PART(13)

5.5K 313 13
                                    

(Unicode)

တောင်ငူဆောင်ရှေ့မှာ ၁၁နာရီကျော်ကထဲက ရပ်စောင့်နေသူက ဆံနွယ်ရှည်တွေနှင့် အရပ်ရှည်သော်လည်း ကလေးမျက်နှာဖြင့်ဖြူစင်လွန်းသောကောင်မလေး မုန်းရောင်ခြည်သာဖြစ်သည်...

၁၂နာရီမှပြီးမယ်ဆိုသော်လည်း တွေ့ချင်နေတဲ့စိတ်ကထိန်းမရ... ဒါကြောင့် အစောကြီးလာစောင့်နေရခြင်းဖြစ်သည်...

ဖေဖေ့ဆိုင်ကြောင့်သာမဟုတ်ရင် စနေရော တနင်္ဂနွေပါ မ နဲ့ လာတွေ့လိုက်ပြီဖြစ်သည်... မနေ့ကလဲ တစ်နေကုန်ဆိုင်ထဲမှာထိုင်နေရပေမဲ့ စိတ်ကတော့ မ ဆီသာရောက်နေသည်...

စနေနေ့လိုပိတ်ရက်မျိုးကို အရမ်းကြာတယ်လို့ထင်ခံစားရတာ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပထမဆုံးဖြစ်လိမ့်မည်ထင်...

ဂမုန်း အတန်းပြီးသွားလို့ အဆောင်ရှေ့ထွက်လာရုံသာရှိသေး ခုံတန်းလေးမှာ ပန်းစည်းလေးကိုင်ကာထိုင်နေတဲ့သူလေးကိုမြင်ပြီး အံ့သြမိသလို ပျော်လဲပျော်သွားမိသည်... ဒီနေ့ ထိုကလေးလာမယ်လို့ပြောထားသည့်တိုင် အရမ်းမမျှော်လင့်ထားခဲ့ပါ...

"ရောက်နေတာကြာပြီလား..."

ကောင်မလေးရှေ့ရပ်ကာမေးလိုက်၏... မျက်နှာထက်မှာလဲ အပြုံးတွေဝေဆာနေလျက်နှင့်ပေါ့...

မုန်း ၁နာရီလောက်စောင့်ပြီးတော့မှ မ က ထွက်လာတာလေ... ကိုယ့်ကိုတွေ့တော့ ရောက်နေတာကြာပြီလားတဲ့... မုသားမဆိုဘဲ ကြာပြီလို့ပြောရင် သူ့ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်သွားမှာကိုသိနေသည်...

"မကြာသေးပါဘူး..." ဟု ပြန်ဖြေဖြစ်၏...

မုန်း ဘယ်တုန်းကမှ လူတစ်ယောက်ရဲ့စိတ်ကိုဖတ်တတ်သွားမယ်လို့ မထင်ခဲ့ပါ...

အခုတော့ မ ရဲ့ မျက်နှာလေးကိုကြည့်ရုံနဲ့ ကိုယ် အားလုံးနားလည်တတ်နေပါပြီ...

အချစ်ရဲ့စွမ်းအားက ဒါများလား...

"မ တစ်ယောက်ထဲလား မနေခြည်တို့ရော..."

တပူးပူးတတွဲတွဲသုံးယောက်မှာ နှစ်ယောက်ကပျောက်နေလို့မေးမိသည်...

"သူတို့က အိမ်မှာပေါ့ .. အတန်းတက်ဖို့တောင် မနည်းပြောယူရတဲ့သူတွေက ခုလိုပိတ်ရက်မှာတက်ရတဲ့သင်တန်းဆို လှည့်တောင်ကြည့်တာ မဟုတ်ဘူး..."

FIRST LOVE {completed}Where stories live. Discover now