နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (20)
မာန်ဟုန် ချစ်ချစ် ကို ရှာနေမိသည်.. ။
မှောင်ပါတယ်ဆို မီးကမှိတ်တုတ်မှိတ်တုတ် လုပ်ထားသေးတယ်.. မြင်နေရတာကလည်း မိန်းကလေး တွေများ တွန့်လိမ်ကောက်ကွေးပြီး က နေလိုက်တာ လူမှန်း မသိ.. မြွေတွေမှန်း မသိ..
ဘေးကယောကျာ်းလေးတွေလည်း ဘေးမှာဝိုင်းရံလို့..။
ဆိုးရွားလှတဲ့ မြင်ကွင်း..
ဒီလိုဖော်ချွတ် ဝတ်ထားပြီး မြူ ဇံ ရောင်းနေမှတော့ မဒိန်းမှု တဟုန်ထိုး ပေါလာတာလည်း မပြောနဲ့ ။
မလာနဲ့လို့ မပိတ်ပင်ပါဘူး.. ဒါပေမယ့် နည်းနည်းပါးပါး လုံလုံခြုံ ခြုံ ဝတ်လာဦးပေါ့
သူများသာ ပြောနေတာ လက်တောက်လည်း ဘယ်လို ဘာတွေ ဘယ်လို ဝတ်လာလည်း မသိ..။
လူတွေကို တိုးကြိတ်ပြီး ဟိုရှာဒီရှာ နေရပေမယ့် ခွေးမလေးက ဘယ်ချောင်မှာ ကပ်အိပ်နေလဲ မသိ..
မျက်လုံး လေး အပေါ်ကစားမိတော့ လက်တောက် လို့ ထင်ရတဲ့သူ တွေ့တာမို့ အပေါ်ပြေးတက်တော့ ဟုတ်မှဟုတ် သူ မှစစ်စစ်..။
မာန်ဟုန် ချစ်ချစ် တို့ဝိုင်း သွားလိုက်သည်..
" ချစ်ချစ် "
အော်ခေါ်လိုက်တော့ ခေါင်းလေးငုံ့နေရာကနေ မော့ပြီ..။.
ရီဝေဝေ အကြည့်နဲ့..
သောက်ထားပြန်ပြီလား ..သောက်နိုင်တာလည်း မဟုတ်ဘဲနဲ့ ။
" ဟာ သူဋ္ဌေး "
ကျန်တဲ့သူတွေက အခုမှ ထ မိတ်ဆက်နေကြသည်..
သူတို့ကို ခေါင်းညိမ့်အသိပြု ပြီး ချစ်ချစ် နားသာ သွားထိုင်လိုက်ရသည်..။
" ချစ်ချစ် "
" .... "
" ချစ်ချစ် "
မှောက်အိပ်နေတာမို့ အနားတိုးထိုင်ကာ ပခုံးကဆွဲထူလိုက်ရသည်..။
" ချစ်ချစ် "
" ဟွန် "
မျက်လုံး လေး မှေးစင်းစင်းနဲ့ လူကို ကြည့်လာပြီ..

YOU ARE READING
နှလုံးသား ပိုင်ရှင်မို့
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...