တစ်ပတ်ခန့်ကြာသော်အခါ
အခန်းတစ်ခုထဲရှိ စားပွဲခုံပေါ်တွင် မှောက်အိပ်နေသော ကောင်မလေးတစ်ယောက်။ သူမဘေးတွင်တော့ အရက်ခွက်နှင့် အရက်ပုလင်းလေးက ထောင်လျက်သား။
*byul သူမ မသိသော နေရာတစ်ခုသို့ရောက်နေသည်။ထိုစဉ် သူမရှေ့တွင်တွေ့လိုက်ရသည်က သူမ၏ ပါးပါးနှင့်မားမား။
"ပါးပါး.....မားမား''
"Byul... သမီးလေး''
"ပါးပါးနဲ့ မားမား ကို သမီးလွမ်းနေတာ''
"ပါးပါးတို့ ပြောစရာရှိလို့လာတာ သမီး။ပါးပါးတို့မှာ အချိန်သိပ်မရှိဘူး။
"ပြောလေ ပါးပါး''
"သမီးလေးကို ပါးပါးတို့ ဒီလိုမြင်နေရတာ စိတ်မချမ်းသာဘူး။ သမီးလေးကို အတိတ်ကအကြောင်းတွေ မေ့ပစ်ပစ်ပြီး သမီးလေးရဲ့ နှလုံးသားလိုရာအတိုင်း လိုက်ပါ''
"ပါးပါး....မားမား...''ဟုဆိုကာ ဖက်လိုက်သည်။
"ကဲ ပါးပါးတို့သွားတော့မယ်'' ဟုဆိုပြီး ပျောက်ကွယ်သွားသည်။ *
"ပါးပါး...မားမား''
Byul မျက်လုံဖွင့်ကြည့်လိုက်တော့ မိမိ စားပွဲပေါ်တွင် မှောက်အိပ်နေမိသည်ကိုး။အိမ်မက်အကြောင်းတွေးမိရင်း
"Yong ကတော့ သမီးကို စိတ်နာနေပြီထင်ပါတယ် ပါးပါးရယ်''ဟု ရေရွတ်လိုက်ပြီး အရက်ခွက်ကိုင်လိုက်ပြီး သောက်ရန် ဟန်ပြင်လိုက်သည်။ထိုစဉ်
"unnie. ...unnie''
"ဟင် hyejin na''
"unnie.... yong unnie လေ ''
"Yong ဘာဖြစ်လိုလဲ''
"Yong unnie ဆေးရုံရောက်နေတယ်''
"ဘာရယ် yong က ဘာလို့ ဆေးရုံရောက်နေရတာလဲ''
"unnie နဲ့လမ်းခွဲပြီးကတည်း ထမင်းမစားတာ။အဲ့တာအပြင် ခု အိပ်ဆေးသောက်လိုက်လိုတဲ့''
"ဘာရယ် yong က အိပ်ဆေးတွေ သောက်လိုက်တယ်။မဖြစ်ဘူး ငါyong ဆီသွားမှဖြစ်မယ''
ဟုဆိုကာ အပြေးအလွားထွက်သွားလေသည်။
ဆေးရုံရောက်တော့ byul yong ရှိသည့်အခန်းဆီကို အပြေးလာခဲ့လိုက်သည်။ အခန်းရှေ့တွင် wheein ကို တွေ့လိုက်ရသည်။ yong က အခုထိ သတိမရသေးဘူးတဲ့။ သူမလည်း yong ရှိရာသို့ လာခဲ့လိုက်သည်။
ခုတင်ပေါ်တွင် လှဲနေသော yong ကိုကြည့်ရသည်မှာ byul အလိုလိုပင် အတော်နာကျင်မိသည်။
"Yong ရယ် byul ကို အဲ့လောက်တောင် ချစ်ရသလား။yong ကို ပစ်သွားတဲ့သူဆိုပြီး မုန်းလိုက်ပါလား။ဘာလို့ အခုလို ဖြစ်တဲ့အထိ နေရတာလဲ။byul နောက်ဆို yong ကို ခွဲမသွားတော့ပါဘူး။byul ကို ခွင့်လွတ်ပါ yong ရယ်။''
"Yong ခွင့်လွတ်ပါတယ်''
"Yong သတိရလာပြီ။yong ဘာလို့ အဲ့လိုလုပ်ရတာလဲ''
"Byul မရှိတဲ့ ဘဝမှာ yong မနေချင်လို့ပါ''
"နောက်ဆို အဲ့လိုမလုပ်ပါနဲ့ ။byul,နောက်ဆို yong ကိုခွဲမသွားတော့ဘူးနော်''
"တကယ်နော် byul နောက်ဆို yong ကိုခွဲမသွားနဲ့နော်။ ကတိနော်''
"ကတိပေးပါတယ် yong ရယ်''ဟုဆိုကာ yong နှုတ်ခမ်းလေးကို byul,နမ်းလိုက်လေသည်။
အခန်းရဲ့ အပြင်ဘက်တွင်လည်း wheesa တို့မှာ အနမ်းဖလှယ်နေကြသည်။
ဖေဖော်ဝါရီလ၁၄ရက်
မင်္ဂလာခန်းမ၌
Kim Yong Sun နှင့် Ahn Byul Ri
Kim Wheein နှင့် Ahn Hyejin တို့၏ မင်္ဂလာဧည့်ခံပွဲ ဟု နာမည်ရေးထိုးထားသည်။
သူမတို့ ထိုကိစ္စတွေပြီးသွားတော့ အရင်လို ပျော်ပျော်ရွှင်ရွှင်နေကြသည်။Mr kim,ကလည်း အရင်က က္စိတွေအတွက် သူတောင်းပန်ကြောင်းဆိုလာသည်။ထို့နောင် သူမ yong ကို လက်ထပ်ခွင့်တောင်းပြီးသူမတို့ အမှတ်တရ များစွာရှိသော ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လက်ထပ်ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုစဉ် သတိုးသမီးတို့ နေရာယူနိုင်ပါပြီ ဟု အသံကြားပြီး သတို့သမီးတွေထွက်လာကြသည်။ Byul ကတော့ အပြာရောင် suit လေးနဲ့ yong ကတော့ အပြာရောင် သတို့သမီးဝတ်စုံလေးနှင့်။wheein က အဖြူရောင်suit လေးနှင့် hyejin ကတော့ အဖြူရောင် dress လေးနဲ့ ဖြစ်သည်။
ကဲ သတို့သမီများ သစ္စာဆိုကြပြီးနောက် မင်္ဂါပွဲလာ သူများက အနမ်းပေးရန် တောင်ဆိုကြသည်။
ထိုနှင့် သူမတို့နှစ်တွဲလည်း အနမ်းများဖလှယ်လိုက်လေသည်။
ပရိတ်သတ်များကလည်း ပျော်ရွှင်စွာ အော်ဟစ်အားပေးရင်း မင်္ဂလာပွဲလေး အဆုံးသတ်သွားခဲ့သည်။
မင်္ဂလာဇနီးမောင်နှံကတော့ အပြုံးတွေဝေသော မျက်လုံးများနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။
YOU ARE READING
Angels
Fanfictionမိဘများသေဆုံးမှုကြောင့် လက်စားချေလိုစိတ်များနဲ့ အချစ်ဆိုသည်ကို မသိခဲ့သူ Ahn Byul-ri ပျော့်ရွှင်တတ်ပြီး ရေခဲတုံးလို လူတစ်ယောက်ကိုမှ ချစ်မိခဲ့သူ Kim Yongsun Byul တစ်ယောက် Yongsun ကြောင့် အချစ်ကိုသိပြီး ရန်ငြိုးတွေ ပြေပျောက်နိုင်မလားးးးး