နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (12)
" မာမီ.. ကြာဇံဟင်းခါး ချက်ထားတာလား "
" ဟုတ်ပါ့ရှင်.. "
" ရေး.... "
ထက်မြက် မနက်စာ စားဖို့ ခုံမှာ ဝင်ထိုင်တော့...
မီးဖိုခန်းမှာ အမ နား ခုန်ပေါက်နေတဲ့ လိမ်မာရေးခြား ရှိလှတဲ့ သိပ်ချစ်လှရတဲ့ ဗြဲစိန်မ ချစ်ချစ်..
ဆံပင်က ဘုတ်သိုက် မျက်နှာက ညစ်ညစ်ပတ်ပတ်နဲ့...။
" ဟာ..ဟဲ့ ဗြဲစိန်မ မျက်နှာရော သစ်ခဲ့ရဲ့လား "
" သစ်ရသေးဘူး "
" မသစ်သေးဘဲ အောက်ကို ဘာလို့ဆင်းလာတာလဲ.. "
" ကြာဇံ မြည်းမလို့ပေါ့.. "
" မျက်နှာ မသစ်ရသေးဘဲ မစားရဘူး ဆိုတာ နင်မသိဘူးလား.."
" စားရပါတယ် ဦးသေးရာ..ဟော ဒီမှာကြည့် စားလို့ရတယ် "
ပြောရင်း ကြာဇံကို ဇွန်းနဲ့ခပ်ပြီး ပါးစပ်က တဖူးဖူး မှုတ် သောက်လိုက်သေးသည်..
မပြောဘူးလား.. လူကြီး စကားဆို တသွေမတိမ်း လိုက်နာတဲ့ လူလိမ်မာမလေး ပါဆို..။
" နင့် ကိုယ်စောင့်နတ် တော့ မျက်နှာငယ်ရမှာ အသေအချာပဲ.. "
" ဘာဆိုင်လို့လဲ.. "
" အခုပဲ ကြည့် ရှစ်နာရီ ထိုးနေပြီ.. ကိုယ်စောင့်နတ် အစည်းဝေး မှာ မျက်နှာမသစ်ရ သွားမတိုက်ရဘဲ ညှင်းသိုးသိုး ကြီး သွားတက်ရမှာ.. သူတော့ ကဲ့ရဲ့ခံရတော့မှာ "
" သူ ကဲ့ရဲ့ ခံတာ ချစ်ချစ် မှ မကြားရတာ..အေးဆေး minor ပဲ no problem.. ok "
" ဘယ်လို ပြောမလဲ သိလား.."
" ပြောကြည့် ကြည့်လေ.. ရင်ထဲပေါ့သွားတာပေါ့ "
အံမယ်.. လာလာချည်သေး ။
" ဖူးရတီချစ် ရဲ့ ကိုယ်စောင့်နတ် က အမြဲ ညစ်ညစ်ပတ်ပတ်နဲ့ နော်.. အဲ့ ဖူးရတီချစ် ရဲ့ ကိုယ်စောင့်နတ် ဖြစ်ရတာ နတ်သိက္ခာ ကျတယ်တဲ့ တော်သေးတယ် ဖူးရတီချစ်ရဲ့ ကိုယ်စောင့်နတ် မဖြစ်ခဲ့ရလို့တဲ့.. "
YOU ARE READING
နှလုံးသား ပိုင်ရှင်မို့
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...