နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (1)
" ထက်မြက်.. "
" ဘာလဲ "
" ဒီနေ့ ကျောင်းကို ကျောင်းသားသစ် ရောက်မယ် ကြားခဲ့တယ်.. "
" အာ့ ငါ ဘာလုပ်ရမှာလဲ.."
" ကျောင်းသားသစ်က ရေလည်ချောတာတဲ့.."
" မင်းကို ဘယ်သူပြောလဲ.."
" ဒီအတိုင်း ပြောတာ ကြားတာပေါ့.."
" ကျောင်းပဲကွာ ကျောင်းသားသစ် လည်း ပြောင်းလာသလို ကျောင်းသားဟောင်းလည်း ရှိတာပဲ.. အရေးမဟုတ်တာ အရေးလုပ်နေတယ် "
" မင်းက ဒီကျောင်းမှာ အချောဆုံးလေကွာ.. အခု ရောက်လာတဲ့ ကောင်ကလည်း မနိမ့်ဘူး ဆိုတော့ မင်း ဘုံပျောက်မှာ စိုးလို့ပါကွာ "
" နားစမ်းပါ.. စိတ်မဝင်စားဘူး "
" အေးပါကွာ ပြောမိတဲ့ငါကိုက လျှာရှည်မိတာ ငါ့အမှား.."
ထက်မြက် ထပ်ပြီး ပြန်ပြောမနေတော့..။
ပြန်ပြောနေရင် အလုပ်ရှုပ်တာပဲ ရှိမယ်..
ဒီလိုပဲ မင်းသန့်ကတော့ ကျောင်းသတင်းအနှိုက်နိုင်ဆုံး လူသားတစ်ယောက်.. ဘယ်နား ဘာဖြစ်တယ်က အစ သူ မသိတာ မရှိ..။
သူ သာ သိ.. သူ သာ တတ်..
အခုလည်း ဘယ်ကနေဘယ်လို ကြားလာတဲ့ သတင်းမှန်း မသိ.. သူ့ကို လာပြောနေတယ် အပို အလုပ်တွေ..
" ဆရာ လာပြီ.. "
ကျောင်းသား တစ်ယောက် အသံကြောင့် အကုန်လုံး ကိုယ့်နေရာ ကိုယ်ပြန်ယူကာ ဆူညံပွက်လောရိုက်နေတာတွေ အခုမှ တိတ်ဆိတ်သွားတော့သည်..။
ဆရာလည်း ဝင်လာတော့ ကျောင်းသားကျောင်းသူတွေ အကုန် အတူထကာ ဆရာ့ကို နှုတ်ဆက်လိုက်သည်..
" အာစရိယ ဂုဏံ.. အဟံ ဝန္ဒာမိ မင်္ဂလာပါ ဆရာ "
" အေးအေး.. ထိုင်ကြ "
ကျောင်းသားတွေ ထိုင်မှ ဆရာက သူ့ဘေးမှာ ပါလာတဲ့ ကျောင်းသားသစ်နဲ့ မိတ်ဆက်ပေးသည်..။
" ဒါ ဒီနေ့မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် .. နှုတ်ဆက်လိုက်ဦး "

YOU ARE READING
နှလုံးသား ပိုင်ရှင်မို့
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...