နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (13)
" ကျွန်မကို ချိန်းတာ ဘာပြောချင်လို့လဲ "
" ကျွန်မ နာမည်က ဖူးရတီချစ် ဆိုတာ မသန္တာ သိလောက်မှာပါ.."
" သိပါတယ် "
" ဒါဆို အထူးတလည် မိတ်ဆက်ပေးစရာလည်း မလိုတော့ဘူး ပေါ့.. "
" ဟုတ်ကဲ့.. ပြောစရာရှိတာသာ ပြောပါ "
" ဦး အပေါ် ခံစားချက် လေး ဘယ်လိုထားလဲ ဆိုတာ သိလို့ရမလား.. "
" ရှင် "
" ကျွန်မ ပွင့်ပွင့်လင်းလင်း မေးလိုက်တဲ့ အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားတယ် ဆိုရင် ကျွန်မဘက်က အနူးညွှတ် ပြန်တောင်းပါတယ် ..ကျွန်မက သိချင်ပြီဆိုရင် ဝေ့ပတ်မနေတတ်လို့ပါ စိတ်မရှိပါနဲ့ "
" စိတ်မရှိနဲ့လို့ ပိတ်လိုက်မှတော့ ကျွန်မက စိတ်ရှိလို့လည်း မရတော့ဘူးလေ.. ကျွန်မ အလွန် ဖြစ်လာတော့မှာကို "
" အဟင်း.. စိတ်ရှိလို့လည်း ရပါတယ် မပိတ်ပင်တော့ပါဘူး "
" ရပါတယ်.. စောနက အမေး သိပ်မရှင်းဘူး မင်း ဦး လို့ ပြောလိုက်တယ် နော် ဘယ်သူ့ကို ရည်ညွန်း ပြောတာလဲ မင်း လို့ သုံးနှုန်းလိုက်တာလည်း စိတ်မဆိုးပါနဲ့.. ဒို့ထပ် ငယ်မယ် ထင်လို့ ပေါ့ပေါ့ပါးပါး စကားပြောရအောင် သုံးနှုန်းလိုက်တာပါ "
" အဟွန်း.. ရပါတယ် ဦး ဆိုတာက ဦးမာန်ဟုန်ကို ပြောတာပါ "
" အော် မာန်ဟုန် ကိုလား.. "
" ဟုတ်ကဲ့ "
" သူ့အပေါ် ခံစားချက် ဆိုတာက ဘယ်လို ခံစားချက် မျိုးကို အဓိက ထား မေးချင်တာလဲ.. "
" ဟုတ်သားပဲ.. ကျွန်မ ဒဲ့ ပဲ မေးလိုက်ပါ့မယ် "
" မေးပါ "
" ဦး ကို ကြိုက်နေလား.. "
သန္တာ ကော်ဖီခွက် သောက်ဖို့ ကိုင်နေတဲ့ လက်လေးတောင် ရပ်ပြီး ကော်ဖီခွက်နှုတ်ခမ်းမှာ လက်လေး ပွတ်သပ်ပြေးနေလိုက်သည်..
ချစ်ချစ် ကတော့ လက်ပိုက်ပြီး ရှေ့မှာထိုင်နေတဲ့ သန္တာကို စိုက်ကြည့်နေလိုက်သည်..
YOU ARE READING
နှလုံးသား ပိုင်ရှင်မို့
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...