နောက်တစ်နေ့ byulက ပန်းခြံသွားသည်ဟုဆိသော်ကြောင့် ထွက်လာခဲ့လိုက်သည်။ yong ကသူမကိုတွေ့တော့ လှမ်းပြုံးပြသည်။
သူမတို့နှစ်ယောက်ပန်းခြံသို့ရောက်တော့ အတူတူလမ်းလျောက်ကျသည်။ နောက်တော့ coffee ဆိုင်တစ်ဆိုင်ရောက်တော့ ဝင်လိုက်ပြီး အမေရိကာနို တစ်ခွက်စီမှာလိုက်သည်။ထိုစဉ် yong က
"Yong byulကို ပြောစရာရှိတယ်''
"ပြောလေ Yong''
"Yong Byul ကို ချစ်တယ်''
"Byulလည်း ချစ်ပါတယ်''
"မဟုတ်ဘူးလေ Yong ပြောတာက 528လို ချစ်တာမဟုတ်ဘူး။ချစ်သူတွေချစ်သလိုမျိုး 1500 အချစ်နဲ့ ချစ်တာမျိုးကို ပြောတာ။Byul လက်ခံနိုင်မလားဟင်''
ထိုအခါ Byulဘက်က တိတ်ဆိတ်သွားသည်။Yong လည်း byul စိတ်ဆိုးသွားသည်ထင်၍
"Byulဘက်က လက်မခံနိုင်ဘူးဆိုလည်းရပါတယ်။ဒါပေမယ့် yong ကိုတော့ မမုန်းပါနဲ့။Yong ကို သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ ထားပေးပါ''
Byul လည်း သူမရှေ့တွင် ခေါင်းငုံ့ပြီးပြောနေသော သူမလေးကိုကြည့်ပြီး
"ဘယ်သူက လက်မခံဘူးပြောလို့လဲ''
"ဒါဆို byulက ''
"ဟုတ်တယ် byul လည်း yong ကို ချစ်ပါတယ်''
"Yong ဝမ်းသာလိုက်တာ။yong က byul စိတ်ဆိုးသွားမယ် ထင်တာ''
"ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ yongရယ်''
"ဒါဆို ဒီနေ့က yong တို့ရဲ့ first date နော်''
"အင်း''
ထို့နှင့် သူမတို့နှစ်ယောက် တစ်နေကုန် လျောက်လည်ခဲ့ကြပြီး ညရောက်မှပြန်လာခဲ့ကြသည်။ သူမတို့အိမ်တွေရောက်တော့ yong byulဆီကို 'good night'ဆိုပြီး စာလေးတစ်စောင် ပို့လိုက်သည်။byul ဆီကနေလည်း ''အိမ်မက်လှလှ မက်ပါစေ''ဟူသော ပြန်စာလေးရလိုက်သည်၊၊yong လည်း ပြန်စာရပြီးတာနဲ့ အိပ်ဖို့ရာပြင်လိုက်သည်။yong စိတ်ထဲတွင် ဒီနေ့ညရဲ့ ကြယ်လေးတွေဟာ အတော်လေး ကို တောက်ပနေသည်ဟု ထင်လိုက်မိသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့
"unnie ဘာတွေလုပ်နေတာလဲ ''
"ကြယ်လေးတွေ ခေါက်နေတာ wheeinရဲ့။ဒီနေ့ ချစ်သူများနေ့လေ unnie ရဲ့ ရေခဲတုန်းလေးကို လက်ဆောင်ပေးဖို့''
"unnie ရဲ့ ရေခဲတုံးလေးကတော့ သိပ်ပျော်နေတော့မှာပဲ''
"အင်းပေါ့ wheeinလည်း အဲ့လိုပေးမယ့်သူ ရှာသင့်ပြီနော''
"အာ.....unnieကလည်း''ဟုဆိုကာ အပြင်ထွက်သွားသည်။wheein က byul ကို ရေခဲတုံးလေး ဟုသာ သိထားသည်။မြင်လည်းမမြင်ဖုးပေ။မိတ်ဆက်ပေးမယ် ဆိုသော်လည်း သူမမှာလည်း အလုပ်နဲ့ wheeinကလည်း ကျောင်းနဲ့ဆိုတော့ မိတ်မဆက်ပေးမိခြင်းဖြစ်သည်။
သူမလည်း ကြယ်လေးတွေ ခေါက်ပြီးသည်နှင့် ဖန်ဘူးလေးထဲထည့်ကာ အဖုံးပိတ်ပြီး အပေါ်က ဖဲကိုးလှလှလေးချည်လိုက်သည်။ပြီးတော့မှ byul နှင့်တွေ့မည်ဟုချိန်ထားသော နေရာသို့ ထွက်ခဲ့လိုက်သည်။
Wheeinလည်း သူမအစ်မကိုပြန်ပြောပြီး ကျောင်းသို့ထွက်ခဲ့လိုက်သည်။ဒီနေ့ ချစ်သူများနေ့မို့ အတွဲများစွာကိုတွေ့ရသည်။ကောင်မလေးတွေရဲ့ လက်ထဲတွင် ချောကလက်လေးတွေနှင့်။သူမ ကျောင်းထဲသို့ လမ်းလျောက်လာလိုက်ပြီး သူအရဲ့ တစ်ဦးတည်းသောသူလေးကို ရှာလိုက်သည်။ ဟောတွေ့ပါပြီ ကျောင်းရဲ့ ခုံတန်းတစ်နေရာမှာ ထိုင်နေသောသူမလေး။ထို့နှင့်သူမ လှမ်းခေါ်လိုက်သည်။
"Hyejin na ဘာလုပ်နေလဲ''
"ဘာမှမလုပ်ဘူး''
သူမ hyejinကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံပေါ်သည်။မျက်နှာမှာလည်း ချွေးများစို့လို့ ။သူမထိုသို့တွေးနေတုန်းမှာပဲ
"Wheein na''
"ဟမ် hyejin na ဘာပြောစရာရှိလို့လဲ''
"ငါ.....ငါ..လေ..နင့်ကို''
"ဘာဖြစ်လို့ ဒီလောက်တောင် စကားတွေထစ်နေတာလဲဟင်။ဘာပြောမှာမလိုလဲ''
"ငါနင့်ကို ချစ်တယ် wheein,na။ချစ်သူတွေချစ်သလိုမျိုးအချစ်နဲ့ချစ်တာ။ငါနင့်ကိုချစ်နေတာ ကြာပြီ။ နင့်ငါ့ကို အထင်သေးသွားမှာစိုးလို့ မဖွင့်ပြောဘဲနေခဲ့တာ။ဒီနေ့တော့ သူများအတွဲတွေကြည့်ပြီး ငါ့မနေနိုင်တော့လို့ ဖွင့်ပြောလိုက်တာ နင်ငါ့ကို စိတ်ဆိုးသွားပြီလားဟင်''
"ဟုတ်တယ် ငါနင့်ကို စိတ်ဆိုးတယ်''
"Wheein na.... ငါ''
"နေဦး ငါစကားမဆုံးသေးဘူး။ဟုတ်တယ်ငါနင့်ကို စိတ်ဆိုးတယ် ။နင်ငါ့ကို အခုမှဖွင့်ပြောလို့ ငါနင့်ကိုစိတ်ဆိုးတယ် သိရဲ့လားhyejin''
"ဒါဆို နင်က..... ငါ့ကို''
"ဟုတ်တယ် ငါနင့်ကို ချစ်တယ်။အရင်တုန်းနဲ့မှ ချစ်တယ်။ဒါကို နင်က မသိဘူး။ အခုမှဖွင့်ပြောပြီး ငါနင့်ကို စိတ်ဆိုးတယ် လာမခေါ်နဲ့''
"Wheein ကလည်းဒီနေ့မှ ချစ်သူုဖစ်တာကို စိတ်မဆိုးပါနဲ့။ ရော့ ချောကလက်စားနော်''ဟုဆိုက သူမလွယ်အိတ်ထဲတွင် ထည့်လာသော ချောကလက်အားကျွေးလိုက်သည်။
"ဟင့် ချောကလက်ကြီး မစားချင်ပါဘူးနော်''
"ဒါဆို ကိုယ့်ရဲ့ wheein လေးက ဘာစားချင်လို့လဲ''
"ငါစားချင်တာက........''ရွှတ်''
Hyejin လည်းရုတ်တရက် ကြက်သေသေသွားသည်။ယခုလေးတင် wheein က သူမ အားနမ်းသွားသည်မဟုတ်ပါလော။
Wheein ကတော့ သူနမ်း၍ ကြက်သေသေနေသော hyejinအား
"Hyejin na ဒီအပေါ်မှာပဲ ထိုင်နေတော့မှာလား
First date မလုပ်တော့ဘုးလား''ဟုမေးလိုက်သည်။
Hyejin လည်း wheein အသံကြားမှသတိဝင်ပြီး
"အာ wheein na ငါ့ကို စောင့်အုံးလေ''ဟုဆိုကာ ထွက်သွားသော wheein နောက်သို့ အပြေးလေး လိုက်သွားလိုက်သည်။
YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး