အပိုင်း ၂

22.4K 2.5K 270
                                    

"ရှေ့နားဆိုရင် တောင်တွေဖြတ်ရမယ်၊ ရှုခင်းသိပ်လှတယ်"

လေတိုးသောကြောင့် ဆိုင်ကယ်မောင်းနေသော ဖြူ့ စကားသံကို သဲ့သဲ့သာ ကြားရသည်။ တောငှက်ပျောပင်များကို နေရာတိုင်းမှာ တွေ့နေရသည်။ စွင့်ကားသော ရွက်ဖားများသည် စိမ်းစိမ်းစိုနေသည်။ သစ်ပင်မြင့်ကြီးများသည်လည်း မရှားပါ။ တောနှင့်တောင်သည် ပနံရစွာ လှနေသည်။

ကတ္တရာခင်းလမ်းလေးသည် ကွေ့ရင်း ကောက်ရင်းပင် မြင့်သထက် မြင့်လာသည်။ လယ်ကွင်းများ၊ ရှုခင်းများ၊ သစ်ပင်စုများကြားမှ အိမ်ငယ်လေးများသည် သေးငယ်လာပြီ။ ဟိုးအ‌ေ၀းတောင်ခြေရှိ စိမ်းစိုနေသော စပါးခင်းများသည် အစိမ်းရောင်ပင်လယ်ပြင်သို့ အသွင်ပြောင်းသည်။ နောက်ခံတောင်ပြာတန်းနှင့် ဖြူလွလွတိမ်စိုင်များနှင့် အဆုံးသတ်သည့် သဘာ၀ရှုခင်းတစ်ခု။

"ဆောင်း.."

"ဗျာ.."

"ဟိုမှာ.."

ဖြူက မေးငေါ့ရုံ ညာဘက်ခြမ်းသို့ ညွှန်ပြသည်။

ဒဏ္ဏာရီထဲမှ ရေနဂါးတို့ ပျော်ရာမြေ

အင်းတော်ကြီးရေပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀ ကျော် အမြင့်တွင်ရှိသော ကန်ရေပြင်ကြီး ဖြစ်သောကြောင့် တောင်ပေါ်ပင်လယ်လေးဟု တင်စားခေါ်ရသည့်နေရာ။ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင်ပါ အကြီးဆုံးစာရင်း၀င် ကုန်းတွင်းရေချိုကန်ကြီး။ ထူးခြားရှားပါးသော ရမ်ဆာရေ၀ပ်ဒေသ မှတ်တမ်း၀င်။ အာဆီယံ အမွေအနှစ် ဥယျာဥ်။ ကမ္ဘာလုံးဆိုင်ရာ ဇီ၀အ၀န်းနယ်မြေ အစရှိသဖြင့် ဘွဲ့ထူး ဂုဏ်ထူးများစွာပိုင်ဆိုင်ထားသော အင်းတော်ကြီးကန်ကြီးနှင့် ပတ်၀န်းကျင်ဒေသများသည် မျက်စိရှေ့မှာ။

"ဖြူ.."

"ရှင့်.."

"ဟို.. ခဏ ရပ်ပေးလို့ ရမလား"

ဆိုင်ကယ်လေးသည် လမ်းဘေးတစ်နေရာတွင် ထိုးရပ်သည်။

တောင်ပေါ်တော၏ စိုထိုင်းမှုကို ခံစားရသည်။ တပ်မဟာကြီးတစ်ခုအလား များပြားလှသော ပုစဥ်းကောင်လေးများသည် ပျံ၀ဲနေသည်။ ဒီလောက်များပြားလှသော ပုစဥ်းကောင်များကို တစ်ခါမှ မတွေ့ဖူးခဲ့။ ပုစဥ်းကောင်များကြားမှာ ငှက်ငယ်များသည် တပျော်တပါး ပွဲတော်ခံနေသည်။

တောင်တောရယ်သာWhere stories live. Discover now