PART(6)

4.5K 309 3
                                    

(Unicode)

အတန်းထဲရောက်တော့ ဆရာမ မဝင်သေးတာကြောင့် ဟိန်း ရော မာန် ပါ ဖုန်းသုံးကာစောင့်နေလိုက်သည်...
ဒါပေမဲ့ တည်စေမင်းကတော့ တစ်ခုခု စဉ်းစားနေဟန်ရှိ၏...

" မာန်... မင်း မုန်း ကို ကြိုက်နေတာ သူရောသိရဲ့လား... "
ရုတ်တရက်ဆန်တဲ့အမေးကြောင့် ဟိန်း ဖုန်းဆက်မသုံးနိုင်တော့ဘဲ တည်စေမင်း မျက်နှာကိုသာမော့ကြည့်လိုက်မိသည်... ဒီကောင် ဘာလုပ်ဖို့တွေးနေတာလဲ...
ဟိန်း က လန့်နေသော်လည်း မာန် ကတော့ အတွေးရိုးရိုးဖြင့်သာပြန်ဖြေလာသည်...

"မသိလောက်ဘူးထင်တယ်... ဒါကြောင့်လဲ ငါတို့ဆက်ဆံရေးက အဆင်ပြေနေတာလေ..."

"ဘာလို့လဲ..."
စိတ်ဝင်တစားမေးလာတဲ့ ဟိန်း...
တည်စေမင်းကြောင့် စိတ်ပူတာကသက်သက် သိချင်တာကသက်သက်ဆိုတော့ကား မေးရမှာပေါ့... မဟုတ်ဘူးလား...

ဟိန်းဆို ကြိုက်ရင်ဖွင့်ပြောလိုက်တယ်... ပြန်ကြိုက်ရင်တွဲတယ်... ပြန်မကြိုက်တော့ နောက်တစ်ယောက်ပေါ့... ဘာမှ serious ဖြစ်နေစရာမလိုဘူး...

"ငါ အချစ်ကိုစသိချိန်ထဲက မုန်း တစ်ယောက်ထဲကို သဘောကျခဲ့တာ... ဘာလုပ်လုပ် အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ရတော့ မုန်းရဲ့ စိတ်ကိုလဲ သိနေတယ်... သူ့ကိုချဉ်းကပ်တဲ့ယောက်ျားတိုင်းကို ဘာအခွင့်အရေးမှမပေးတဲ့အပြင် စကားတောင်ပြန်မပြောဘဲ ရှိတယ်လို့ကိုသဘောမထားတာ... ဒါကြောင့် ငါဖွင့်မပြောတာ. ပြောလိုက်လို့ သိသွားမှ ပိုဝေးရမယ့်အဖြစ်ကိုငါမလိုချင်ဘူး... ပြီးတော့ မုန်း ငါ့အပေါ်ထားတဲ့စိတ်ကိုလဲ ငါသိနေတယ်... အဲ့တော့ မုန်း လိုအပ်ချက်တွေကို ဖြည့်စည်းပေးပြီး သူပျော်မယ်ဆိုတဲ့အရာတွေကို ငါကြိုးစားပြီး ဖန်တီးပေးမယ်... သူငါ့ကို တစ်သက်လုံး အစ်ကိုအဖြစ်သဘောထားမယ်ဆိုရင်လဲ အစ်ကိုအဖြစ်နဲ့ဘဲစောင့်ရှောက်ပေးမယ်"

ဟိန်းမှာ မာန် ပြောတာနေတာကို ပါးစပ်အဟောင်းသားနဲ့ နားထောင်မိသည်... မာန့်လို‌ကောင်မှာ ဒီလိုခံစားချက်မျိုးရှိနေတယ်တဲ့လား...
ဟိန်းကတော့ ကောင်မလေးတိုင်းကို ကြိုက်ရင်တွဲတယ်... မကြိုက်တော့ရင် နောက်တစ်ယောက်ပြောင်းတယ်... ဒီလို လေးနက်မှုတော့မရှိခဲ့... လောကကြီးမှာ မာန့်လိုလူစားမျိုးလဲရှိသေးတာဘဲလား...
ဟိန်းရော တစ်ကယ်ချစ်တဲ့သူနဲ့တွေ့ရင် သူ့လို သဘောထားနိုင်ပါ့မလား...

FIRST LOVE {completed}Where stories live. Discover now