(Unicode)
ဒီနေ့ မုန်းဖေဖေရဲ့ဆိုင်ဖွင့်ပွဲလေ... ဒါကြောင့် ကျောင်းမပျက်ချင်ပေမဲ့ပျက်လိုက်ရသည်... နွေးနဲ့ကိုမာန်ကိုတော့ အတန်းပြီးရင်လာခဲ့ဖို့ ဖိတ်ထားသည်... အခုလဲ ဖေဖေ့ဧည့်သည်တွေအပြင် ဆိုင်အသစ်ကိုစိတ်ဝင်စားပြီးလာကြတဲ့စားသုံးသူတွေနဲ့အပြည့်မို့ ခေါင်းနောက်တာနဲ့ အတွင်းထောင့်ကျတဲ့ခုံမှာသာထိုင်နေဖြစ်သည်...
"မင်းဆက် ရောက်လာပြီလား... လာလေ... မင်းရဲ့ သားလဲ ပါလာတာဘဲ..."
ဆိုင်ထဲဝင်ဝင်ခြင်း ဝမ်းပန်းတသာဖြင့်ကြိုဆိုလာခြင်းဖြစ်သည်...
တည်စေမင်းကို ဒီနေ့သွားစရာရှိတယ်လို့ဆိုကာ ကျောင်းပျက်ခိုင်းပြီးခေါ်လာတာက စားသောက်တစ်ခုဆီကိုပါ... ကြည့်ရတာ ဒီနေ့မှ စဖွင့်သည်ထင်...
တည်စေမင်းတို့သားအဖကိုမြင်တော့ လှိုက်လှိုက်လှဲလှဲဘဲ ကြိုဆိုလာခဲ့သည်...
"သမီးကိုသွားခေါ်လိုက်ပါဦး... မိတ်ဆက်ပေးရအောင်..."
အဲ့ ဦးလေးက သူ့မိန်းမအားသူတို့သမီးဖြစ်သူကိုခေါ်ခိုင်းလိုက်ပြီးသည်နှင့်...
"လာ... အေးဆေးထိုင်ပြီး စကားပြောကြတာပေါ့..." လို့ပြောကာ တည်စေမင်းတို့ကို အသင့်ပြင်ဆင်ထားတဲ့စားပွဲဆီခေါ်သွားသည်...
တစ်ခုခုတော့ထူးဆန်းနေသည်ထင်... တည်စေမင်းတို့သားအဖက အဲ့လောက်တောင်အရေးပါနေတာလား...
ခဏကြာတော့ ဦးလေးကြီးရဲ့မိန်းမက သူ့သမီးကိုခေါ်ပြီး တည်စေမင်းတို့ထိုင်တဲ့နေရာဆီရောက်လာတော့... ဟင်...
"မုန်း..."
နှုတ်ခမ်းဖျားလေးကနေ အသံမထွက်ဘဲ ခေါ်လိုက်မိသည်... မုန်း က ဒီဆိုင်ရှင်ဦးလေးရဲ့သမီးလား...မုန်း ခုံမှာထိုင်နေတာ ဘယ်လောက်မှမကြာလိုက် ဖေဖေကမိတ်ဆက်ပေးစရာရှိလို့ဆိုပြီး လာခေါ်တဲ့ မေမေ... အနားရောက်မှကြည့်မိတော့ စားပွဲတစ်ခုမှာဖေဖေနဲ့အတူထိုင်နေတာက ဦးလေးကြီးတစ်ယောက်ရယ် ပြီးတော့ ကိုတည်စေမင်း...
ဘယ်လိုရောက်လာကြတာလဲ... ဟု မထင်ထားသူဖြစ်နေ၍ တွေးမိ၏...
မုန်းတို့ခုံမှာဝင်ထိုင်လိုက်တော့ မုန်းရဲ့ဖေဖေဦးမိုးအောင်က...
YOU ARE READING
FIRST LOVE {completed}
Romance17.April.2020 LOVE STORY OF YANGON UNIVERSITY (2019 version) (Zawgyi) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ပဲလား (Unicode) လူတွေကပြောကြတယ် အချစ်ဦး ကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးတဲ့ အမှန်ဘဲလား