နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (22)
" ဦးသေး "
" ဘာလဲဟာ.. "
" ဒီလိုကြီး ကြက်လည်လိမ်နေသလိုကြီး နေနေမှာလား.. "
" ငါက ဘယ်လိုနေနေလို့လဲ "
" နှလုံးသား က မမာလည်း အလိုက်သင့်လေး ပျော့လိုက်ပါလား.. "
" ငါ ဘယ်လိုနေလို့လဲ "
" ဦးသေး အကြောင်း မသိရင်ခက်မယ်.. "
" ကလေးက.. "
" ကလေးလို့ မပြောပါနဲ့ .. ချစ်ရသူနဲ့ ဘာနဲ့ သိလား "
" တစိတ်ရှိ ဒါပဲ ခလုတ်တိုက်နေ.. "
" ဒါပဲ ခလုတ်တိုက်စရာ ရှိတာကို "
" အဟွန့်.. "
ချစ်ချစ် ဦးသေး ဘေး ထိုင်ချ လိုက်သည်..
" ဦးသေး.. ဖွင့်မပြောသေးဘူးလား "
" ဘယ်သူ့ကိုလဲ "
" ဦးသေးနော် ချစ်ချစ် ကို အကြောင်လိုက်မရိုက်နဲ့.. "
" လွယ်လား ချစ်ချစ် ရာ.. "
" ဦးသေး မပြောရဲရင် ချစ်ချစ် သွားပြောပေးရမလား.. "
" ဟာ.. ကြားခံ ပွဲစား ငှားရအောင် အိမ်ခြံမြေ ရောင်းဝယ်နေတာ မဟုတ်ဘူး "
" ဒါဆိုလည်း ပြောလိုက်ပေါ့.. ကိုယ်က ဒီမှာထိုင်နေရင် ပါ သွားလိမ့်မယ် "
" ငါမှ မရဲတာ.. "
" ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ် ကြီးနဲ့.. ဒါနဲ့များ ရဲ လုပ်နေသေးတယ် ဦးသေး တရားခံရော ဖမ်းလို့ ရရဲ့လား ကြောက်ပြီး ဘယ်တရားခံမှ ဖမ်းမရဘူး မလား "
" တရားခံ ဖမ်းတာနဲ့ ဒါနဲ့ မဆိုင်ဘူး.. ငါကြောက်နေရင် ငါ့ပခုံးက ကြယ်တွေ မတက်လာဘူး နားလည် လား "
ဦးသေးက သူ့ပခုံးကို ပုတ်ပြနေတော့ ချစ်ချစ် ရယ်မိသည်..။
" ဒီ ပခုံးက ကြယ်တွေရှိလည်း လဲ့လဲ့မွန် တစ်ယောက် ရှေ့ကျ ကြောက်သေးပန်းပြီး ပြန်လှည့်လှည့် ပြေးလာရတာ မသိဘဲ နေမလား "
ချစ်ချစ် ဦးသေးပခုံး ပုတ်ပြောတော့ ဦးသေးက ချစ်ချစ် ကို စွေစောင်းကြည့်သည် ။

ВИ ЧИТАЄТЕ
နှလုံးသား ပိုင်ရှင်မို့
Романтика" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...