Hyejin တစ်ယောက် အိပ်ရာထပြီး သူမအစ်မ ပြင်ပေးသော မနက်စာကို စားပြီး ကျောင်းသို့ထွက်ခဲ့လိုက်သည်။
ကျောင်းရောက်သောအခါ အတန်းထဲရှိ ထိုင်ခုံပေါ်တွင် ထိုင် ဟိုရေးဒီခြစ်လုပ်နေလိုက်သည်။ကျောင်းတက်သောခါ ဆရာမ ဝင်လာပြီး ဆရာမဘေးတွင် ကျောင်းသူတစ်ယောက်လည်းပါလာသည်။ဆရာမက
"ကလေးတို့ ဆရာမတို့ကျောင်းကို ကျောင်းသူအသစ်ရောက်လာတယ်။ကဲ ကျောင်းသူလေး မိတ်ဆက်လိုက်ပါဦး''
"ဟုတ်ကဲ့။ကျွန်မနာမည်က Kim Wheein ပါ jeju ကပြောင်းလာတာပါ။အားလုံးနဲ့ ခင်မင်ချင်ပါတယ်''
"ကဲ လွတ်တဲ့ ထိုင်ခုံ ဝင်ထိုင်လိုက်သမီး။
စာအုက်ထုတ်ရအောင် အားလုံးပဲ"
Wheein လည်းဒုတိယခုံတွင် လွတ်နေသဖြင့် ဝင်ထိုင်လိုက်ပြီး ဆရာမသင်သောစာတွင်သာ အာရုံစိုက်ထားလိုက်သည်။
Hyejin စိတ်ထဲတွင် ခုနက ကျောင်းသူအသစ်လေးမှာ အရပ်ပုပု ပါးချိုင့်လေးနဲ့ သိပ်ချစ်စရာကောင်းနေသည်။သူနဲ့ခင်အောင် ဘယ်လိုလုပ်ရမည်ကိုတွေးနေမိသည်။ထိုစဉ် ဆရာမမှ
" ဟို နောက်က Hyejin ဘယ်တွေငေးနေတာလဲ
စာသင်တာကို အာရုံစိုက်ထားစမ်း''ဟု အဆူခံလိုက်ရသည်။
Hyejin စာအုပ်ကိုကြည့်၍ အာရုံစိုက်နားထောင်နေလိုက်သည်။
စာသင်ချိန်ပြီး၍ အားလပ်ချိန်ဆင်းသောအခါ Hyejinအသစ်ရောက်လာသော ကျောင်းသူလေးကို ကြည့်လိုက်သည်။ကျောင်းသူလေးသည် စာအုပ်ဖတ်နေသည်ကို တွေ့လိုက်သောကြောင့် ထိုကျောင်းသူအသစ်လေးနားကို သွားကာ
"ဟေး သူငယ်ချင်းဖြစ်ရအောင်"ဟုပြောလိုက်လေသည်။
Wheein သူမအား စကားလာပြောသော ကျောင်းသူကို မော့ကြည့်လိုက်သောအခါ အလွန်ဆွဲဆောင်မှုရှိသော မိန်းကလေးမှန်း သတိထားလိုက်မိသည်။ယခု သူမကို စကားလာပြောသည့်ပုံစံမှာလည်း ထူးဆန်းလှသည် သူမ စားပွဲခုံပေါ်တွင ခြေချိတ်ထိုင်ကာ ပြောနေခြင်း။Wheein စိတ်ထဲတွင် အမျိုးအမည် မသိသော ခံစားချက်လေး ပေါ်လာသည်။ထို့ကြောင့်လည်းပဲ
"ရပါတယ် တို့တွေ သူငယ်ချငိးလုပ်ကြတာပေါ့"ဟု နှုတ်မှ အလိုလိုထွက်မိလျက်သားဖြစ်သွားသည်။တစ်ဖက်တွင် Byul တစ်ယောက်angle ကုမ္ပဏီ ရှေ့သို့ ရောက်နေပြီ။သူမ mr kim၏ညီမနှင့်တွေ့ပြီး လုက်ငန်းကိစ္စဆွေးရန်ဖြစ်သည်။ နောက်ပြီးသူမ ဆွဲဆောင်ရမည့် လူကိုလည်း မြင်ဖူးထားချင်မိသည်။ဆွဲဆောင်ရမည့်သူဟု တွေးမိသောအခါ မနက်က သူမ ကားကို တိုက်မသော မိန်းကလေးကို တွေးမိသွားပြန်သည်။
" Ahn Byul ri ဘယ်လိုတွေဖြစ်နေတာလဲ အဲ့မိန်းကလေးကို ခေါင်းထဲကထုတ်စမ်းပါ''ဟု နှုတ်မှ တိုးတိုးရွတ်လိုက်သည်။ထို့နောက် angles ကုမ္ပဏီ အတွင်းသို့ ဝင်လိုက်ပြီး စားရေးအား MD နှင့်တွေ့ဖို့လာတာဖြစ်ပြီး R a p ကဖြစ်ကြောင်းပြောလိုက်သညိ။ ထိုအခါ ခဏစောင့်ပါဟုဆို၍ သူမ ဧည့်တွေ့ခန်း၌ ထိုင်စောင့်နေလိုက်ည်။
ထိုစဉ် သူမဖုန်းက မြည်လာသောကြောင့် ဖုန်းကိုင်လိုက်သောအခါ
"ဘာ.....ပြသာနာဖြစ်နေလို့ ဟုတ်လား
မင်းတို့ ဒီလောက်လေးတောင် မဖြေရှင်းနိုင်ဘူးလား
ခဏစောင့် ငါလာခဲ့မယ်''
လုပ်ငန်းတွင် ဝန်းထမ်းချင်းပြသာနာဖြစ်နေ၍ မန်နေဂျာက လှမ်းဆက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ စာရေးလေးအား မိမိမှာ အရေးတကြီးကိစ္စ ရှိ၍ ပြန်သွာရမည်ဖြစ်ကြောင်း MD အားလည်း အားနာပါကြောင်းပြောပြပေးရန်နှင့် နောက်နေ့တွင်ဆက်ဆက်ဆွေးနွေးပါမည်ဟု ပြောကာ
မိမိကုမ္ပဏီသို့ ပြန်ရန်အတွက် ဓာတ်လှေကားစီးကာ အောက်ထပ်ကားပါကင်သို့လာခဲ့လိုက်သည်။
တိုက်ဆိုင်စွါနှင့် Byul ဓတ်လှေကားထဲသို့ အဝင် Yongsun မှာ ဓာတ်လှေကားမှအထွက်ဖြစ်သည်။သို့သော် သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် သတိမထားမိဘဲ မြန်မြန်ဆန်ဆန်ဘဲ အဝင်အထွက်ပြုလိုက်သည်။
Yong ဧည့်တွေ့ခန်းသို့ ရောက်သောအခါ မည်သူမှမတွေ့သောကြောင့် စာရေးဖြစ်သူ Dopal အားမေးလိုက်သည်။ Dopal ကလည်း Byul ပြောသွားသည့်အတိုင်း တစ်ခုမချန်ပြောပြ လိုက်သည်။
ထိုအခါ Yong က
" အင်းလေ သူ့မှာ အရေးကြီးကိစ္စရှိတယ်ဆိုဆိုတော့လည်း ဘယ်တတ်နိုင်မတုန်း။သူပြောသလို နောက်နေ့မှဘဲ ဆွေးနွေးတာပေါ့''
"ဒါနဲ့ သူက မိန်းကလေးဆို ဟုတ်သလား
သူ့ပုံစံက ဘယ်လို နေလဲ Dopal''
"ဟုတ်တယ်MD သူက မိန်းကလေး MDနဲ့ ရွယ်တူပဲ ထင်တယ်။အတော်လေးကြည့်ကောင်းတယ်
သူ့ပုံစံက ခန့်ညားပြီးတော့ မိန်းကလေးတွေကိုတောင် ဆွဲဆောင်နိုင်မယ့် ပုံမျိုး''
"ချီးကျူးလှချည့်လား နောက်တွေ့မှ တကယ် ဟုတ်မဟုတ်တော့မသိဘူး ''ကဲကဲ ငါ့ရုံးခမ်းပြန်သွားတော့မယ်။အရေးကြီးကိစ္စရှိရင် ငါ့ကို လှမ်းပြော''ဟု မှာခဲ့ပြီး သူမရုံးခန်းသို့ ပြန်လာလိုက်သည်။ လမ်းတစ်လျှောက်တွင်တော့ Dopal ပြောသော စကားများကြောင့် မနက်က သူကားနှင့်တိုက်မိသော အေးစက်စက် မျက်ဝန်းများနှင့် တစ်ယောက်အား အလိုလို တွေးမိလိုက်သေးသည်။
"နောက်တခါ ဆုံချင်ပါသေးရဲ့ ရေခဲတုံးမလေးရေ''ဟု နှုတ်ကခပ်ဖွဖွ ရွတ်ဆိုလိုက်သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး