မထင်ရှားလှဘူး..။ ဟော်ကျင့်က သူတိူ့ရဲ့ skillကို အခြေခံပြီး ရမ်းမှန်းဆလိုက်ခြင်းသာ ဖြစ်တယ်..။ ထိုအချိန်မှာ.. မီးတောက်က ရုတ်တရက် သူ့ကို သီးသန့်စာပို့လာခဲ့တယ် : "အခုကစပြီး ကိုယ့်ဖာသာကိုယ် ပုန်းနေနော်..။ Leisure Cloudက healer.. သူက မင်းရဲ့ သွေးနဲ့ ပက်သတ်ပြီး ဂရုစိုက်ပေးလိုက့်မယ်"ဟော်ကျင့် ပြန်ပြောလိုက်တယ်: "Okay."သူတို့ရဲ့ ပထမဆုံးရန်သူက အဖွဲ့တွေထဲမှာ တိုက်လေ့ရှိတဲ့ မီးသုံးတဲ့ပိုးကောင်လို "Night Bamboo"ဆိုတဲ့ အကောင်ဖြစ်တယ်။ Nine Hall His Highnessက သူ့ရဲ့ လေးနဲ့မြှားကို ထုတ်လိုက်တဲ့အချိန် မီးတောက်က combat modeကို ပြောင်းလိုက်တယ်; ဟော်ကျင့်ကတော့ သူ့ရဲ့ "follow"အခြေအနေကနေ အတင်းပြုတ်သွားတော့တာပေါ့..။သူက အလျင်အမြန်ပဲ သုတ်သုတ်ပြာပြာနဲ့ပြေးလိုက်ပြီး.. ပုန်းဖို့ လုံခြုံတဲ့နေရာတစ်ခုကို ရှာလိုက်တယ်..။ ဒါပင်မယ့်.. ခြေလှမ်းအနည်းငယ်လှမ်းရုံရှိသေးတယ်.. Night Bambooက ရုတ်တရက် သူ့ရှေ့မှာ ပေါ်လာခဲ့တယ်..။ ထိုသတ္တဝါကို မျက်နှာချင်းဆိုင်မိတော့.. ဟော်ကျင့်ရဲ့ မြွေပါပုံ ဇာတ်ကောင်လေးက အားအပြည့်နဲ့ရိုက်ချက်ကို မထိခင် "ငြီးတွားသံလေး" ထွက်ပေါ်လာခဲ့တယ်.. ။ သူ့ခန္ဓာကိုယ်က အဝေးကို လွှင့်ပျံသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးတွေအပြည့်နဲ့ နောက်ဆုံးမှာ မြေပြင်ပေါ်ကို ပြုတ်ချသွားခဲ့တယ်..။〖 Team〗: ကစားသမား ရှောင်းရှီရန်ကျင့် သေဆုံးသွားပါပြီ။〖 Team〗 – Dead Water: "..."〖 Team〗 – Nine Hall His Highness: "..."〖 Team〗 – Wild Crane丶: "..."〖 Team〗 – Leisure Cloud丶: "ဆောရီး.. ကိုယ် အရမ်းနောက်ကျသွားတယ်။"〖 Team〗 – ရှောင်းရှီရန်ကျင့်: "ငါကမှ ဆောရီးပြောသင့်တဲ့သူပါ..."တခဏအတွင်းမှာ.. အကြင်နာကင်းမဲ့မီးတောက်က အားကျင့်ကို အသက်ပြန်သွင်းပေးခဲ့ပြီးပြီ။ သူက Leisure Cloudကို ပြောလိုက်တယ်: "ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့..။ မင်း သူမသွေးကို ပြန်ဖြည့်ဖို့ အချိန်မရခင်တည်းက အားကျင့်က သေသွားပြီ။ စိတ်မပူနဲ့။ သူမသေရင် ငါအသက်ပြန်သွင်းပေးမယ်"〖 Team〗 – Wild Crane丶: "ဟုတ်သား.. မင်းတို့နှစ်ယောက်က ဇနီးမောင်နှံပဲကို.. တစ်ယောက်နဲ့တစ်ယောက် ပြန်ရှင်အောင်လုပ်လို့ရတယ်..."〖 Team〗 – Nine Hall His Highness: "ငါလည်း လက်ထပ်ချင်လိုက်တာ ... TAT"ဂိမ်းက ဆက်သွားနေပြီး.. ကံကောင်းစွာနဲ့ Night Bamboosကို ကျန်တဲ့ အဖွဲ့သားတွေက ဆွဲဆောင်နိုင်သွားခဲ့ကာ ဟော်ကျင့်မှာ သူ့အသက်ပြန်သွင်းပြီးနောက်မှာတော့ သူက အတော်လေး လုံခြုံသွားခဲ့တယ်..။ သူ့အဖွဲ့သားတွေရဲ့ ကစားနည်းတွေကို လေ့လာဖို့ ကြိုးစားရင် သူ့တို့ရဲ့ skillတွေကို လိုက်မှတ်သားနေချိန်မှာ သူက ထိုနေရာတစ်လျှောက် သတိကြီးစွားနဲ့ နင်းလျှောက်နေရတယ်..။Leisure Cloudက healerဖြစ်တာကြောင့်.. သူက ပစ္စည်းတွေနဲ့ အပြာရောင် နဂါးသဏ္ဍာန်ဝတ်ရုံကို ဝတ်ဆင်ထားတယ်..။ Wild Craneက Sword Masterဖြစ်ပြီး သူက အပြာရောင် အကွက်တွေနဲ့ အဖြူရောင်စွန်းထင်းနေတဲ့ အပြင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ရဲစွမ်းသတ္တိအပြည့်နဲ့ ကြည့်ကောင်းလျက်ရှိတယ်..; Dead Waterကတော့ long-range attacksကို အဓိက သုံးပြီး ဟော်ကျင့်ကတော့ တခါတရံ သူ "သီချင်းဆို"နေတာကို တွေ့ရတယ်..။ သူဆိုလိုက်တိုင်း မြေပြင်ပေါ်မှာ မှော်စက်ဝန်းနဲ့ ထောင်ချောက်တွေ ပေါ်ပေါ်လာတယ်..။ သူက ခေါက်ယပ်တောင်လေးကို လက်နက်အဖြစ် အသုံးပြုတာဖြစ်သော်လည်း .. ဟော်ကျင့်ကတော့ အဲဒါကို ဘယ်လိုသုံးရတာလဲဆိုတာ သေချာမသိဘူး..။ထူးဆန်းဆုံးတစ်ခုက မီးတောက်..။ ဟော်ကျင့် သူကစားတဲ့ဟန်ကို လုံး၀ အဖြေရှာလို့ မရဘူး..။ သူက ဓားကိုလည်းး သုံးတယ်.. သူ့ပုံစံက Wild Craneလို Sword Masterဖြစ်သင့်တာ..။ ဒါပင်မယ့် သူက သူ့ဓားကို တစ်ချိန်လုံး မသုံးဘူး။ အဲဒီ့အစား တိုက်ရိုက်ဖြစ်တဲ့ မှော်တိုက်ကွက်ကိုသာ သုံးလေ့ရှိတယ်..။ အကြင်နာကင်းမဲ့မီးတောက်ရဲ့ skillနဲ့ ပက်သတ်ပြီး ဟော်ကျင့် သေချာပြောနိုင်တာကတော့ သူက များသောအားဖြင့် မီးကို အသုံးပြုတယ်ဆိုတာပဲ..။ Yan Mountainမှာ မီးကို အသုံးပြုတဲ့ ကစားသမားတွေအတွက် ဆိုးကျိုးတွေရှိတယ်..။ ဘာကြောင့်လဲဆိုရင် မကောင်းဆိုးဝါးအများစုက မီးကို ခံနိုင်ရည်အားရှိလို့ပဲ..။ အင်း.. ဒါက သာမာန်ဇာတ်ကြောင်းလို့ပဲ ပြောရမယ်.. ဒါပင်မယ့် ပြောချင်တဲ့ အဓိက အချက်က.. အကြင်နာကင်းမဲ့မီးတောက်ရဲ့ သတ်ဖြတ်တဲ့နှုန်းက Wild Craneထက် ပိုမြန်နေတာပဲ..။ ဒါကလဲ.. မကောင်းဆိုးဝါးတွေရဲ့ မီးကို ခံနိုင်ရည်စွမ်းက မသုံးမဝင်နိုင်လောက်အောင်ကို အကြင်နာကင်းမဲ့မီးတောက်ရဲ့ အင်းအားက ကြီးမားလို့ဖြစ်တယ်လို့ ဆိုရမလား?ပထမဖြတ်မှတ်မှာ.. ဟော်ကျင့် တစ်ခါသေခဲ့တာကလွဲရင်.. ကျန်တာတွေက လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ပဲ..။ ဒုတိယနေရာကိုရောက်တော့.. သူတို့ "Witch Snake Monster "ကို သတ်ရမှာ ဖြစ်ပြီး ဟော်ကျင့်က နှစ်ကြိမ် သေခဲ့တယ်..။ တတိယဖြတ်မှတ်မှာ.. သူတို့ ပျံနေတဲ့ သွေးအေးသတ္တဝါတွေကို သတ်ပြီးတဲ့နောက်မှာ ထိုသတ္တဝါတွေက သရဲတစ္ဇေတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ အဲဒီ့သရဲတွေက သူတို့ထဲမှာ ဟော်ကျင့်က အားအနည်းဆိုတာကို သိပုံရကာ.. သူ့ကိုပဲ သတ်ဖို့ အတင်းသာ ပြေးလာကြတော့တယ်!ဒီနေရာကစပြီး.. ဟော်ကျင့်ခဗျာ သေတာ မရပ်တော့ဘူး.. သူလေးမှာ ထပ်ခါ ထပ်ခါသာ သေဆုံးနေရတော့တယ်...အဲဒါကို မြင်ပြီး.. Wild Craneက နောက်ဆုံးမှာ သည်းမခံနိုင်တော့ပဲ ပြောလိုက်တော့တယ်: "ဂီးးး.. အကြင်နာမဲ့.. မင်းမိန်းမ အရမ်းသနားဖို့ကောင်းနေပြီ..။ သူမ levelမြင့်မှ မင်းဒီကို ခေါ်လာသင့်တာကို..."အဖွဲ့ရဲ့healerတစ်ယောက်အနေနဲ့.. Leisure Cloudမှာလည်း အနည်းငယ် စိတ်မကောင်းသလို ခံစားနေရပြီး..: "အားး.. ငါတောင်းပန်ပါတယ်.."His highness: "ငါ ဒုတိယ ဖြတ်မှတ်နေရာထဲက ရှောင်းပိုင်ကို ကြည့်နေခဲ့တာ.. ဒီနေရာရဲ့ အခက်အခဲတွေက သူမအတွက် အရမ်းကို ကြမ်းတမ်းလွန်းတယ်..။ ဒီမှာ သူမအတွက် ပုန်းစရာနေရာ မရှိဘူး.. သနားစရာ ရှောင်းပိုင်လေး ~"Dead Waterက သူ့ကိ မာန်ဖို့ ထပ်ပေါင်းလိုက်တယ်: "တခြားလူတွေတောင် စိတ်မကောင်းဖြစ်နေရတာကို.. သူ့ရဲ့ ခင်ပွန်းယောင်္ကျားတစ်ယောက်ဖြစ်တဲ့ မင်းက ဘယ်လိုတောင် ဘာမှ မခံစားရတာလဲ.. မကောင်းတဲ့ ရက်စက်သူကြီး!"နောက်ထပ်တစ်ကြိမ်.. အကြင်နာကင်းမဲ့မီးတောက်က သူတို့ကို လျစ်လျူရှုလိုက်ပြီး ဟော်ကျင့်ကို မေးလိုက်တယ်: "ကျင့်အာ2.. မင်းတောင့်ခံထားနိုင်လား.. မရလည်း ကိုယ်တို့ အခုရပ်လိုက်လို့ရတယ်.." မီးတောက်က သူ့ကို "ကျင့်အာ"လို့ ခေါ်တာကြားပြီး.. ဟော်ကျင့် သူ့ထိုင်နေတဲ့ ခုံပေါ်က ပြုတ်တောင်ကျတော့မလိုပဲ!Nine Hall His Highness: "အာ.. အကြင်နာမဲ့.. မင်းအသံကို အရမ်းကို ချိုမြိန်လွန်းနေတာပဲ။ ဒီကနေ ငါတောင် လုံး၀ ပျော့ကျသွားတာပဲ..." (ဟော်ကျင့်: +1)〖 Team〗 – ရှောင်းရှီရန်ကျင့်: "အဆင်ပြေတယ်.. ဆက်ဆော့မယ်..။ ငါကြောင့် အနှောင့်အယှက် မဖြစ်ချင်ဘူး.."သူသေဆုံးတာတွေနဲ့ ပက်သတ်ပြီး သူနည်းနည်း စိတ်ဖိစီးမိပင်မယ့်လည်း.. သူ သူ့အသင်းသားတွေကို ရှုံးသွားစေခဲ့မယ်ဆို.. သူ ပိုပြီး အရှက်ရမိမှာပဲ..။သူ စာပို့လိုက်ပြီး မကြာခင်မှာပဲ.. သူ့ headsetကနေ ထွက်လာတဲ့ Nine Hall His Highnessရဲ့ မီးတောက်ကို လိုက်တုပပြောနေတဲ့ စကားသံကို ကြားလိုက်ရတယ်: "ကျင်းအာ~ ကျင်းအာ ~ ကျင်းအာ~"ဟော်ကျင့်: "........"〖 Team〗 – Dead Water: "[အော့အန်]"〖 Team〗 – Leisure Cloud丶:"[အော့အန်]"〖 Team〗 – Wild Crane丶:"[အော့အန်]"ဒါက လုံးဝကို တူညီတဲ့ စကားလုံးတစ်လုံး ဖြစ်ပင်မယ့်လည်း.. Nine Hall His Highnessက ပြောတဲ့အခါမှာတော့.. ဟော်ကျင့်နားထဲမှာ ဒါက ရယ်စရာပဲကောင်းနေတော့တယ်...ဒီလူတွေကို ကြည့်ပြီး.. သူ့စိတ်အခြေအနေလည်း ကြည်လင်လာခဲ့ပြီး.. သူအလျင်အမြန်ပဲ team channelထဲမှာ စာရိုက်လိုက်တယ်〖 Team〗– ရှောင်းရှီရန်ကျင့်: "ကျိုအာ 3.. ဘာဖြစ်တာလဲ?"〖 Team〗– Nine Hall His Highness: "..."ထို့နောက်မှာတော့ ရယ်မောသံတွေနဲ့ ပြည့်နှက်သွားတော့တယ်..။ ရှောင်းရှီရန်ကျင့်က တစ်ခြားသူတွေကို ခုလို ပွင့်ပွင့်လင်းလင်း ရယ်စရာ ပြုလုပ်နိုင်တဲ့ ဟာသဉာဏ် ရှိလိမ့်မယ်လို့ သူတို့ တခါမှ မထင်ထားခဲ့ကြဘူး..။သူတို့ အ၀ ရယ်မောပြီးတဲ့နောက်မှာ.. မီးတောက်က သူတို့ကို သတိပေးလိုက်တယ်: "အာရုံစိုက်ကြမယ်.. boss မကြာခင် ထွက်လာတော့မယ်.."〖 System〗 ဟော့မင်: "ဘယ်သူက ရာရာစစ ငါ့ Yan Mountainရဲ့ Blazing Prisonဆီကို ဝင်လာရဲတာလဲ! မင်းတို့ အသက်တွေပေးဖို့သာ ပြင်ထားကြ! "systemရဲ့ ရုတ်ခြမ်းပြသမှု ပြီး သိပ်မကြာခင်မှာပဲ.. မျက်နှာပြင်ပေါ်က ဂိမ်းပုံရိပ်တွေက လှုပ်ခတ်လာခဲ့ပြီး.. မီးလျှံတွေနဲ့ ဝန်းရံနေတဲ့ အနီရောင် ဝတ်ရုံကို ခြုံလွှမ်းထားတဲ့ ခပ်ရှည်ရှည် ပုံသဏ္ဍာန်တစ်ခုက ထွက်ပေါ်လာခဲ့တယ်..။ ဒါက ဘယ်သူမှ မမျှော်လင့်ထားတဲ့ အကြင်နာကင်းမဲ့မီးတောက်နဲ့ ပုံသဏ္ဍာန် ဆင်တူနေတဲ့ dungeonရဲ့ bossပဲ!T/N:[2]: Er (儿): အာ.. ဆိုတာက ကလေးတွေလို ငယ်ရွယ်တဲ့သူတွေကို ထည့်ခေါ်တဲ့ အသုံးအနှုန်းပေါ့..ဒီမှာတော့ တစ်စုံတစ်ယောက်ကို ကြင်ကြင်နာနာနဲ့ ခေါ်တဲ့နေရာမှာ သုံးတာပေါ်နော်..။[3-ကျူပ်]: Jiu (九): Nine-ကိုး..။ နိုင်းအာထက် ကျိုအာက ပိုပြီး ကြောင်တောင်တောင်နိုင်တယ် ထင်တာပဲ Jiu Er <> Nine Er xD____________________________next ch - Demonic Dungeon 3

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now