PART(2)

8.9K 453 2
                                    

(Unicode)

"အာ့..." "ဗုန်း..."

ဟာသွားပြီ... နွေး ကတော့လုပ်ချလိုက်ပြီ... ရှေ့ကလူကိုသွားတိုက်မိတာ အိတ်ပြုတ်ကျပြီး ပစ္စည်းတချို့တောင်အပြင်ထွက်ကုန်တယ်... အားနာဖို့ကောင်းလိုက်တာ...

နှစ်ယောက်သား ဝိုင်းကောက်ပေးနေရင်း...

"တောင်းပန်ပါတယ် အဆင်ပြေရဲ့လားရှင့်... " လို့ နွေး က မေးလိုက်တော့

"ရပါတယ် အစ်မ လဲ အိတ်ကပွင့်နေတာကိုသေချာမကိုင်မိဘူးလေ" ဆိုကာ ခေါင်းမော့ပြီးပြောလာသော သူ(မ)ရဲ့အသံလေး ပြီးတော့ အပြုံး... လှလိုက်တာ... ရှေ့ဆံမိတ်လေးချထားပြီး ပခုံးကျော်လောက်သာရှိတဲ့ဆံပင်လေးက ဖြောင့်ဆင်းနေကာ မိုးပြာရောင် 90' fashion ဝတ်ထားတဲ့ သူ(မ)... မြန်မာဆန်ပြီး နန်းဆန်တဲ့အလှကဒါမျိုးလေးများလား... ဖွေးဆွတ်နေသောအသားအရေ ပြီးတော့
မျက်ခုံးထင်းထင်းလေးအောက်က မကျဉ်းမကျယ်မျက်လုံးလေးနှင့် နှုတ်ခမ်းပါးပါးလေးတွေက ချစ်စရာကောင်းတာကိုသွေဖီပြီး ရင့်ကျက်စွာလှနေသောသူ(မ)... ဟုတ်ပါသည်... သူ(မ)အလှက ကိုယ့်အတွက်တော့
အရမ်းပြီးပြည့်စုံလှသည်...
စိုက်ကြည့်မိတာ ဘယ်လောက်ကြာသွားသည်မသိ နွေး က လက်မောင်းကိုရိုက်၍...

"ဟဲ့ မုန်း... ထတော့လေ... ပစ္စည်းတွေလဲကောက်ပြီးပြီကို ဘာတွေစဉ်းစားနေတာလဲ..." လို့ပြောတော့မှ ကပျာကယာပြန်ထရသည့်အဖြစ်...
သူ(မ)က ကိုယ့်ကိုပြုံးပြီး ကြည့်နေတာသိတော့မှ မျက်နှာပါ ပူထူသွားရ၏... ရှက်ဖို့ကောင်းလိုက်တာ...

"ညီမ ထပ်ပြီးတောင်းပန်ပါတယ်... "

"ရပါတယ်... ဘာမှမဖြစ်ပါဘူး..."

ခုမှ သူ(မ)အရပ်ကို သတိထားမိတယ်... မြန်မာမိန်းကလေးတွေ အတွက် ရှည်တယ်လို့ပြောရမည့် အရပ် ၅ပေ၅ ရှိသော ကိုယ့်ထက် ၂လက်မလောက် ပိုမြင့်နိုင်တဲ့သူ(မ)... အရမ်းပြီးပြည့်စုံလှသည်...
ထိုအချိန် သူ(မ) အိတ်ထဲမှ ဖုန်း ထမြည်လာတော့ ကိုယ့်အတွေးပါရပ်သွားရတော့တယ်...

"ဟယ်လို... ဟုတ်လား... အဲ့ဒါဆို ငါထွက်လာခဲ့လိုက်တော့မယ်... အထဲဝင်မလာနဲ့တော့..." လို့ပြောပြီး ဖုန်းချကာ...

FIRST LOVE {completed}Where stories live. Discover now