Wheein တစ်ယောက် မနက်ခင်းကတည်းက ပျာယာခက်နေသည်။ ဖုန်းတစ်လုံးနှင့် ဟိုဆက်လိုက်ဒီဆက်လိုက်နှင့် yong တော်တော်မျက်စိနောက်နေလေပြီ။ ယနေ့ သူမတို့၏ တစ်နှစ်ပြည့် anniversary မို့လို့ hyejin ကို suprise လုပ်မလို့တဲ့လေ။ အဖြစ်သည်းလိုက်လေခြင်းလို့လည်း yong မပြောရဲပေ။သူမနဲ့ byul ၏ anniversary နေ့တုန်းကလည်း ထိုသို့ပင်မဟုတ်လား။ yong လည်း ပြင်ရဆင်ရပေဦးမည်။ byul က သူမအား လျောက်လည်ရအောင်တဲ့လေ။ ချစ်သူဖြစ်သော သက်တမ်းတစ်လျောက် byul ဘက်က လျောက်လည်ရန်ခေါ်သည်မှာ ဒါပထမဆုံးဖြစ်သည်။ ပုံမုန်ဆိုလျင် သူမကသာ ဟိုသွားချင်သည် ဒီသွားချင်ဟူ၍ ပြောစမြဲဖစ်ပြီး byul ကလည်း သူမ သွားချင်သည့်နေရာတိုင်းလိုက်ပို့မြဲဖစ်သည်။ yong သူမအတွေးကို ရပ်လိုက်ပြီး အလှဆုံး အကျီ်င်္ိလေးကို ထုတ်ဝတ်လိုက်သည်။ ပြီးတော့ မိတ်ကပ် နည်းနည်းပါးပါးလိမ်း၍ အိမ်ရှေ့ထွက်ခဲ့လိုက်သည်။byul ကအိအ်ရှေ့ရောက်နေပြီတဲ့လေ။
အိမ်ရှေ့ရောက်တော့ တွေ့ပါပြီ သူမ၏မင်းသားလေး။ byul,ကဒီနေ့်မှပိုပြီး ခမ့်ချောကြီး ဖြစ်နေသယောင်။yong ကားနားရောက်တော့ byul က ကားတံခါးဖွင့်ပေးသည်။ ကားပေါ်ရောက်တော့လည်း ခါးကတ်ပတ်ပေးသည်။ yong byul ရဲ့ပြူမူကြောင့်ကြည်နူးမိသွားသည်။ ဒါသူမနှင့် ချစ်သူဖြစ်သည့်သက်တမ်းတစ်လျောက် byul ပြုလုပ်ပေးသည့် အပြုအမူတစ်ခုဖြစ်သည်။byul ကတော့ yong ကိုခါးပတ်ပတ်ပေးပြီးသည်နှင့် ကားလေးကို စတင်မောင်းလိုက်သည်။
"Byul, yong တို့ ဘယ်သွားကြမှာလဲ''
"အရင်တခါ yong ပြောဖူးတဲ့ ရုပ်ရှင်သွားကြည့်မယ်လေ။''
Yong ပျော်သွားသည်။တခါက သူမအမှတ်တမဲ့ ပြောမိသောအရာလေးကို byul က အမှတ်ရနေသည်။ ရုပ်ရှင်ရုံရှေ့ ရောက်တော့ yong က လက်မှတ်ဝယ်မယ်လုပ်တော့ ဝယ်စရာမလိုတော့ဘူးတဲ့လေ။သူမဝယ်ပြီးပြီတဲ့ ။byul က ထိုသို့ရယ်ပါ ။သူမကိုအမြဲ suprise လုပ်တတ်သော လူသားလေးပင်။
သူမတို့ ရုပ်ရှင်ကြည့်ကြတော့ byul သူမရင်ခွင်ထဲက မထွက်တော့ပေ။ ဘာကြောင့်ဆို သူမတိုကြည့်သည့် ရုပ်ရှင်က horror အမျိးအစားကိုး။byul က လူကသာ ခပ်တည်တည်နေတတ်တာ သရဲကားကျ မကြည့်ရဲဘူးလေ။ ရုပ်ရှင်လည်းပြီးသွားတော့ byul ကိုယ်လည်း ချွေးတွေနင့်နေပြီ။
ရုပ်ရှင်ကြည့်ပြီးသွားတော့ byul က ကစားကွင်းသွားရအောင်တဲ့လေ။ ထို့ကြောင့်သူမတို့ ကစားကွင်းထွက်ခဲ့ကြသည်။ ကစားကွင်းရောက်တော့ ကစားနည်းတွေအကုန်လုံးကို သူမတိုကစားကြသည်။ ကစားပြီးတော့ byul က ဓာန်ပုံရိုက်ချင်သည်ဆို၍ ဓာတ်ပုံရိုက်ကြသည်။ သူမတို့ ကစားကွင်းကထွက်လာတော့ ညနေအတော်စောင်းနေပြီ။ သူမကတို. ယခု ဟန်မြစ်ဘေးကိုသွားနေကြခြင်းဖြစ်သည်။ဒါကလည်း byul ဆန္ဒပင်ဖြစ်သည်။
Hyejin တစ်ယောက် wheein က ပန်းခြံကို လာခဲ့ပါဟူ၍ ထွက်လာခဲ့လိုက်သည်။ ပန်းခြံရောက်တော့ သူမတို့ ဆုံနေကျ ခုံတန်းလေးဘက်သို့ လာခဲ့လိုက်သည်။
ခုံတန်းလေးဘက် ရောက်တော့ wheein ကိုမတွေ့ရပေ။*ကဲကြည့် သူဘဲလာခဲ့ပြောပြီး အခုကျ သူက ဘယ်သွားမှန်းမသိဘူး။*သူအအဲ့လိုတွေးနေတုန်း အနားကို ကလေးတစ်ရောက်လာပြီး ပန်းလေးတစ်ပွင့်ပေးသွားသည်။ နောက် တစ်ယောက်ပြီးတစ်ယောက် ပန်းပွင့်လေးတွေပေးသွားသည်။ သူမ အံသြနေတုန်းမှာ အနောက်က အသံကြားလိုက်ရသည်။ '' hyejin,na ကိုယ့်ကို လက်ထက်ခွင့်ပေးနိုင်မလား''
သူမ လှည့်ကြည့်လိုက်တော့ သူမအနောက်တွင် လက်စွပ်ဘူးလေး ကိုင်ပြီး ဒူးထောက်နေသော wheein ကိုတွေ့လိုက်ရသည်။ သူမ မျက်ရည်များတောင် ဝဲတတ်လာသည်။ နောက်ပြီး သူမက '' လက်ခံပါတယ်'' ဟုပြောလိုက်သည်။ ထိုစဉ် ဘယ်ချိန်က ရောက်လာတယ်မသိသော လူအုပ်ကြီးက popoပေးပါတဲ့တဲ့လေ။ သူမလည်း wheein၏နှုတ်ခမ်းလေးအား အနမ်းတစ်ပွင့်ခြွေလိုက်လေသည်။ လူအုပ်ကြီးက လက်ခုပ်တီးလိုက်သည်။ သူမတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကို အပြုံးများဖြင့်ကြည့်လိုက်လေသည်။
တခြားတစ်ဖက်တွင်
Yong နှင့် byul တို့ ဟန်မြစ်ဘေးတွင် လမ်းလျောက်ရင်း ထိုင်ခုံတစ်ခု၌ ထိုင်လိုက်ကြသည်။ ထိုစဉ် byulမှ
"Yong ''
"အင်း byul ပြောလေ''
"Byul တို့ လမ်းခွဲရအောင်''
"ဘာ byul ဘာပြောလိုက်တယ်။ byul နောက်နေတာ မဟုတ်လား''
"နောက်နေတာ မဟုတ်ဘူးyong. ။byul တကယ်ပြောနေတာ''
" Yong မှာ ဘာအပြစ်ရှိလို့လဲ byul။yong တို့ဒီနေ့ပဲ ပျော်ခဲ့ကြသေးတယ်လေ''
"Yong မှာ အပြစ်မရှိပါဘူး။အပြစ်ရှိတာ yong အကို''
"Yong အကို ဟုတ်လားbyul''
"ဟုတ်တယ် yong အကို''ဟုဆိုကာ byul တို့မိဘနှစ်ပါးကို ကားတိုက်ခဲ့သူဟာ yong အကိုဖြစ်ကြောင်း စသည်ဖြင့် ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်သည်။
"ဒါဆို byul က yongကို''
"ဟုတ်တယ် byul yong ကို မချစ်ဘူး''yong အကိုကို နာကျင်စေချင်လို့ yong ကို ချဉ်းကပ်ခဲ့တာ''
"မဟုတ်ဘူး byul yong ကိုညာနေတာ။ညာနေတာလို့ ပြောလိုက်စမ်းဘာ''
"Byul မညာဘူး။ဒီနေ့ကစပြီး byul တို့ ဘာမှ မပတ်သလို နေကြရအောင် kim,yong sun shi''ဟု ဆိုကာ လှည့်ထွက်လာခဲ့လိုက်သည်။
Kim,yong sun shi တဲ့လား byul ရယ်။ အရင်လို yong လို့တောင် မခေါ်ပါ့လား။ဟုဆိုကာ ငိုနေသည်။
ကျောခိုင်းထွက်ခဲ့သော byul ၏ပါးပြင်တွင်လည်း မျက်ရည်စီးကြောင်းလေးတစ်ခု ဖြစ်ပေါ်သွားသည်။ byul yong ကို သိပ်ချစ်ပါသည်။ ယခုလည်း သူမ ရင်ခွင်တစ်ခုလုံး ကွဲကြေမတတ် ခံစားရပါသည်။ ဒါပေမယ့် မိမိရှေ့တွင် သေသွားခဲ့ရသော မိဘနှစ်ပါးကို တွေးမိတော့ သူမ ဘာလုပ်ရမည်လဲ။ မိဘနှစ်ပါးကို အားနာမိသည်။ထို့ကြောင့် သူမ ရင်နာနာနှင့် လမ်းခွဲရခြင်းသာဖြစ်သည်။
YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး