(Unicode)
"ဟဲ့... မုန်း ဘယ်သွားတာလဲ"
နွေး အော်ခေါ်တာတောင်မကြားပါ...ထိုကြောင့် လေးယောက်သား Food Paradise ရှေ့ကိုထွက်လာပြီး မုန်း ကို ရှာတော့ အစအန တောင်မတွေ့ရတော့... ဘယ်လောက်တောင်ပြေးပြီး ထွက်သွားသည်မသိ...
" မုန်း လုပ်စရာ တစ်ခုခု ရှိလို့ဖြစ်မှာပါ...ခဏစောင့်ကြတာပေါ့..."
အိမ့်စုမှ ပြောခြင်းဖြစ်သည်...
"ဒါပေမဲ့ မုန်း က ဘာလို့ ဂမုန်း တစ်ယောက်ထဲကို စောင့်ပါလို့ပြောသွားတာလဲ..."
တွေးဆဆပုံစံနဲ့ ပြောလာတဲ့ နေခြည်...
အဲ့တော့မှ ဂမုန်း လဲတွေဝေသွားသည်... မုန်း ဘာလို့သူ့ကိုစောင့်ခိုင်းသွားတာလဲ... ပြီးတော့ အိမ့်စုက ဘာလို့ ငိုမဲ့မဲ့ ဖြစ်နေတာလဲ...တစ်အောက်ကြာတော့ မုန်း ပြန်လာခဲ့သည်... လက်ထဲမှာလဲ နှင်းဆီပန်းတစ်ပွင့်ကို ကိုင်လျက်နှင့်... ခုနက မုန်းထွက်သွားတာ ဒီနှင်းဆီပန်းကြောင့်လား...
အနားရောက်မှ မုန်း မျက်နှာကို သေချာကြည့်မိသည်... ချွေးစလေးတွေတောင်စို့လို့ ဘယ်လောက်တောင်ပြေးသွားလို့ပါလိမ့်...
"ဟို...မ အတွက်"
မောဟိုက်နေသော အသံလေး နဲ့ ဂမုန်း ရှေ့ကို နှင်းဆီပန်းလေး ထိုးပေးလာသည်..."ဟင်... အစ်မ အတွက်" ဂမုန်းလဲ ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြီး မေးကြည့်တော့...
ခေါင်းကို ခပ်လေးလေးငြိမ့်ပြသည့် မုန်း... ပြီးတော့ ဂမုန်း ကို ညှိုးငယ်စွာနဲ့ ပြန်ကြည့်သည့် မုန်း ရဲ့ မျက်ဝန်းထဲမှာလဲ လက်ခံစေချင်တဲ့ မျှော်လင့်ချက်တွေကိုတွေ့နေရ၍ ဂမုန်း ဘယ်လိုမှ မငြင်းရက်ခဲ့ပါ...ဂမုန်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပန်းကိုယူလိုက်တော့ နှုတ်ခမ်းလေးကော့တက်ရုံပြုံးသွားသည်ကို မြင်ဖြစ်အောင်မြင်လိုက်ရသေးသည်... ဒီကောင်မလေး ပြုံးတတ်သေးတာဘဲ...
"ဒါဆို ကိုယ်တို့ ပြန်တော့မယ်... နွေးလာပြန်ရအောင်..."
"အော်... အေ... "
နွေး မှာ အဖြစ်အပျက်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေရင်း ခေါ်တဲ့နောက်ကို တောင့်တောင့်လေးနဲ့ ပါသွားရလေရဲ့...
YOU ARE READING
FIRST LOVE {completed}
Romance17.April.2020 LOVE STORY OF YANGON UNIVERSITY (2019 version) (Zawgyi) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ပဲလား (Unicode) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ဘဲလား