နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (6)
" ဦးသေး "
အိမ်ထဲ ဝင်ဝင်ချင်း ခါးထောက်ပြီး စူပုတ်ပုတ်နဲ့ ကြည့်နေတဲ့ ခွေးမလေး ။
" ဘာလဲ "
" မနေ့က ဦးကို ဘာမှမလုပ်လိုက်ဘူး မလား.."
အခုထိ ဘာမှမဘာရသေးဘူး.. ဟိုဘက်ကို ကိုးဆယ်ရာခိုင်နှုန်းက ပါနေပြီ ။
ဘယ်ကတည်းက ယိမ်းယိုင်နေမှန်းမသိခဲ့တာ ကိုယ် အ ခဲ့လို့ပဲ ထင်တယ်..
" ငါက ဘာလုပ်ရမှာလဲ "
" သိနေတယ်လေ.. ဦးသေး မလုပ်မှန်း "
မျက်နှာ အချိုးပြောင်းသွားပြီး လူလက်ကို လာတွယ်ပြီး ပြုံးဖြီးနေလိုက်တာ စောနက ရုပ်နဲ့ တခြားစီ ။
" လာ ငါ မေးစရာ ရှိလို့.."
သူ့လက်ကို ဆွဲပြီး ခြံထဲ ခေါ်သွားလိုက်သည်..။
" နင် မာန်ဟုန် ကို တကယ်ကြိုက်နေတာလား.."
" ဟုတ်ပါဘူး.. "
" ဘာ.. နင် ကစားစရာ မဟုတ်ဘူး နော် "
" ချစ်ချစ် က ဦးကို ချစ်တာ.. ကြိုက်တာ မဟုတ်ဘူး "
" ကလေးက ကလေးစကားမပြောဘူး.."
" ကလေး မဟုတ်တော့ဘူး.. ရင်ခုန်သံ ကို အဓိပ္ပာယ် ဖွင့်တတ်တဲ့ အရွယ် ရောက်နေပြီ "
ပြောမှပဲ.. ပိုဆိုးနေပြီ ။
" နင် ဆယ်တန်း နော်.. စိတ်ကစားနေလို့ မရဘူး စာမေးပွဲ သွားထိမယ် "
" ချစ်ချစ် ရာဇဝင် မှာ စာမေးပွဲ ကျတယ် ဆိုတာ မရှိစေရဘူး.. ပြီးတော့ ချစ်ချစ် စိတ်ကစားနေတာ မဟုတ်ဘူး အတည် အတည်ကို heart ထိနေတာ "
" လာလာချည်သေး heart ထိတယ်လေး ဘာလေးနဲ့ နင်က ယောကျာ်းလေးလား..ဟမ် မိန်းကလေး ဖြစ်ပြီး စ ဝန်ခံတာ မိန်းကလေး ဈေး မကျ ဘူးလား "
" ဦးသေး ဘယ်ခေတ်နေနေတာလဲ.. အခုက မိန်းမ တွေပါ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ခေတ် ယောကျာ်းတွေ လုပ်နိုင်သလို မိန်းကလေးတွေ လည်း လုပ်နိုင်ပါတယ် "
STAI LEGGENDO
နှလုံးသား ပိုင်ရှင်မို့
Storie d'amore" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...