နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (10)
" ကျွန်တော်တို့ ဘာကူညီရမလဲဗျ.."
" ဒုရဲအုပ် ဦးထက်မြက်နဲ့ တွေ့ချင်လို့ပါရှင့်.."
" ဗျာ.. "
" သူရှိမယ့်နေရာ လိုက်ပို့ပေးလို့ ရမလား.."
" ရပါတယ်.. ဒီဘက် ကြွပါ "
ဒုရဲအုပ် ဦးထက်မြက်
" ဆရာ.. ဧည့်သည် က ဆရာနဲ့ တွေ့ချင်လို့တဲ့ "
" အေး.. လွှတ်လိုက်လေ "
" တော်တော် အလုပ်များနေတဲ့ပုံ လုပ်မနေပါနဲ့ ဦးသေးရာ.. "
" ဟင်.. ဗြဲစိန်မ "
ထက်မြက်တို့ နှစ်ယောက် ကို ကြောင်ကြည့်နေတဲ့ တစ်ယောက် ကို လက်ပြနှင်ရသည်..။
" ဟွန့် နှုတ်ဆက်တာကလည်း ro မဆန်လိုက်တာ "
" နင် ဘယ်တုန်းက ရောက်တာလဲ "
" စောနက "
" နင်ပြောတော့ နောက်မှဆို..ဘယ်လိုလုပ် စောပြန်လာတာလဲ "
" surprise "
" ငါ့ကို ဖုန်းမဆက်ဘူး.. ငါ လာကြို မှာပေါ့ "
" ခြေထောက် ပါပါတယ် ဦးသေးရာ.."
" နင် ပါမှန်း သိတယ်.. ငါတားနေရဲ့နဲ့ ရအောင် ဟိုရောက်သွားသေးတာပဲ "
" ဦးသေးရာ ပြီးနေပြီကို ပြန်စမြုံ့ ပြန်နေသေးတယ် အခု ပြန်တောင် လာနေပြီကို.."
" ငါ လှမ်းပစ်လိုက်ရ မျက်လုံး နှစ်လုံး ကန်းသွားမယ်.. "
ဦးသေးက ရေးနေတဲ့ ဘော့ပင်နဲ့ လှမ်းပေါက်ဖို့ ရွယ်နေတော့ ချစ်ချစ် ကိုယ်လေး နောက်ရို့မိသည်.
" ချစ်ချစ် ဘာလုပ်မိလို့လဲ ဦးသေးရ "
" ငါ့ကို နွားနဲ့ နှိုင်းတာလေ "
" ဟင်.. ဟုတ်လား ချစ်ချစ် သတိမထားမိလိုက်ဘူး "
" ခွေးမလေး.. "
" ခ်ခ်.. "
" အခု ဘယ်သွားမလို့လဲ "
" ဘယ်မှမသွားဘူးလေ.. "
" တူဝ ချင်း လာလိမ်မနေနဲ့.. နင့်ဦးဆီ သွားမှာမလား "
" ဟင့်အင်း မသွားသေးပါဘူး.. သူ့ဆီက နောက်နေ့မှ surprise လုပ်ရင်း သွားမှာ ချစ်ချစ် ကိုယ်တိုင် မပြောခင် ဒီကြားထဲ ချစ်ချစ် ပြန်ရောက်နေတဲ့ အကြောင်း ဦး ဆီ သတင်းရောက်သွားကြည့် ဦးသေး ကို တရားစွဲပစ်မယ်.."

أنت تقرأ
နှလုံးသား ပိုင်ရှင်မို့
عاطفية" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...