part 9

47 3 0
                                    

   ဒီနေ့ Byul စောစောထဖြစ်သည်။ဒီနေ့ Hyejin ရဲ့ ကျောင်းဆင်းပွဲနေ့ဖြစ်သည်။ ထို့ကြောင့် သူမ ပြင်ဆင်စရာရှိသည်များပြင်ဆင်နေလိုက်သည်။ hyejin ကသူမချစ်သူ ကောင်မလေး wheein ဆိုသူနဲ့လည်း မိတ်ဆက်ပေးမည်ဟု ဆိုထားသည်။wheein ရဲ့ အစ်မဆိုသူလည်း ပါလာမည်ဟုဆိုသောကြောင့် သူမအနည်းငယ်တော့ သပ်သပ်ရပ်ရပ်တော့ ဝတ်စားသွားရမည် မဟုတ်ပါလား။တော်ကြာ သူ့ကြောင့်နှင့် hyejin ကို အထင်သေးခံရမည်ကိုမလိုလားပါ။ထို့ကြောင့် သူမပုံမှန်ဝတ်နေကျ ပေါ့ပေါ့ပါးပါး အဝတ်အစားများထက် suit လေးတစ်ထည်ကို ရွေးလိုက်သည်။
         Wheein ဒီနေ့စိတ်လှုပ်ရှားနေမိသည်။ဒီနေ့ hyejin ကသူမ အစ်မကို ခေါ်လာမယ်တဲ့လေ။ထို့ကြောင့် မနက်အစောကတည်းက မထစဖူး အစောကြီးနိုးနေမိသည်။ပြီးတော့ သူမဘာလုပ်လုပ် အလွဲလွဲ အချော်ချော်တွေဖြစ်နေသည်။ယခုလည်း ကော်ဖီဖျော်နေသည်ကို သတိမထားမိဘဲရေနွေးတွေက လျံကျနေသည်။
    "Wheein na ရေနွေးတွေလျံကျနေပြီ။''
    "အော်  အင်း unnie''
  "Wheein ရယ် ဘာတွေများအဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ ''
     "unnie ကလည်း hyejin ရဲ့အစ်မနဲ့ တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားပြီး ကြောက်တာပေါ့''
     "အော် ဟိုက သဘောတူတယ်လို့ပြောထားပြီသားမို့လား။ပြီးတော့ unnieလည်းပါမှာပဲဟာ''
    "ဒါတော့ ဒါပေါ့ unnieရဲ့။hyejin ကပြောတယ် သူမအစ်မက ခပ်တည်တည်ပဲ နေတာများတယ်တဲ့''
  Yong ညီမဖြစ်သူစကားကြောင့် သူမရဲ့ byulကို သတိရသွားသည်။သူမရဲ့ byulကလည်း ခပ်တည်တည်ပဲ နေတတ်သူမဟုတ်ပါလား။သူမနှင့်တွေ့လျင်တောင် ပြုံးသည်က ခပ်ရှားရှားရယ်။သူမ byul အကြောင်းတွေးမိရင်း wheein ခေါ်လိုက်သည်ကို မကြားဖြစ်သွားသည်။
    "unnie...unnie.,''
    "ဟင် ''
       " သွားရအောင်လို့ဆို''
     "အော်   အေး အေး''
သူမတို့နှစ်ယောက်လည်း ထွက်လာခဲ့လိုက်သည်။
     Byulတို့ ညီမနှစ်ယောက်လည်း ကျောင်းသို့ရောက်လာပြီး hyejinက ကျောင်းက ကန်တင်းတွင် ခဏစောင့်ရအောင်ဆို၍ byul လည်း ဖုန်းသုံးရင်းစောင့်နေလိုက်သည်။ထိုစဉ်
    "ရောက်လာပြီပဲ unnie ရောက်လာပြီ''
Hyejin ပြောသောကြောင့် သူမhyejin ကြည့်ရာသို့ကြည့်လိုက်သည်။ ကြည့်လိုက်မိသည့်တခဏ သူမအံ့သြမှုတို့ကြောင့် မျက်ဝန်းတို့ ဝိုင်းစက်သွားသည်။အဘယ်ကြောင့်ဆိုသော် သူမရဲ့ yong ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။ထို့ကြောင့် သူမ၏နှုတ်က
     "Yong''
     "Byul ဒါ နင့်ညီမလား''
    "ဟုတ်တယ် ဒါက''
      "အင်း ဒါငါ့ညီမလေ''yong တို့နှစ်ယောက်က နှစ်ယောက်တည်းတင် ရေစက်မဆုံဘဲ ညီမတွေပါ ရေစက်ဆုံနေပါ့လား''
     "unnie အဲ့တာဆို ဒါက unnie ပြောနေကျ unnieရဲ့ ရေခဲတုံးလေး ဆိုတာလားဟင်''
    "ဟုတ်တယ် wheeinရဲ့''
     "ကဲကဲ မတ်တတ်ကြီးတွေနဲ့ ထိုင်ပြီးပြောရအောင်။လာ ကိုယ်ရဲ့ wheein လေးကကိုယ့်ဘေးမှာထိုင်''
     "Hyejin na unnieတို့ရှိနေတယ်လေ''
    "အမလေးနော် သွားထိုင်ပါတော်။ကဲ yong ရဲ့ byul ကyongနဲ့အတူတူထိုင်''
    သူမတို့လေးယောက်လည်း စကားအတော်ကြာအောင်ပြောပြီး ညီမနှစ်ယောက်ရဲ့ ကျောင်းဆင်းပွဲကိုတက်ပြီး ဓာတ်ပုံများလည်းရိုက်ခဲ့ကြသည်။
   ထို့နောက် သူမတို့လည်း အသီးသီးနှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်သည်။Byul စိတ်ထဲတွင် wheein က အတော်ချစ်စရာ ကောင်းပါသည်။hyejin အပေါ်လည်း အတော်ချစ်ဟန်တူပါသည်။သူမ yong နဲ့လမ်းခွဲပြီးရင်တောင် hyejin ကိုတော့ အဲ့ကိစ္စနဲ့ ပတ်သတ်စေမည်မဟုတ်ပါ။
    Yong တို့လည်း အိမ်ကိုရောက်တော့ ကိုယ့်အခန်းကိုဝင်ပြီး အနားယူလိုက်သည်။
    ထိုနေ့မှစ၍ သူမတို့ နှစ်တွဲ ပိုပြီးရင်းရင်နှီးနှီး ဖြစ်လာကြသည်။ တစ်အိမ်နဲ့ တစ်အိမ် အလည်လာတတ်ကြပြီး အတူတူ စားကြသောက်ကြ သည်များလည်း ရှိသည်။
ဒီလိုနှင့် အချိန်အတော်ကြာလာပြီး wheein နဲ့ hyejin လည်း အစ်မတွေ၏ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြသည်။

,''    "ဟင် ''       " သွားရအောင်လို့ဆို''     "အော်   အေး အေး''သူမတို့နှစ်ယောက်လည်း ထွက်လာခဲ့လိုက်သည်။     Byulတို့ ညီမနှစ်ယောက်လည်း ကျောင်းသို့ရောက်လာပြီး hyejinက ကျောင်းက ကန်တင်းတွင် ခဏစောင့်ရအောင်ဆို၍ byul လည်း ဖုန်းသုံးရင်းစောင့်နေလိုက်သည်။ထိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Angels Where stories live. Discover now