"ဘာလုပ်နေလဲ byul''
"အိပ်ခါနီး လိုင်းသုံးနေတာ ။Yong ရော ဘာလုပ်နေလဲ''
"Yong လည်းအိပ်တော့မလို့''
"ဒါဆို အိပ်တော့လေ။အိပ်ရေးပျက်ရင် နေမကောင်းဖစ်လိမ့်မယ်။''
"အင်း..ဒါနဲ့ yong ပြောစရာရှိတယ်''
"ပြောလေ''
"မနက်ဖြန် yong တို့ theme park သွားရအောင်''
"အငိး သွားကြတာပေါ့ ''
Yong တွေးနေမိသည်။Byul ကသူမဘာပြောပြော လက်ခံခဲ့သည်။ဘာလုပ်ချင်တယ်ပြော အတူလုပ်ပေးသည်။သွားချင်သည့်နေရာဆိုလည်း လိုက်ပို့ပေးသည်။စကားပြောပုံနှင့် အပြုအမူက အေးစက်သော်လည်းသူမကို ဂရုတစိုက်ရှိသည်မှန်း သူမသိသည်။သူမမွေးနေ့တုန်းက အဖြစ်အပျက်ကို သွားတွေးမိသွားသည်။
Flash back
Yong ဒီနေ့ သူမမွေးနေ့မို့ စောစော ထဖြစ်သည်။
ဒီနေ့ သူမ အလုပ်မှခွင့်ယူထားသည်။Byulနဲ့ ပန်းခြံသွားမည်ဟု ချိန်ထါးသည်။သူမ byul ကဘာလက်ဆောင်ပေးမလဲဟု သူမ စိတ်ဝင်စားနေမိသည်။ထိုစဉ် Byul ထံမှ ဖုန်းဝင်လာသည်။
"Yong ထွက်လာခဲ့တော့ Byul လမ်းထိပ်ရောက်နေပြီ''
"အင်း yong ထွက်လာပြီ byul''
ထို့နှင့် သူမ လမ်းထိပ်ထွက်လာတော့ byul ကားကိုတွေ့လိုက်သည်။သူမ ကားတံခါးဖွင့်ပြီးဝင်ထိုင်လိုက်သည်။
"yong ပန်းခြံဘဲ တခါတည်းသွားမှာမဟုတ်လား''
"အင်း byul''
Yong ကားမောင်းနေသောbyul ကိုကြည့်မိသည်။
အရင်ဝတ်နေကျ suit နဲ့မဟုတ်ဘဲ shirt အကျီအတိုလေးနှင့် ဂျင်းဘောင်းဘီလေးနဲ့ ဦးထုပ်စောင်းရသည်ကို ကြိုက်သောသူမက ယခုလည်း လျှာထိုးဦးထုပ်လေးဆောင်းလျက် သိပ်ကို ကြည့်ကောင်းနေပါသည်။ဒါပေမယ့် ယခုအထိ byul မှမွေးနေ့ဆုတောင်းစကားလည်းမပြောသေးသလို ဘာလက်ဆောင်မှလည်း ပေးဖို့ အစီစဉ် မရှိသေးသည့်ဟန်။ yong ကတော့ byul သူမမွေးနေ့ကို မေ့နေသည်လားဟုပင် တွေးနေမိသည်။
သူမတို့နှစ်ယောက် ပန်းခြံထဲရောက်တော့ လျောက်လည်ကြသည်။ မုန့်စားကြသည်။ ပန်းခြံထဲရှိ ကစားစရာများလည်း အတုကစားကြသည်။အခုတော့ မောနေပြီ ဖြစ်၍ ထိုင်ခုံ တစ်ခုံ၌ ထိုင်၍ နားနေကြတုန်း byul က ဖုန်းလာ၍ ဖုန်းသွားပြောနေသည်။
Yong ထိုင်ခုံပေါ်တွင် ဟိုငေးဒီငေး ငေးနေတုန်း byul ပြန်ရောက်လာသည်။
" Yong အလုပ်လေးရှိသေးလို့ byul ပြန်လိုက်တော့မယ်''အပြန် yong တစ်ယောက်တည်း ဖြစ်မလား''
Yong အတော်ဝမ်းနည်းမိသွားသည်။byul သူမမွးနေ့အတွက် ဘာစကားမှလည်းမပြောသေးပေ။ယခုလည်း သူမ တစ်ယောက်တည်း ပြန်လို့ဖြစ်မလားတဲ့။yong တားချင်သော်လည်း အလုပ်ကိစ္စဟုပြောလာသည်မဟုတ်ပါလား။yong သူမမွေးနေ့ကို byul မမှတ်မိ၍စိတ်မကောင်ဖြစ်မိသော်လည်း ဖုံးကွယ်လိုက်ရင်း ပြောလိုက်မိသည်က byul,သွားစရာရှိရင် သွားပါဟုသာ။သူမက byul နဲ့ ပတ်သတ်လျှင် အရာရာနာလည်းပေးမိပြီးသားပဲလေ။
"ဒါဆို byul သွားပြီနော်yong ''အပြန် ဂရုစိုက်ပြန်ခဲ့''ဟုဆိုကာ byul ကတော့ ထွက်သွားလေပြီ။
Yong လည်းဆက်ထိုင်မနေချင်တော့သောကြောင့် coffe ဆိုင်တစ်ဆိုင်သို့်သွားပြီး ကော်ဖီမှာသောက်လိုက်သည်။ပြီးနောက် တက္ကစီ စီးပြီး အိမ်သိုပြန်လာခဲ့လိုက်သည်။တက္ကစီအား လမ်းထိပ်တွင်ရပ်ခိုင်းပြီး သူမက အိမ်သို့ လမ်းလျောက်လာလိုက်သည်။
သူမအိမ်နားရောက်တော့ သူမတွေ့လိုက်ရသည်က သူမအိမ်တံတိုင်းတွင် ပန်းကုံးလေးများ လှပစွာ ချိတ်ဆွဲထားသည်။နောက်ပြီး အိမ်တံခါးတွင် ပန်းကုံးလေးများအပြင် အသည်းပုံ ပူဖောင်းလေးများပါ ချိတ်ဆွဲထားသည်။ တံခါးဘေးတွင်တော့ လက်ဆောင်ဘူးလေးချထားသည်။
Yong လည်း သိချင်စောဖြင့် လက်ဆောင်ဘူးလေးအား ချက်ချင်းဖောက်ကြည့်လိုက်သည်။ လက်ဆောင်ဘူးလေးထဲတွင် ဆွဲကြိုးလှလှလေး တစ်ကုံးနှင့် စာလေးတစ်စောင်။စာလေးကို ဖွင့်ကြည့်လိုက်တော့ ''Happy birthday yong''လို့ရေးထားပြီး အောက်တွင် ကြယ်ပုံစံလေး ဆွဲထားသည်။Yong ပျော်လွန်း၍ ထခုန်မိသွားသည်။ ဒါဆို ဒါတွေအကုန်လုံးက byul ပြင်ပေးထားတာပေါ့။byul က သူမမွေးနေ့ကို မမေ့ဘူးပဲ။ထိုနေ့က yong တစ်ညနေလုံး ပျော်နေမိပြီ စိတ်ရွှင်နေလေသည်။
Wheein ကတောင်စသေးသည် ဒို့အစ်မကတော့ ရည်းစားရနေပြီထင်တယ်တဲ့လေ။
Flash back end
Yong ထိုအကြောင်းတွေးမိရင်း လက်ကလည်ပင်းက ဆွဲကြိုးလေးကိုကိုင်ကြည့်ပြီး ပြုံးမိသည်။မနက်ဖြန် ကျရင် byulနဲ့ ပန်းခြံသွားမည်။byulကိုဖွင့်ပြောမည်ဟုလည်းတွေးထားသည်။သူမ ဒီည အိပ်လို့ပျော်တော့မည်မထင်။
တစ်ဖက်တွင်တော့
Byul တွေးနေမိသည်။''Yong ကသူမအပေါ် အလွန်နားလည်မှုရှိသည်၊ဂရုစိုက်သည်။သူမ yong ကိုချစ်မိနေပြီ။''ဘာလိုလုပ်ရမလဲ yong ရယ် မင်းကို ကိုယ်မချစ်သင့်မှန်းသိပေမယ့် ကိုယ်မင်းကို ချစ်နေမိတယ်။ကိုယ် ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမလဲ yong" ဟု တွေးနေမိစဉ်
"ဒေါက် ဒေါက် unnie ညီမလေးဝင်ခဲ့မယ်နော်''
"ဝင်ခဲ့လေ hyejin''
" unnie ဘာလုပ်နေလဲ''
"ဘာမှမလုပ်ပါဘူး ။hyejin ဘာပြောစရာရှိလို့လဲ ပြောလေ။''
"unnie ညီမလေးသူငယ်ချင်းwheeinကိုသိတယ်မဟုတ်လာ''
"သိတယ်လေ''
"အဲ့တာ ညီမလေး သူ့ကို ချစ်မိနေပြီထင်တယ်
သူ့ကိုဖွင့်ပြောတော့မလို့ unnie ကိုတိုင်ပင်တာ''
"ညီမလေး သေချာလို့လား။သူမက မိန်းကလေးနော်''
"သေချာပါတယ်unnieရဲ့ဘာလဲ unnieက မိန်းကလေးချင်းဆို မကြိုက်ဘူးလားဟင်''
"မဟုတ်ပါဘူး ညီမလေးရယ် ညီမလေးကချစ်တာသေချာဆိုရင် မမဘက်က ဘာမှပြောစရာမရှိပါဘူး။ဘယ်တော့ ဖွင့်ပြောမယ် စဉ်းစားထားလဲ''
"လာမယ့် feb14 ရက်နေ့ unnie''ဒါပေမယိ့ သူမက ညီမလေးကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲဟင်''
"အားတင်းထားမှပေါ့ hyejinရ။သူမကလည်း ညီမလေးကို ချစ်နေရင် ချစ်နေမှာလေ''
"ဟုတ်တယ်နော်unnie အဲ့တာကိုမတွေးမိဘူး''wheeinကလည်း ညီမလေးကို ချစ်မှာပါနော်''
"အင်းပေါ့ ငါ့ညီမလေးကို ဘယ်သူမချစ်ဘဲရှိမှာလဲ''
"unnie ပြောမှဘဲ အားရှိသွားပြီ။သွားအိပ်တော့မယ်။unnie လည်းအိပ်တော့လေ။''
"အင်း good nightနော်''
"ဟုတ် unnie good night''
Byul လည်းအခန်းထဲမှထွက်သွားသော hyejinကိုကြည့်၍ အော် ငါ့ညီမလေးတောင် ချစ်ရမယ့်သူရှိနေပြီပါ့ပဲ ဟုတွေးလိုက်မိသည်။ ထို့နောက်တော့ သူမလည်း အိပ်ရာဝင်ရန် ပြင်လိုက်လေတော့သည်။
YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး