003
7.3K 1K 10
ဟော်ကျင့်: .........
နောက်ပိုင်း သူတို့လက်ထပ်ခဲ့တာတောင်မှအဲ့ဒါကို အိမ်မှာ ကစားသလိုပဲ တွေးခဲ့ကြတာ..။
ဒီတော့အခြားယောင်္ကျားတစ်ယောက်နောက်ကနေ ဖက်ထားတာကိုခံရတာလည်း တော်တော်လေးကို့ယို့ကားယားနိုင်တယ်..။
အဆုံးမှာတော့ ဒီ ယောကျာင်္း-မိန်းမ အတူယှဉ်ထိုင်နေတယ်ဆိုတာက systemရဲ့ ပြုလုပ်ချက်သာ ဖြစ်တယ်။ သူ ဘာမှမတတ်နိုင်ဘူး။
"မီးလျှံလေး"
"နာမည်ဘယ်လိုခေါ်တာလဲ"
ရှောင်ရှီရန်ကျင့်:............
တရှဲရှဲမြည်နေတယ်..။
"ဒါက ကိုရင်ရွာလား"
"အင်း"
အရင်တုန်းက စစဆော့ဆော့ခြင်းတုန်းကလို သူသိပ်စိတ်ဝင်စားမှုမပြင်းထန်တော့ပေမယ့်.. ဘယ်ကစားသမားအသစ်မဆိုဒီရွာကိုရောက်တိုင်း ခံစားချက်တစ်မျိုးစီဖြစ်ပေါ်ကြမှာပဲ..။
------------
[system].....................
"ဒီတော့အဲ့ဒါမင်းလား?"
ဟော်ကျင့်:............
[system]:သင်သေသွားပြီ။
…….
~Spirit Fairy Past ~
"ခု မင်းဘာလုပ်နေလဲ.."
ဒါပင်မယ့် ဟော်ကျင့်က မီးတောက်ကို volesတွေ သတ်ရာမှာ ခေါ်သွားဖြို အနည်းငယ် တုန့်ဆိုင်းနေတုန်းပဲ။
မီးတောက်: "သေပြီလား.."
ဟော်ကျင့်: "..."
... ***** .. ****
003 : လှည့်ပတ်လိုက်ပြမယ်
တစ်ဖက်လူနဲ့ အမှန်အတိုင်းပြောပြီး ဆက်ဆံဖို့ အဆင်မပြေသေးသော်ငြားလည်း
onlineက မိတ်ဆွေဟောင်းကြီးအနေနဲ့ ပြန်တွေ့ရတော့ ဟော်ကျင့်သူ့နှလုံးသားထဲမှာ ပျော်တယ်လို့ခံစားရတယ်..။ သူစာအချို့ typeလိုက်တယ်..
"ဒီဂိမ်းက တော်တော်ပြောင်းလဲသွားတယ်နော်"
ပြန်စာအစား အနီရောင်boxလေးက ရုတ်တရက်ပေါ်လာတယ်..။
[အကြင်နာကင်းမဲ့မီးတောက်က သင့်ကို မြင်းအတူစီးဖို့ ခေါ်နေပါတယ်။ ကျေးဇူးပြုပြီး လက်ခံမလား/
ငြင်းပယ်မလား ရွေးချယ်ပါ။]
နောက်စာကြောင်းတစ်ကြောင်းလည်း ပေါ်လာတယ်။
"လာပါ။ မင်းကိုဒီနားပတ်ဝန်းကျင် ကိုယ်လိုက်ပြမယ်"
သူသတိမပြုမိခင်မှာပဲ တဖက်လူရဲ့ဘေးမှာ အနီနဲ့အမည်းစပ်နေတဲ့ သားရဲကြီးပေါ်လာတယ်။
ထိုသားရဲဟာတစ်ကိုယ်လုံးလောင်ကျွမ်းနေတယ်ထင်ရလောက်အောင် မီးတွေနဲ့ဖုံးလွှမ်းနေတယ်။
ဟော်ကျင့် မျက်တောင်တချက်ခတ်ပြီး လက်ခံလိုက်တော့
သူ့ဇာတ်ကောင်က သားရဲပေါ်ကိုခုန်တက်ပြီးသား ဖြစ်သွားတယ်..။
အားနည်းစွာနဲ့သားရဲကြီးကိုမှီခိုနေရတယ်..။
ဟော်ကျင့်: .........
သာမာန်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ ကောင်မလေးဟာ အရပ်ရှည်ပြီး မြင့်မြတ်တဲ့ ကြင်အင်လက္ခဏာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်နဲ့အတူထိုင်နေတယ်..
အားးး ငါ ဒါကိုဘယ်လို ကြည့်နေရမှာလဲ =_=
လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက သူတို့က အရမ်းငယ်သေးတယ်လေ..။
နောက်ပိုင်း သူတို့လက်ထပ်ခဲ့တာတောင်မှ ှအဲ့ဒါကို အိမ်မှာ ကစားသလိုပဲ တွေးခဲ့ကြတာ..။
ဒါပေမဲ့ အခုမတူတော့ဘူးလေ။ အသက်၂၂နှစ်ရှိပြီဖြစ်တဲ့ ဟော်ကျင့်ဘက်ကကြည့်ရင် သူက100%ယောကျၤားစစ်စစ် ။ အဲ့ဒါကို ဘယ်လိုလုပ် အခြားသူရဲ့ ဇနီး လုပ်ရမှာလဲ..။
ဒီတော့အခြားယောကျၤားတစ်ယောက်နောက်ကနေ ဖက်ထားတာကိုခံရတာလည်း တော်တော်လေးကို့ယို့ကားယားနိုင်တယ်..။
အဆုံးမှာတော့ ဒီ ယောကျာၤး-မိန်းမ အတူယှဉ်ထိုင်နေတယ်ဆိုတာက systemရဲ့ ပြုလုပ်ချက်သာ ဖြစ်တယ်။ သူ ဘာမှမတတ်နိုင်ဘူး။
သိပ်မကြာခင်.. သားရဲဟာဖြေးဖြေးပြေးပြီးတော့ ကောင်းကင်တည့်တည့်ဆီပျံသန်းသွားတယ်။
တိမ်တွေထဲကတောင်မှဖြတ်သွားသေးတယ်။
အတူစီးနေရတာ အနည်းငယ်ရှက်ဖို့ကောင်းတာကြောင့်.. ဟော်ကျင့်စကားတွေ လျှောက်ပြောဖို့ကြိုးစားတယ်..။
"ဒါဘာကောင်လဲ? ကြည့်လို့ကောင်းတယ်"
"မီးလျှံလေး"
"နာမည်ဘယ်လိုခေါ်တာလဲ"
"ရဲရဲတောက်နေသောဝိညဉ် အနီရောင်ငှက်ပုတီး"
"ဒါဆိုမင်းကျောနောက်ကတောင်ပံတွေကရော"
"မှော်ပညာရဲ့တောင်ပံတွေလေ"
ရှောင်ရှီရန်ကျင့်:............
ဟော်ကျင့်ဘာမှထပ်မမေးတော့ဘူး..။
အခုလိုနေနေတာက အေးချမ်းပေမယ့် ပေါက်ကရတွေ လျှောက်မေးနေရင်တော့ သူ့ကို စိတ်မနှံ့ဘူးလို့ထင်သွားလောက်တယ်လေ..။
ကံအားလျော်စွာပဲ ပတ်ဝန်းကျင်က ရှခင်းတွေက အရမ်းလှတယ်..။
ဟော်ကျင့်သူတစ်ယောက်တည်းပဲ စိတ်တွေပျံ့လွှင့်ကာ တစ်ကမ္ဘာတည်နေတော့တယ်..။
သူတို့မကြာခင်မှာပဲ ပန်းတွေဝေနေတဲ့ရွာလေးကနေ
ထွက်ပြီး တောင်ပတ်လမ်းတစ်လျှောက်ကို ရောက်လာခဲ့တယ်။
အစိမ်းရောင်မြက်တွေကလည်း လမ်းတစ်လျှောက် ပြည့်နေပြီး ပန်းအချို့က လေထဲမှာ ဟိုဟို ဒီဒီလွင့်နေတယ်..။
ဒီဂိမ်းက ပေးတဲ့ခံစားချက်ကတော့ အပြင်မှာတကယ်ဖြစ်နေသလိုပဲ..။
စက်ပိုင်းဆိုင်ရာကလည်း အရမ်းခေတ်မှီတော့data lagဖြစ်တာတွေ စက်ချို့ယွင်းတာတွေ ဘာမှမရှိဘူး..။ ရှူခင်းတွေဆိုလည်းစိတ်ကူးယဉ် ဇာတ်လမ်းထဲကလို တစ်ခန်းတစ်ခန်းမှာ အရမ်းလှပတဲ့ရှုခင်းတွေနဲ့ပြည့်နေတယ်..။
ဟော်ကျင့် နားကြပ်တပ်လိုက်တော့ ဂိမ်းက တီးလုံးသံတွေ သစ်ရွက်ကလေးတွေ လေတိုက်သံတေ၊ွ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကြားနေရတယ်..။
ပြေးလွှားနေတဲ့ သနားစရာ မီးလျှံလေးရဲ့အသံက နူးညံ့ပေမယ့် တခါတခါအသက်ရှူထုတ်လိုက်ရင်တော့
တရှဲရှဲမြည်နေတယ်..။
ရှောင်ရှီရန်ကျင့်:"လှလိုက်တာ"
အကြင်နာကင်းမဲ့မီးတောက်:"holographic versionသာထွက်ရင် ဒီ့ထက်ပိုလှမှာ။ ပတ်ဝန်းကျင်ကအလှအပတွေကို ကြိုက်သလိုသာခံစားကြည့်..။
ဒါနဲ့ holographic helmetကံစမ်းပွဲကိုဝင်ပြီးပြီလား"
ရှောင်ရှီရန်ကျင့်:"အင်းးးခုနကဝင်ပြီးပြီ"
ဟော်ကျင့် helmetရဖို့အတွက် တကယ်စိတ်လှုပ်
ရှားနေတယ။ ် ဘယ်သူများပေါက်လိမ့်မလဲ..။
အကြင်နာကင်းမဲ့မီးတောက်:"oh"
မီးလျှံလေးက သူတို့ကို ရှေးဟောင်းသစ်သားတိုင်လုံးတွေနဲ့ ဝင်ပေါက်လုပ်ထားတဲ့ ရွာတစ်ရွာရှေ့မှာ ရပ်ပေးလိုက်တယ်။
အပေါ်မှာရေးထားတာက ကိုရင်ရွာတဲ့..
အကြင်နာကင်းမဲ့မီးတောက်:"မင်းဒီနေရာကိုမှတ်မိလား"
ဟော်ကျင့်ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်ပြီး
တွေဝေမနေဘဲ မေးလိုက်တယ်
"ဒါက ကိုရင်ရွာလား"
"အင်း"
ဒီရှေးဆန်တဲ့gateရဲ့ ဘေးဘက်က တောတွေမှာ ရွာသူရွာသားတွေဟာ ထင်းခုတ်နေကြတယ်။
သူတို့တွေက playerတွေ ထာဝရရှင်သန်ဖို့လိုအပ်တဲ့ အဆင့်မီဆေးတွေရဖို့ ကိုရင်တာဝန်တွေလုပ်ပေးနေရတဲ့ NPC တွေ..။
ဒီတာဝန်တွေနဲ့NPCတွေကိုမြင်ပြီး ဟော်ကျင့်ရဲ့မှတ်ညဏ်တွေဟာ လင်းလင်းချင်းချင်းပေါ်လာတော့တယ်..။
အရင်တုန်းက စစဆော့ဆော့ခြင်းတုန်းကလို သူသိပ်စိတ်ဝင်စားမှုမပြင်းထန်တော့ပေမယ့်.. ဘယ်ကစားသမားအသစ်မဆို ိုဒီရွာကိုရောက်တိုင်း ခံစားချက်တစ်မျိုးစီဖြစ်ပေါ်ကြမှာပဲ..။
ဒီနေရာက ဟော့ကျင်းပထမဆုံးtaskတွေ missionတွေလုပ်နိုင်ဖို့၊ သွေးတွေပြန်ဖြည့်ဖို့ ဆေးသောက်ဖို့၊ ခုန်ပျံကျော်လွားနိုင်ဖို့၊ ပုဆိန်နဲ့ခုတ်နိုင်ဖို့၊ ပစ္စည်းတွေဝယ်နိုင်ဖို့၊ အတွေ့အကြုံတွေရဖို့၊ ဆုတွေရဖို့၊
စွမ်းအားကြီးitemတွေရဖို့ လုပ်ခဲ့ရတဲ့စသဖြင့်မှတ်ညဏ်တွေဟာအသီးသီးပေါ်လာတယ်..။
ဟော်ကျင့်ဆီကိ ုလွန်ခဲ့တဲ့ရှစ်နှစ်က ခံစားချက်တွေ တဖန်ပြန်ရောက်လာတယ်။
သူနောက်ဆုံးမှာတော့လှောင်အိမ်ထဲကလွတ်မြောက်သွားခဲ့ပြီ.. ။
တိမ်တွေထဲကိုဖြတ်ပြီးပျံသန်းတယ်..။
အခက်အခဲမရှိ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေရတယ်။
ဟော်ကျင့်ရဲ့နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားပြီး .. အပြုံးတစ်ခုဖြစ်ထွန်းလာတယ်။
သူဒီဂိမ်းကို log inပြန်မဝင်ခင်တုန်းက ဆော့ချင်မှဆော့မှာလို့ ပြောခဲ့ပေမယ့် အခုတော့သူ့စိတ်တွေ ဒီဂိမ်းထဲ ရောက်ကုန်ပြီ။
------------
အကြင်နာကင်းမဲ့မီးတောက်က ရွာပတ်ဝန်းကျင်ကို ဟော်ကျင့်ကို လိုက်ပြရင်း .. သူတို့ တောင်အနောက်ဘက်ကိုရောက်လာကြတယ်။
များပြားလှစွာသော မျောက်တွေဟာ ကျောက်တုံးတွေကိုကုတ်ခြစ်လိုက်..၊ တောင်ကုန်းတွေပေါ်ကလျှောဆင်းလိုက်လုပ်နေကြတယ်။
မီးတောက်က သားရဲကို စီးနေတာကို cancelနှိပ်လိုက်တယ်..။
သူတို့မြေပြင်ပေါ်ဆင်းသက်ပြီး မကြာပါမီပဲ.. သူတို့ရပ်နေတဲ့နေရာနဲ့ မနီးမဝေးမှာ မျောက်တစ်ကောင်ပေါ်လာပြီး သူတို့ကိုကုတ်ခြစ်ဖို့ ကမူးရှူးထိုးပြေးလာတော့တယ်..။
ဟော်ကျင့်လည်း တိုက်ခိုက်ချင်တဲ့စိတ်ကလေးကြောင့်
ကမူးရှူးထိုးskillခလုတ်ကို ရှာနေတဲ့အချိန်မှာ
အကြင်နာကင်းမဲ့တဲ့မီးတောက်က လှိုင်းဂယက်skillနဲ့ မျောက်တွေကို အလယ်တည့်တည့်မှ ထက်ခြမ်းကွဲပြီး သွေးချောင်းစီးအောင် လုပ်လိုက်ပြီးနေပြီ..။
လှိုင်းဂယက်တွေက နေရာအနှံ့ကိုရိုက်ခတ်သွားတော့ မျောက်တွေဟာ လွတ်မြောက်အောင် ထွက်ပြေးချင်ပေမယ့် .. မရှူမလှသေသွားရပြန်တယ်။
အဲ့ဒီ့အချိန်မှာ ဟော်ကျင့်ရဲ့screenပေါ်မှာလည်း စာတွေဆက်တိုက်တက်လာတယ်..။
[system]:"မင်းယောကျၤား အကြင်နာကင်းမဲ့မီးတောက်က မျောက်တစ်ကောင်ကို သတ်လိုက်ပါသည်..။ သင် experience1 ရရှိသည်".
[system]:"မင်းယောကျၤား အကြင်နာကင်းမဲ့မီးတောက်က မျောက်တစ်ကောင်ကို သတ်လိုက်သည်။ သင် experience1ရရှိသည်".
[system].....................
2secondsလောက်ကြာတော့တောင်တစ်ခုလုံး ငြိမ်သက်သွားပြီး ရာနဲ့ချီတဲ့ မျောက်တွေဟာ ပြာအဖြစ်ကိုပြောင်းသွားတယ်..။
အဲ့အချိန်မှာ Tsing Yiကexperienceတွေအများကြီးရလိုက်ပြီးပြီ..။
[Tsing Yiက ဟော်ကျင့်characterအမျိုးအစားပါ]
မီးတောက်က ဟော်ကျင့်ရှေ့မှာငြိမ်ငြိမ်သက်သက်ရပ်
နေတယ်။ သူ့အဝတ်အစားတွေမှာ သွေးတစ်စက်မစွန်းနေသလို
ဓားဟာလည်း ဓားအိမ်ထဲပြန်ရောက်သွားပြီ။
အခုမျောက်တွေကို သတ်ပစ်ပြီးတော့ သူတို့ဘာဆက်လုပ်ကြမှာလဲ..။
bubbles boxလေးဟာ လေထဲမှာမျောရင်းပေါ်လာတယ်။
"အခ ုငါတို့ရောက်နေတဲ့ ဒီနေရာနဲ့ပတ်သတ်ပြီး မင်းမှာ ဘယ်လိုထင်လဲ"
မတူညီတဲ့လူတွေ.. မတူညီတဲ့နေရာမှာ.. မတူညီတဲ့စကားတွေ..
ဒီမျောက်တွေနဲ့ တိုက်ခိုက်တာက ိုမြင်လိုက်ရတော့ ဟော်ကျင့်ရဲ့ဖုန်တက်နေတဲ့ မှတ်ညဏ်တွေဟာ တရိပ်ရိပ်ပေါ်လာတယ်။
သူမသေချာပေမယ့် မေးလိုက်တယ်။
"မင်းငါ့ထက် အဆင့်နိမ့်တာလား?"
အကြင်နာကင်းမဲ့မီးတောက်:"အင်း"
ဟော်ကျင့်မှတ်မိသွားပြီ ..။
ဒီလူက ဓားအတုံးကြီးယူလာပြီး ခဏခဏသေသွားတဲ့ သေမျိုးလူသစ်လေးပဲ..
human raceက သူတွေဟာ ထာဝရရှင်သန်တဲ့အဆင့်ကို မရောက်မချင်းဂါထာတွေ သုံးလို့မရဘူး။
ဓားတွေ လှံတွေ လက်ရုံးချင်းယှဉ်ပြီးတော့ပဲဖြစ်ဖြစ်
တိုက်ခိုက်လို့ရတာဆိုတော့ levelနိမ့်တဲ့လူသားတွေက ..ခဏခဏသေဖို့လွယ်တာပေါ့ ။
ဟော်ကျင့်ဖြတ်သွားရင်းနဲ့ မျောက်တွေကြားမှာ မရှူနိုင်မကယ်နိင ်တုန်လှုပ်ခြောက်ခြားနေတဲ့ မီးတောက်ကို တွေ့လိုက်တယ်။
သူအကူအညီနည်းနည်းပေးခဲ့ပြီး သူတို့တွေသိကျွမ်းခဲ့ကြတယ်။
အင်တာနက်ပေါ်က သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာက
ဟော်ကျင့်ကို အတွေ့အကြူံအသစ်တွေ ပေးတယ်။ သူအသက်ကြီးလာတော့ တဖက်လူကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာတွေကို သိလာပြီ။
သူငယ်ချင်းတွေအဆွယ်ကောင်းမှုကြောင့် ဆော့ဖြစ်ခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့levelကို အမှီမလိုက်နိုင်ခဲ့ဘူး..။
နောက်ဆုံးသူတစ်ယောက်တည်းကျန်ခဲ့ပြီး မီးတောက်ဆိုတဲ့လူတစ်ယောက်နဲ့သာ အဖွဲ့ဖွဲ့ဖြစ်ခဲ့တယ်။
မီးတောက်က ဂိမ်းထဲမှာပဲ သိပြီး ရင်းနှီးခဲ့တဲ့လူပါ။
နောက်သူ မီးတောက်နဲ့ပဲဆော့ဖြစ်တယ် ။ အများကြီး.. အကြာကြီး.. အမြဲလိုလိုပေါ့.. ။
ဒီအကြင်နာကင်းမဲ့မီးတောက်ရဲ့ လျှို့ဝှက်ချက်တွေ သူနားလည်သွားတော့ ဟော်ကျင့် တကယ်အံ့သြသွားရတယ်။
"ဒီတော့အဲ့ဒါမင်းလား?"
ဒါပေမယ့် ဟိုကောင့်နာမည်က မီးတောက်ပါ.. အကြင်နာကင်းမဲ့မီးတောက် မဟုတ်ပါဘူး..
ရှောင်ရှီရန်ကျင့်:"မင်းနာမည်ကို အကြင်နာကင်းမဲ့မီးတောက်လို့ ဘာလို့ပြောင်းလိုက်တာလဲ.. ငါမမှတ်မိတာအံ့သြစရာမရှိပါဘူး..။"
အကြင်နာကင်းမဲ့မီးတောက် ;"ဘာကြောင့်လို့ ထင်လဲ?
တဖက်လူက ဒီလိုပြောတော့ ဟော်ကျင့်တော်တော်စိတ်ရှုပ်သွားတယ်။
အကြင်နာကင်းမဲ့မီးတောက်က သူ့အတွေးကို သိသည့်အလားပြန်ဖြေလာတယ်။
"မင်းထွက်သွားတာ ရှစ်နှစ်တောင်ကြာပြီ။ ငါကနှလုံးသားမရှိဘဲ ဘယ်လိုနေနိုင်မှာလဲ"
သူနောက်နေတယ်ပဲ ဟော်ကျင့်ထင်လိုက်ပြီး သူပါပြန်နောက်တော့တယ်..
"ဘာလို့လဲ.. လူနှစ်ယောက်onlineတစ်ချိန်တည်းမှာရှိမနေရင် gameထဲမှာ ကွာရှင်းလို့မရတော့ဘူးလား"
လေအေးတချို့တိုက်ခတ်သွားပြီး တိတ်ဆိတ်သွားတယ်..
ရဲရဲတောက်နေသောဝိညဉ် အနီရောင်ငှက်ပုတီးဟာ စူးစူးရှရှနဲ့တအီအီအော်မြည်တယ်..
အသံဟာ အတော်တုန်လှုပ်ဖို့ကောင်းပြီး မသိရင်"အရူး"လို့ပြောနေသလိုပဲ..
မီးတောက်က စာတစ်ကြောင်းပို့လာတယ်..
"Spirit Fairyပဲဖြစ်ဖြစ်.. Demon Godပဲဖြစ်ဖြစ်..
proposeလုပ်ခံထားရတဲ့သူကပဲ.. လက်ထပ်ပွဲကိုဖျက်သိမ်းလို့ရတယ်"
ဟော်ကျင့်ဖြူလျော့သွားတယ်.. ။
သူကproposeလုပ်ခံထားရတဲ့သူဆိုတော့အကြင်နာကင်းမဲ့မီးတောက်က ကွာရှင်းလို့မရတာကိုး..
သူအပြစ်ရှိသလိုခံစားလိုက်ရတယ်..
"ဒီလောက်အကြာကြီး နှောင့်နှေးစေတဲ့အတွက ်တောင်းပန်ပါတယ်။ မင်းဘာလို့ငါ့ကို လက်ထပ်ပွဲဖျက်လို့ရမယ့်နေရာဆီခေါ်မသွားတာလဲ"
ရဲရဲတောက်နေသောဝိညဉ် အနီရောင်ငှက်ပုတီးက တအီအီအော်မြည်ပြန်သည်..
ဟော်ကျင့်:............
သူ့ဘေးက အကြင်နာကင်းမဲ့မီးတောက်ရဲ့လက်တွေ တင်းတင်းဆုပ်ထားတာတွေ့ပေမယ့် ဘာမှထပ်မပြောတာကြောင့်..
ဟော်ကျင့်ထပ်မေးမလို့ပြင်လိုက်ရုံရှိသေး သူ့screenပေါ်မှာ systemက စာတွေက တဖျက်ဖျက်ရောက်လာပြန်တယ်..။
[system] အကြင်နာကင်းမဲ့မီးတောက် သင့်ကိုတိုက်ခိုက်နေပြီ.. ။
[system]:သင့်မှာမှာ1650ပျက်စီးသွားပြီ။
[system]:သင်သေသွားပြီ။
သူဒုတိယအကြိမ်သေသွားပြန်ပြီ..
…….
~Spirit Fairy Past ~
ညဆယ်နာရီလောက် ဟော်ကျင့် ဂိမ်းထဲကို ဝင်လိုက်တော့ မီးတောက်က စာပို့ထားတာ တွေ့လိုက်တယ်။
"ခု မင်းဘာလုပ်နေလဲ.."
ရှောင်ရှီရန်ကျင့်: "အဖေနဲ့အမေ အိမ်ထဲမှာရှိနေလို့ ငါဂိမ်းမဆော့ရဲခဲ့တာ"
တောင်ပေါ်မှာ သူ့ကို မျောက်တွေသတ်ဖို့ ကူညီလိုက်တဲ့ အဲ့ဒီ့နေ့တည်းက မီးတောက်က ဟော်ကျင့်ရဲ့ နောက်လိုက်လေးဖြစ်လာခဲ့တယ်။ သူနဲ့ ဟော်ကျင့်ဟာ နေ့တိုင်း အတူတူကစားဖြစ်ခဲ့ကြတယ်။
ရှောင်ရှီရန်ကျင့် : "ခုတောင် ငါ ဘယ်သူမှမသိအောင် ဆော့နေရတာ။ ငါ.. ငါ့မိဘတွေကို internet မှာ အချက်အလက် ရှာစရာရှိလို့ဆိုပြီး ပြောထားတာ.. အဲဒါကြောင့် ငါခဏပဲ ကစားနိုင်မှာ။ ပြီးရင် ငါoutတော့မှာ"
မီးတောက်: "အဲဒါဆို အမြန်! Voleတွေသွားသတ်ကြမယ်"
(Voleဆိုတာ ကြွက်ကဲသို့ သေးငယ်ပြီး မြစ်ချောင်းနား၊လယ်ကွင်းတွေထဲမှာ နေထိုင်တဲ့အကောင်ငယ်လေးတွေပါ)
Voleတွေ သတ်တာဟာ level 12ရဲ့ taskဖြစ်တယ်။ ဟော်ကျင့် နောက်ဆုံးအကြိမ် ဂိမ်းကစားတုန်းက သူvoleတွေသတ်နေတုန်း တစ်ဝက်တစ်ပျက်ပါ။ ဟော်ကျင့်က မီးတောက်ရဲ့ levelကို ကြည့်လိုက်တယ်။ သေနိုင်တဲ့ mortalကနေ ဝိဉာဉ်အဆင့် spirital personအဆင့် level 10ရောက်နေပြီ။ ဟန့်.. အဆင့်တက်တာ မြန်လိုက်တာ!!
ဒါပင်မယ့် ဟော်ကျင့်က မီးတောက်ကို volesတွေ သတ်ရာမှာ ခေါ်သွားဖိုြ အနည်းငယ် တုန့်ဆိုင်းနေတုန်းပဲ။
ရှောင်ရှီရန်ကျင့်:" မင်းtaskကို အရင်ဖြေရှင်းလေ။ မင်း ငါနဲ့ rankတူသွားတဲ့ အခါကျမှ ငါတို့ သူတို့ကို သွားသတ်ကြမယ်လေ။"
မီးတောက်: " မဟုတ်ဘူး..။ ငါက မင်းထက် ပိုကစားဖြစ်တယ်။ အဆင့်ကလည်း မင်းထက်ပိုရောက်တယ်။ အဲ့တာကြောင့်မို့လို့ မင်းtaskကိာ အရင်ဖြေရှင်းကြမယ်။"
ရှောင်ရှီရန်ကျင့်:"ကောင်းပြီလေ..။ ပြီးမှ မင်းသေသွားလို့ ငါ့ကို အပြစ်မတင်နဲ့..။"
မီးတောက်: "ငါသေခဲ့ရင်တောင် ကိစ္စမရှိပါဘူး။ ငါနောက်တစ်ကြိမ်ပြန် ကြိုးစားလို့ရတယ်..။"
ဟော်ကျင့် ပေါ့ပေါ့တန်တန်ပဲ တွေးလိုက်တယ်။ ဟုတ်တာပေါ့.. သူက သေမှာမကြောက်တဲ့ ဇာတ်ကောင်မျိုးကိုး..။ ဒါမှမဟုတ်လည်း သူက မျောက်တွေရဲ့ အနိုင်ကျင့်တာကို ထပ်ခါထပ်ခါတော့ မခံရလောက်ပါဘူး..။ အရူးပဲ!!
နှစ်ယောက်သားအဖွဲ့ဟာ ဂျုံတွေစိုက်ထားတဲ့ လယ်ကွင်းဆီက ထွက်ခဲ့ကြတယ်။ ဟော်ကျင့်က အဲဒီ့မှာ Fairy level အစဖြစ်တဲ့taskတွေ ဖြေရှင်းဖို့ စီစဉ်တွေးထားခဲ့တယ်။ taskက လယ်စိုက်တဲ့အရည်အချင်းတွေ လေ့လာဖို့ Volesတွေကို သတ်ရမှာဖြစ်တယ်။ အဲဒါမှ သူက အနာဂတ်မှာ ဂျုံနဲ့လုပ်တဲ့ကိတ်မုန့်တွေ ထုတ်တဲ့အခါမှာ သူ့အရည်အချင်းအပြည့်ရှိမှာ..။ဒါတေက ဟော်ကျင့် စိတ်ထဲမှာ တွေးနေတာပဲရှိတယ်။
ဂျုံစိုက်ထားတဲ့ လယ်ကွင်းတွေထဲမှာ ဝဖြိုးနေတဲ့ volesတွေ အများကြီးပဲရှိတယ်။ သူတို့နှစ်ယောက်က တိုက်ခိုက်ဖို့အတွက် တစ်ကောင်ကို အမြန်ရှာလိုက်တယ်။ မီးတောက်ရဲ့ levelက နိမ့်သေးတဲ့အတွက် သူဟာ တစ်ချက်နှစ်ချက်အပစ်ခံလိုက်ရပြီးတော့ သေဆုံးသွားခဲ့တယ်။ ဒါပင်မယ့် တစ်ယောက်တည်းတိုက်ခိုက်ရတာနဲ့စာရင် နှစ်ယောက် အတူတိုက်ခိုက်ဖို့ တစ်စုံတစ်ယောက်ရှိနေတာဟာ ကောင်းတယ်။
ဟော်ကျင့် တစ်ယောက်တည်း တိုက်ခိုက်နေတုန်းမှာပဲ ရုတ်တရက် သူ့အခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်တယ်။ "ဟော်ကျင့်.. မင်း ခုထိ အချက်အလက်တွေ ရှာနေတုန်းပဲလား..?"
"အင်း.. မကြာခင် ပြီးတော့မှာပါ.." ကြောက်ကြောက်ရွံရွံနဲ့ ပြန်ပြောလိုက်တယ်။ ဟော်ကျင့် အလျင်အမြန်ပဲ ဂိမ်းမျက်နှာပြင်ကို သေးလိုက်ပြီး သူကြိုပြင်ထားတဲ့ လေ့လာဖို့စာရှိရာကို ဖွင့်ထားလိုက်တယ်။
အမျိုးသမီးကြီးက တံခါးဖွင့် ဝင်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ တံခါးပြန်ပိတ်မသွားခင်.. "အရမ်းနောက်ကျအောင်မနေနနဲ့"လို့ ပြောသွားခဲ့တယ်။
ဟော်ကျင့် ဂိမ်းကို ပြန်မဖွင့်ခင် အချိန်ခဏလောက်စောင့်လိုက်သေးတယ်။ အဲဒီမှာ သူဟာ သူရဲ့ ဇာတ်ကောင်ဟာ သေနေပြီးတာကို ဂိမ်းမျက်နှာပြင်မှာ တွေ့လိုက်ရတယ်။
မီးတောက်ရဲ့အလောင်းဟာလည်း သူ့ဘေးမှာ လဲလျောင်းနေတယ်။ ဒီကောင် အသက်ပြန်သွင်းဖို့ မလုပ်ခဲ့ဘူးပဲ.. ။ သူ့သူငယ်ချင်းရဲ့ columnက တဖြတ်ဖြတ်လတ်လာဖို့ မတိုင်ခင်အထိ သူ့ဆီကို စာတွေ စာတိုက်ပို့နေခဲ့တယ်။
မီးတောက်: "အားကျင့်.. မင်း ဘာ့ကြောင့် မလှုပ်တော့တာလဲ.."
မီးတောက်: "သေပြီလား.."
မီးတောက်: "ဟားဟား.. မင်းသေသွားပြီ။ ဒါပင်မယ့် မင်းဘာကြောင့်ဒီလိုကြီး ဖြစ်နေရတာလဲ။ ဘာကြီးလဲ မင်းက.. မကောင်းဆိုးဝါး..?? "
[T/N:မီးတောက်က သူတွေ့တဲ့ ဟော်ကျင့်ရဲ့ အလောင်းပုံကို မြင်ပြီး ပြောနေတာပါ..။]
ဟော်ကျင့်: "..."
... ***** ..
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်Where stories live. Discover now