နောက်နေ့မနက် Yong စိတ်လှုပ်ရှားနေမိသည်။သူမရဲ့ ရေခဲတုံးလေးနဲ့ နေ့လည်ကျထမင်းအတူစားရတော့မည်လေ။ဘာလို့ရယ် မသိ သူမ byul အကြောင်းတွေးမိတိုင်း ပျော်သည်။ခဏ ခဏလည်းတွေ့ချင်မိသည်။
စိတ်လှုပ်ရှားမှုများနှင့် yong အဝတ်စားရွေးနေမိသည်။ဒီနေ့ကျမှ yong အဝတ်အစားမရှိသလိုခံစားရသည်။
Yong byulနဲ့ ချိန်ထားသည့်နေရာရောက်တော့ byul ကကြိုရောက်နေနှင့်သည်။ သူမလည်းbyul ရှိရာဆီသို့ လျောက်သွားလိုက်ပြီး
"Byul ရောက်နေတာ ကြာပြီလား''
"မကြာသေးဘူး''
"အားနာပါတယ် yong လည်း ကားကျပ်နေလို့ နောက်ကျသွားတယ်''
"ရပါတယ်''
သူမတို့နှစ်ယောက်လည်း စားစရာများမှာလိုက်သည်။ စားစရာများရောက်လာတော့ သူမတို့နှစ်ယောက် စားကြရင်း yong ကပင်စ၍
"Byul က ခု ဘယ်မှာနေလဲ''
"......မှာ''
"အာ့ဆို yong တို့နဲ့ နီးတာပဲ။yongက.....မှာနေတာ''
"ဒါနဲ့ byul yong တို့ လုပ်ဖော်ကိုင်ဖက်တွေလိုထက် သူငယ်ချင်းတွေ လိုနေရအောင်''
"နေကြတာပေါ့ အဲ့လို''
"ဒါဆို byul ဖုန်းနံပါတ် ပေးထားဦလေ။ အပြင်တွေ သွားစရာရှိတဲ့ခါ ဆက်ရအောင်''
"အင်း''
Yong တို့ရဲ့ စကားဝိုင်းလေဟာ yongရဲ့ မေးခွန်းတွေနဲ့ပဲ စတင်ခဲ့ပြီး yong ရဲ့ မေးခွန်းတွေ ကုန်သွားချိန်မှာတောု့ပြန်လည်တိတ်ဆက်သွားပြန်သည်။
သူမတို့နှစ်ယောက် အချိန်အနည်းငယ်ကြာတော့ နှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်။
ကျောင်းတွင်တော့
ဆရာမက ရှေ့က စာသင်နေတုန်းမှာ hyejin ကတော့ ထုံးစံအတိုင်း မုန့်ခိုးစားနေလေရဲ့။ဒါကို ဘေးက wheeinက
"Hyejin na မုန့်တွေစားနေပြန်ပြီ။ဆရာမသိရင် အဆူခံရလိမ့်မယ်''
"Wheein ကလည်း hyejin ဗိုက်ဆာနေလို့ပါ။''
"နင်ကတော့ အမြဲဆာနေတာပဲနော်''
သူမ wheein စကားကို ရယ်ပြလိုက်သည်။ပြီတော့ သူမ wheein အကြောင်း တွေးမိသွားသည်။ wheein ကစာသိပ်တော်သည်။ ချစ်စရာလည်း အရမ်းကောင်းသည်။ သူမ အပေါ်၌လည်း သိပ်အနစ်နာခံရှာသည်။ သူမ အမှန်တိုင်းပြေ ရရင် wherin ကို တခြားသူတွေနဲ့တွေ့လျင် မကြိုက်ပေ။ဟုတ်သည် သူမ wheeinကို ချစ်နေမိပြီလေ။
YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး