PART(8)

3.9K 288 0
                                    

(Unicode)

တည်စေမင်းမှာ မုန်း လမ်းလွဲသွားမည်စိုးသောကြောင့် ပင်လုံဆောင်ရှေ့တွင် လာစောင့်နေမိသည်... တစ်အောင့်ကြာတော့ ချစ်သူလမ်းကြားလေးအတိုင်း လျှောက်လှမ်းလာတဲ့ မုန်းကိုတွေ့ရတော့သည်... အနီရောင်ခါးရှည်အင်္ကျီလေးကို ဂျင်းဘောင်းဘီအနက်လေးထဲထိုးထည့်ပြီး ဝတ်လာတဲ့ပုံလေးက တကယ်ချစ်ဖို့ကောင်းပါသည်...
အနားရောက်လာတော့ သူမလေးလဲ ကိုယ့်ကို မှတ်မိနေဟန်ဖြင့် ကြည့်လာသည်...

"ညီမကို မာန်က လာခေါ်ခိုင်းလို့ အစ်ကိုလာစောင့်နေတာပါ... မာန် ကိစ္စလေးရှိလို့ မလာနိုင်ဘူး... အဲ့ဒါကြောင့်..."

ကိုယ့်ကို သေချာရှင်းပြတဲ့ ဒီအစ်ကို့ကိုကြည့်ပြီး အားနာလာရ၍...

"ဟုတ် ရပါတယ်... လာခေါ်ပေးလို့ ကျေးဇူးပါ..." ဟု ပြောရ၏...

ထိုအခါ တည်စေမင်းမှ ခပ်အေးအေးပြုံးပြကာ...

"ဒါဆို သွားရအောင်... ဟိုမှာ ညီမသူငယ်ချင်းစောင့်နေတယ်..."

"ဟုတ်ကဲ့..."

တည်စေမင်း စကားပြောရင်း စိတ်လှုပ်ရှားနေမိသည်... ဒီလိုနှစ်ယောက်တည်းတွေ့ရတာကြောင့် သူ့အတွက် စိတ်လှုပ်ရှားရတာ အဆန်းမဟုတ်ပါဘူးလေ...

သူမလေးနဲ့ စကားပြောနေရင်း တည်စေမင်း စိတ်ထဲမှာပြောနေမိသည်က...
ချစ်ဖို့ကောင်းလိုက်တာ.ချစ်ဖို့ကောင်းလိုက်တာ ဆိုပြီးတော့သာ...

ဒီကောင်မလေးကို ပိုင်ဆိုင်သူက သူသာဖြစ်ချင်သည်... သူ့အတွက် အမှန်ပင်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးမို့...

ခန်းမထဲရောက်တော့ မာန်တို့ ပြန်မရောက်သေးချေ... မုန်းက သူ့သူငယ်ချင်းမလေးအနားမှာဝင်ထိုင်တော့ တည်စေမင်း မုန်းနဲ့ကပ်လျက်ခုံမှာ ဝင်ထိုင်လိုက်မိပါတယ်...

မုန်းလဲရောက်ရော နွေးက အနားကပ်လာကာ...

" မုန်း ဘာလို့ကြာနေတာလဲကွ..."

" မ တို့အတန်းဆင်းတဲ့အထိစောင့်နေလို့..."

"ဪ... အရင်က ငါ့ကိုစောင့်ရရင် စိတ်မရှည်တဲ့ ငါ့သူငယ်ချင်းလေးတောင် ၁နာရီလောက် စောင့်ရလဲ ကျေနပ်နေတတ်ပြီပေါ့..."

FIRST LOVE {completed}Where stories live. Discover now