(Unicode)
မုန့်စားလို့ပြီးသွားတော့ အချိန်နီးနေပြီမို့ ရုံရှေ့မှာ လာစောင့်နေတုန်း...
"နွေး... ခု အစ်မတို့ ဘာကားသွားကြည့်မှာလဲ..." ဆိုပြီး မအိမ့်စုမှ ထပ်မေးလာတော့သည်...
ဪ... ဟုတ်သားဘဲ ကြည့်မယ့်ကားကဘာကားလဲဆိုတာ မပြောပြရသေးဘူးဘဲ...
"Door Lock... ကိုးရီးယားကား..."
အိမ့်စု တစ်ချက်တိတ်ဆိတ်ငွားသော်လည်း
"ရုံထဲဝင်လို့ရပြီ... သွားရအောင်..." ဟုနေခြည်စံက ဆော်အောလိုက်တော့ ငါးယောက်လုံး ရုံထဲ ဝင်လာခဲ့ရသည်...
မုန်း အခု အရမ်းစိတ်လှုပ်ရှားနေပါသည်... ဘာကြောင့်လဲသိလား... ခုံမှာထိုင်ကြတာက
နွေး မုန်း မ မနေခြည် မအိမ့်စု အစဉ်တိုင်းထိုင်နေသည်လေ... ရုပ်ရှင်မပြသေးဘူးဆိုတော့ မ မျက်နှာကို သေချာစိုက်မကြည့်ရဲသေးပါ...နိုင်ငံတော်သီချင်းဖွင်တော့ လူကရှေ့ကိုမတ်မတ်ရပ်နေပေမဲ့ ခေါင်းကတော့ ၉၀ဒီဂရီနီးပါး စောင်းနေသည်... နွေးဘက်ကိုတော့မဟုတ်ပါ...
ဒါဆို နွေးကလည်း သတိထားမိနေတော့...
မုန်းရေနင်ဒီလောက် သိသာနေတာတောင် မဂမုန်း မသိဘူးဆိုတော့ အခုငါ မဂမုန်းကို အလေးတောင်ပြုချင်သွားတယ်သိလား... ဟု ကျိတ်တွေးလေသည်...
ရုပ်ရှင်စလာတဲ့တစ်လျှောက်မှာတော့ ဤသို့ဖြစ်လာလေသည်...
"ဟဲ့! ကုတင်အောက်မှာရှိနေတယ်လေ... စလာထဲက ဘယ်သူလဲဆိုတာ ငါတောင်သိတယ်... တော်တော်တုံးတဲ့ မင်းသမီး..."
နေခြည် အိမ့်စုရဲ့ပါးစပ်ကိုလှမ်းပိတ်ရသည်... ကားစပြထဲက သင်းက တစ်မျိုးပြီးတစ်မျိုးအော်ပြောနေတာ အမှောင်ထဲမှာတောင် လူတွေကြည့်နေကြမှန်းခံစားနေရသည်... ရုပ်ရှင်ပြီးသွားလို့ မီးပြန်ဖွင့်ရင် ဒီမျက်နှာကြီးကို ဘယ်မှာသွားထားရမလဲ မသိတော့ဘူး...
"တိုးတိုးသက်သာလုပ်ဟဲ့... ငါတို့ကိုလဲ သနားဦး... ပြောနေတဲ့ နင်ကမရှက်ပေမဲ့ ငါတို့ကတော့ မျက်နှာကို လှီးပစ်ချင်နေပြီ..."
အိမ့်စုအနားကပ်ပြီး အံကြိတ်ကာပြောနေရတာ အခေါက်ပေါင်းမနဲတော့ပါ... ဒါပေမဲ့ နေခြည်က ငါတို့လို့ပြောပေမဲ့ ရှက်လို့မျက်နှာကိုလှီးချင်နေတာ ဂမုန်း နဲ့ သူ နှစ်ယောက်ထဲသာ...
YOU ARE READING
FIRST LOVE {completed}
Romance17.April.2020 LOVE STORY OF YANGON UNIVERSITY (2019 version) (Zawgyi) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ပဲလား (Unicode) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ဘဲလား