နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (18)
" ဟဲလို "
" ချစ်ချစ်.. ငါ "
" ဦးမင်း ဘာလဲ "
" နင့်ဆီ လဲ့လဲ့မွန် ရဲ့ ပုံ ပို့ထားပြီးပြီ.. ကိုယ့်ကိုယ်ကို ဝင်ကြည့်လိုက် "
" ok, thanks ဦးမင်း "
" you're welcome "
" bye.. "
" bye "
ချစ်ချစ် ဦးမင်း ပို့ပေးထားတဲ့ ပုံကို ကြည့်ပြီး မှတ်ချက်တွေ ပေးနေမိသည်..။
ဆရာမ ဆိုတဲ့ဂုဏ်နဲ့အညီ ယဉ်ပါသည်..
လှပါသည်..။
ဝမ်းဆက်လေးတွေနဲ့ လှပနေတဲ့ အမ ပါ..။
ဦးသေး ကြိုက်တာလည်း မပြောနဲ့.. ဒီ အမကလည်း လှတာကို..
ဦးသေးနဲ့ဆို ရှေ့သွားနောက်လိုက် တကယ်ညီမှာပဲ ။
ဦးသေး အတွက် ချစ်ချစ် ကူညီမှာပါ...
ဦးသေးလည်း အဆင်ပြေ ချစ်ချစ် လည်း အဆင်ပြေအောင် လုပ်ရမယ်..။
ဟဲဟဲ..
သူ့အချစ်တွေကို တပ်မက်လို့..
ရေလာမြောင်းပေးဖို့ ဗျူ ဟာခင်းပြီး ကြိုးစားမည်..။.
" ဒီဇိုင်းဘက်က လူလျော့နေတယ်.. ဒီဇိုင်နာတွေကလည်း လက်ယာလျော့နေတယ် "
" ဟုတ်တယ်.. အဲ့ဘက် လူထည့်ရမယ် "
တစ်ယောက် တစ်ပေါက် နဲ့ အစည်းဝေးမှာ မာန်ဟုန်ကို ပြောလာသည်..
" ဒီကိစ္စကို မောင်ရင် ကိုင်တွယ်ရှင်းပါ.. ဒီဇိုင်နာ မရှိရင် အဲ့ဘက် အရမ်းလျော့ကျ သွားပြီ income (ဝင်ငွေ) တွေ minus (အနုတ်)ပြနေပြီ ကိုယ်တွေမှာ expenses (ထွက်ငွေ)တွေပဲ တသီကြီး ထွက်နေပြီ "
" asset (ပိုင်ဆိုင်မှု) တွေပဲ လျော့ကျလာတယ်..ဒီလိုပုံစံနဲ့ ကိုယ်တို့မှာ ထပ် capital (ရင်းနှီးမြုပ်နှံမှု) မရှိတော့ဘူး ဘဏ်မှာ liabilities (အကြွေး) တွေပဲ ထပ်နေမှာ ဒီလို ပုံစံနဲ့ run ဖို့ မရလောက်ဘူး "
" ဒီဇိုင်နာကို ရှာတာ မရသေးဘူး လား.. "
" မရသေးပါဘူး ဗျ.. "

YOU ARE READING
နှလုံးသား ပိုင်ရှင်မို့
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...