PART(11)

3.8K 297 4
                                    

(Unicode)

"ကျောင်းသွားတော့မလို့လား..."

"အွန်..."

လွယ်အိတ်လွယ်ပြီး ထွက်လာတာမြင်ရဲ့သားနဲ့ ဘာလို့ မေးနေသေးမှန်းမသိပါ... အရင်ကလဲ သားဖနှစ်ယောက်က တစ်အိမ်ထဲနေပေမဲ့ တစ်နေ့ကိုစကားတစ်ခွန်းပြောဖြစ်ရင်ကို တော်တော်များနေပြီ...

အဖေကို အရေးတယူမလုပ်ချင်နေသောသားဖြစ်သူ ထွက်မသွားခင် ဦးမင်းဆက် လှမ်းပြောလိုက်သည်က...

"ဒီအပတ်သောကြာနေ့ သွားစရာရှိတယ်... အဖေနဲ့အတူလိုက်ခဲ့ရမယ်... ဒါကြောင့်ကြိုပြောထားတာ..."

"ဒါဘဲမှတ်လား..."

ထိုမျှသာပြော၍ ထွက်သွား၏...

ဦးမင်းဆက် ထွက်သွားပြီဖြစ်တဲ့သူ့သားတည်စေမင်းကိုကြည့်ပြီး သက်ပြင်းချနေမိသည်... ဒီကလေး ဘယ်တော့မှ သူ့အပေါ်အမြင်ကြည်မှာပါလိမ့်...

တည်စေမင်းကားပေါ်ရောက်တော့ မမောင်းသေးဘဲ ကားလက်ကိုင်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်... အရင်တုန်းကကျ ဘယ်မှမခေါ်သူက အခုမှ အတူတူလိုက်ဖို့ ဘာလို့ပြောလာတာလဲ... ပြီးတော့ တည်စေမင်း အဖေ့အပေါ် ဘယ်လိုမှသဘောမထားပါ... စကားမပြောတာကြာတော့ အနေစိမ်းပြီး ပြောစရာစကားကိုမရှိတော့တာ... ဒီလို စကားမပြောကျတာကလဲ အဖေ့လုပ်ရပ်တွေကိုနားမလည်နိုင်လို့ အမေနဲ့ကွာရှင်းပြီး နောက်အိမ်ထောင်လဲမပြုဘဲ တစ်ယောက်ထဲ အေးဆေးနေနေသည်.. ဒါနဲ့များ ဘာကြောင့် ကွာရှင်းပြီး တည်စေမင်းကို မိတစ်ကွဲဖတစ်ကွဲဖြစ်အောင်လုပ်လိုက်တာလဲ...

အရင်က အကြောင်းတွေ စဉ်းစားပြီး မျက်ရည်ကျမိနေသည်မို့ လက်ခုံနဲ့ မျက်ရည်တွေကိုဖိသုတ်ချပြီး ကျောင်းကိုသာမောင်းထွက်လာလိုက်တော့သည်...

*******
"ဟင်း..."

သက်ပြင်းတို့ချမိသည်က အကြိမ်ကြိမ်...

ရှေ့မှာ ဆရာမ စာသင်နေပေမဲ့ ဂမုန်း စိတ်မဝင်စားနိုင်ပါ... စနေနေ့ကတည်းကဖြစ်ခဲ့တာကို အခုထိ စိတ်ထဲမတင်မကျဖြစ်နေ၏... မနေ့တုန်းကလဲ မတွေ့ဖြစ်ကြ... အခုကျောင်းပြန်ဖွင့်တော့လဲ အတန်းတက်နေရတာမို့ တွေ့ဖို့မဖြစ်နိုင်... မနေ့ကဆို တစ်နေ့လုံး အဲ့ကိစ္စကြောင့် ဟိုစဉ်းစားဒီစဉ်းစားနဲ့...

FIRST LOVE {completed}Where stories live. Discover now