နောက်နေ့မနက် Byul လည်းအိပ်ရာမှ ထကာလုပ်နေကျ လုပ်ငန်းစဉ်များဖြစ်သော ချက်ပြုတ်ရေးကို ဆောင်ရွက်ပြီး ရေမိုးချိုးအဝတ်အစားလဲကာအလုပ်သို့ ထွက်ခဲ့လိုက်သည်။မနေ့က မလုပ်ဖြစ်လိုက်သည့် angle နဲ့ ဆွေးနွေးဖို့ကလည်း ရှိသေးသည် မဟုတ်ပါလား။ Byul ကားမောင်းရင်းနှင့် မနေ့ကမက်သော အိမ်မက်အကြောင်း တွေးမိပြန်သည်။
မနေ့ကမက်သော အိမ်မက်ထဲ၌ တော့ပုကီဆိုင်တွင် တွေ့ခဲ့သော ထိုမိန်းကလေးနှင့်Byul တို့က ပျော်ရွှင်စွာ အလည်အပတ်ထွက်လိုက် မုန့်အတူ စားလိုက်လုပ်နေကြသတဲ့။ ဘယ်လောက်တောင် ထူးဆန်းလိုက်ပါလဲ။နှစ်ခါသာ တွေ့ဖူးပြီး နာမည်တောင် မမှတ်မိသော မိန်းကလေးတစ်ယောက်ကို စွဲမ်းလမ်းပြီး အိမ်မက်ထဲထိထည့်မက်သည့်အထိ ထိုမိန်းကလေးက လှပလွန်းလှသည်။သူ့ရဲ့ရိုးသားမှုကိုလည်း နှစ်ခါတွေ့ရုံနှငိ့ ခန့်မှန်းမိနိုင်သည်။
Byul ထိုမိန်းကလေးကို စိတ်ဝင်စားနေမိသည်ကိုတော့ ဝန်ခံရပေတော့မည်။
Yong သည်လည်း ထုံးစံအတိုင်းWheeinကိုနှိုပြီးနောက် အလုပ်သို့ထွက်လာခဲ့လိုက်သည်။ ကားထဲတွင် ဟိုတွေးဒီတွေးတွေးနေမိရင်း မနေ့က ဆုံတဲ့ ရေခဲတုံးမလေးကို တွေးမိပြန်သည်။နောက်တစ်ခါ ဆုံဖြစ်ခဲ့ရင် ကျေးဇူးတင်စကား ဆိုရပေဦးမည်။ကားတုန်းကလည်းသူမဘာဆိုဘာမှမပြောခဲ့ပေ။တော့ပုကီကိစ္စတုန်းကလည်း သူမ မင်ြခဲ့ပေ။ဒီတခါ ဆုံဖြစ်ရင်တော့ နာမည်မေးပြီး ဖုနိးနံပါတ်တောင်းရမည်။ဘာလို့်ရယ် ရေခဲတုံးလေးက ဖော်ဖော်ရွေရွေမရှိပေမယ့် သူမ ရေခဲတုံးလေးနှင့်ရင်းနှီးချင်သည်။သို့သော် နောက်တခါ ဆုံဖို့ဆိုသည်မှာလည်း လွယ်ကူတဲ့အရာ မဟုတ်ပေ။နောက်တခါ ဆုံရင်တော့ သူတို့နှစ်ယောက်ဟာ ရေစက်ပါသည်ဟု ဆိုရပေမည်။
Yong တစ်ယောက် ဟိုတွေးဒီတွေးဖြင့်ပင် ကုမ္ပဏီ ရှေ့သို့ရောက်လာလေပြီ။သူမ ကားကျု ကားပါကင်၌ထားလိုက်ပြီး အပေါ်သိုတက်လာလိုက်သည်။ဒီနေ့တော့ သူမရုံးခန်းကို မသွားတော့ ။ဧည့်တွေ့ခန်းမှာနေ၍စောင့်တော့မည်။ချိန်းထားသော အချိန်ကို ရောက်ရန်လည်း မလိုတော့သည်မို့ yong စောင့်ရငိးနဲ့ စာရွက်စာတမ်းတွေ သေချာဖတ်နေလိုက်သည်။
မကြာမီ Dopal က R a p ဘက်မှ MD ရောက်လာသည်ဟုပြောသဖြင့် အထဲပို့ခိုင်းလိုက်လေးသည်။
အထဲသို ရောက်လာသောသူကို ကြိုဆိုရန်အတွက် ခေါင်းမော့လိုက်သည့် အခါမှာတော့ အံ့သြမှုနဲ့အတူ နှုတ်မှပါ
"ရေခဲတုံးလေး''ဟုထွက်မိသွားသည်။ဒီနေ့လည်း သူမရဲ့ရေခဲတုံးလေးက ခန့်ညားလွန်းလှသည်။suit အဖြူရောင်နှင့် သိပ်ကို လိုက်ဖက်လွန်းနေသည်။နောက်မှ သူမ သတိရပြီး သူမကိုကြိုဆိုလိုက်သည်။
"ထိုင်ပါဦးရှင့် ။Dopal ဧည့်သည်အတွက် လက်ဖက်ရည် သွားယုပေးပါဦး''
Byul သူမကိုကြိုဆိုနေသူအား ကြည့်လိုက်မိတော့ dressလေးနဲ့ သိပ်ကိုလှပလွန်းနေပါသော သူမရဲ့ မိမ်းကလေး။ပြီးတော့သူမက ဒီကုမ္ပဏီရဲ့ MD တဲ့လား။
"ဟုတ်ကဲ့ ရပါတယ် တကူးတက လုပ်ဖို့မလိုအပ်ပါဘူး။ဒါနဲ့ ဒီက Mrs နာမည်က ဘယ်သူလဲမသိဘူး ''
"ကျွန်မနာမည်က Kim Yong Sunပါ Yong လို့ခေါ်လည်းရပါတယ်''
"ကျွန်မနာမည်က Ahn Byul ri ပါ ။တွေ့ရတာ ဝမ်းသာပါတယ် Yong''
"ကဲ Yong တို့ အလုပ်ကိစ္စဆွေးနွေးရအောင် Byul''
ထိုနှင့်သူမတို့ နှစ်ယောက် အလုပ်ကိစ္စများ ဆွေးကြပြီး ငြိနှိုင်းချက်ရခဲ့ပြီဖြစ်သည်။ထို့ကြောင့် Byul လည်းပြန်ရင်ပြင်လိုက်သည်။
"Byul...မနက်ဖြန် yong မိတ်ဖြစ်ဆွေဖြစ် နေ့လည်စာလိုက်ကျွေးချင်လို့ အချိန်ရမလား''
"ရပါတယ်။နေ့လညိကျရင် ကျမ လာခဲ့ပါ့မယ်''
ထိုသို့သာပြောရင်းByul ပြန်လာလိုက်သည်။
လမ်းတွင်တော့''ငါ့နှယ် ကံဆိုးလိုက်တာ ငါစိတ်ဝင်စားမိသူက ငါလညိ့စားရမယ့်သူဖြစ်နေတယ်။Yong ငါဘာဆက်လုပ်ရမလဲမသိတော့ဘူး''
တစ်ဖက်မှာတော့''Byul က တကယ် ရေခဲတုံးမလေးပဲ။ငါ့ကို အလုပ်ကိစ္စ ကလွဲ ရင် စကားမပြောဘူး။မနက်ဖြန်ကျရင်တော့ ရင်းနှီးအောင်လုပ်မယ်။byul ရေ ငါတော့နင့်ကို စိတ်ဝင်စားနေမိပြီ ထင်ပါရဲ့''
YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး