PART(1)

22K 603 1
                                    

(Unicode)

2019 Jan 7
နှာတံသေးသေး နှုတ်ခမ်းဖူးဖူးတို့ကို ပိုမိုပေါ်
လွင်အောင်အားဖြည့်ပေးနေသော မျက်လုံးဝိုင်းဝိုင်းလေးများ၊ မိန်းကလေးတိုင်းအားကျရလောက်သော ခန္ဓာကိုယ်၊ အရပ်အမောင်းဖြင့် မြင်တွေ့ရသူတိုင်း လည်ပြန်ကြည့်ရှုရတဲ့ မိန်းမချောလေးတစ်ယောက် ကျောလယ်လောက်ရှိတဲ့ ဆံပင်လေးကို စည်းနှောင်ထားတဲ့ ဖဲကြိုးအဝါလေးနဲ့လိုက်ဖက်စွာ အဝါရောင်မြန်မာဝမ်းဆက်လေးဝတ်ထားပြီး သွယ်လျှသောလက်ချောင်းလေးများဖြင့် ဖုန်းကိုကိုင်ကာ ရန်ကုန်တက္ကသိုလ်၏အထင်ကရ အဓိပတိလမ်းမပေါ် တွင် မှတ်တမ်းတင်နေသောထိုကောင်မလေးကို လမ်းမကြီးဘေးရှိ သစ်ပင်ရိပ်အောက်တွင် ရပ်စောင့်နေရခြင်း...

YUFLကျောင်းဝတွင်ရပ်စောင့်၍ အတန်းပြေးမည်ဟုဆိုကာ ရန်ကုန်တက္ကသိုလ်၏ The whole fresher welcome ဆီသို့ ဆွဲခေါ် ခြင်းခံခဲ့ရပြီး မော့ကြည့်တာနဲ့ မျက်လုံးကျိန်းစပ်လောက်အောင် ပူလောင်တဲ့နေမင်းကြီးအောက်မှာ ရပ်စောင့်နေရတဲ့ကိုယ့်ဘဝ...
လမ်းမလယ်ရှိ သူ(မ)မှာတော့ မပူသည့်အလား ရှုထောင့်မျိုးစုံမှ မှတ်တမ်းတင်နိုင်သည်...

မနေနိုင်တော့၍ သူမရှိရာသို့သွားကာ...

"မပြီးသေးဘူးလား နွေး ရာ... ကိုယ်မစောင့်နိုင်​တော့ဘူး" လို့ပြောလိုက်တော့...

"ပြီးပါပြီ မုန်း ရဲ့ အကြာကြီးစောင့်လိုက်ရရင် sorry... လာ RC ထဲဝင်ရအောင်" ဆိုပြီး
ကိုယ့်ကိုလှည်ကြည့်ကာ အချိုသာဆုံးပြုံးရင်းဆိုလာတဲ့ သူ(မ)...

" နွေး ခဏနေဦး ကိုယ်တို့ရောက်နေတာ ကိုမာန့်ကို ဖုန်းဆက်‌ပြောသင့်တယ်ထင်တယ်"

"အော် ကိုမာန် က သူ့အမေကို ဆေးခန်းလိုက်ပို့ရမှာမို့ မလာဘူး"

"ကိုမာန့်ကိုလား..."

သူ(မ) စဉ်းစားခန်းဝင်နေဟန်ဖြင့် ပြောလာပြီးနောက်...

"လာပါ မုန်း ရာ... သူမရှိတော့ ပိုလွတ်လပ်တယ်... ဆက်မနေတော့ဘူး..."

RC ထဲ ရောက်မှ အပြင်အဆင်ကို သတိထားကြည့်မိသည် back to origins ဆိုပြီး ကြိုးဖုန်းလေးတွေ၊ ကျောင်းသားဟောင်းတွေရဲ့ အဖြူအမဲ ဓာတ်ပုံတွေနှင့် 90's theme ပုံစံလေးပြင်ဆင်ထားတာလေးက တခြားကျောင်းတွေနဲ့မတူဘဲ တမူထူးခြားနေသည်...

FIRST LOVE {completed}Where stories live. Discover now