နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (2)
" ဟျောင့်.. မအိပ်နဲ့ ထ "
နေ့လည် ထမင်းစားချိန် မှောက်အိပ်မယ် ကြံသေး အလယ်ကကောင် ထက်မြက်ဆိုတဲ့ကောင်က လူကို မအိပ်ခိုင်းဘဲ ဇွတ်ထခိုင်းနေသည်..
" ဟျောင့်.. မအိပ်နဲ့ဆို ထ "
" ဘာလဲကွာ.. "
" ရော့.."
" ဘာလဲ "
" မမြင်ဘူးလား "
" မြင်သားပဲ.. "
" မြင်ရင် ဘာလို့ငါ့ကို လာမေးလဲ.."
" မသိလို့ပေါ့ကွ.. "
" ဟို ထက်မြက် က မင်းအတွက် ထမင်းချိုင့် ထုတ်လာပေးတာ.. "
" ဟုတ်လား.. "
" အေး.. "
" မင်းပဲစားတော့.. ငါ တော်ပြီ "
" မင်းအတွက် ထည့်လာတာ.. မင်းမစားလို့ ငါက ဘာလုပ်ရမှာလဲ "
" ငါ မစားချင်လို့.. "
" ဘာလို့ မစားချင်ရတာလဲ.. ငါ့ဟင်းက မကောင်းလို့လား "
" ဟာ.. အဲ့လို မဟုတ်ပါဘူး ကွ "
" အဲ့လို မဟုတ်ရင် စား.. မင်းအတွက် ငါ အလေးခံပြီး သယ်လာရတာ "
" ဒါပေမယ့်..င "
" ဟျောင့်.. မင်းမစားရင် ငါ သွန်ပစ်ရမလား ပြော "
" ဟာ.. မင်းကလည်း နှမြောစရာကြီး "
" နှမြောရင် မင်းစားလေ.. ကျောင်းတက်တာ နှစ်ပတ် ရှိတော့မယ် မင်း နေ့လည်ဆို ဒီလိုပဲ မှောက်အိပ်တယ် ငါတို့ ကို ဘေးက ဘာပြောမလဲ.."
" အော်.. အဲ့အတွက် လား စိတ်မပူပါနဲ့ မင်းကို ဘာမှမပြောဘူး မင်းတို့ဘာသာ အေးဆေးစား.."
" ဟျောင့်.. စားမလား မစားဘူးလား "
" မစားရင် ဘာလုပ်မလို့လဲ "
" လွှတ်ပစ်မလို့ပေါ့ကွ.. "
" မာန်ဟုန်ရယ် စားလိုက်စမ်းပါ.. ဒီကောင်ကြီး စေတနာ ရှိတုန်း "
" မင်းသန့် မစားရင် နေပါစေ.. ဇွတ် ခယကျွေးမနေနဲ့ စေတနာ နွားစားတယ် "

ESTÁS LEYENDO
နှလုံးသား ပိုင်ရှင်မို့
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...