Zawgyi>>>
Sehun ပင်ပန်းလွန်းလို့ အိပ်ပျော်သွားသည်မှာ ဘယ်အချိန်ရောက်နေပြီလဲပင်မသိ...
သူနိုးလာတော့ နေတောင်ထွက်စပြုနေပြီဟင်!ဒါဆို လေ့ကျင့်ရေးကရော??
ကမူးရှူးထိုးနဲ့ ဖုန်းကနာရီကိုကြည့်တော့
မနက် 8 နာရီထိုးနေပြီ!သုံးမိနစ်နောက်ကျတာ အခါသုံးဆယ်ဒိုက်ထိုးရတယ်ဆိုရင်?
လေးနာရီ ဆိုတော့ မိနစ် ၂၄၀ အခါ ၂၄၀၀ လား?Sehun တွက်ချက်နေတုန်း တံခါးခေါက်သံကြားလိုက်ရတာမို့ ဆံပင်ပါထောင်သွားရသည်...
သေပြီ...အပြစ်ပေးဖို့ လာခေါ်တာထင်တယ်..
ဒီပြတင်းပေါက်ကနေခုန်ချလိုက်ရမလား?Sehun ပေါက်ကရတွေတွေးနေတုန်း တံခါးပွင့်လာကာ
Kim နဲ့အတူ တခြားလူသုံးယောက်ပါလာသည်ကိုတွေ့ရသည်..."နိုးရင်ဘာလို့တံခါးမဖွင့်ပေးတာလဲ"
သူ့ဆီတည့်တည့်လျှောက်လာနေသော Kim ရဲ့လက်မောင်းမှာ သူစီးပေးထားတဲ့ပတ်တီးလေးရှိနေသေးသည်...
ပတ်တီးကိုညကဖြစ်သလိုစီးလိုက်တာမို့ပုံမကျတာကို ဘာလို့ပြန်မပြင်ပဲဒီတိုင်းထားတာလဲမသိဘူး...သူတွေးနေတုန်းမှာပဲ Kim ရဲ့လက်ဖဝါးအကြီးကြီးက Sehun နဖူးလေးထံ အုပ်မိုးလာ၏...
"နေမကောင်းဘူးလား မင်းကြည့်ရတာဖြူဖတ်ဖြူရော်နဲ့"
"အာ...အင်း ကောင်းပါတယ်"
ဒိုက်ထိုးရတော့မယ်အတွေးနဲ့ Sehun ခြောက်ခြားနေသည်ဖြစ်ကြောင်းကိုတော့ Kim ကိုမပြောလိုက်ပါ...
Kim နဲ့အတူပါလာတဲ့ လူတွေက စားဖိုမှုးတွေထင်ပါရဲ့
စားစရာအချို့ကို စားပွဲပေါ်တင်ပြီးတွန်းလာကြတာ
အခုလဲ Kim နဲ့သူ့ကို မျက်လုံးလေးတွေပြူးပြီးကြည့်နေကြတာ
ဘာလို့လဲ? ဘာထူးဆန်းနေကြတာလဲ?နောက်တော့ Kim ဘယ်လိုကြည့်လိုက်သည်မသိ
ချက်ချင်းပင်စားပွဲကို Sehun ဆီတွန်းလာပေးပြီး ပြန်ထွက်သွားကြသည်..."ဝါးး အသားတွေ!"
အသားကိုမမြင်ရတာ နှစ်ပေါင်းများစွာကြာနေသည့်အလား Sehun ချက်ချင်းပင် ခက်ရင်းကိုင်၍စားနေတော့ Kim က ခပ်ဟဟရယ်သည်...
YOU ARE READING
Mr.Kim
Fanfictionချစ်သလားလို့ကျွန်တော်မေးတဲ့အခါ Kim ကပြုံးတယ် Kim အဖြေပေးခဲ့တယ် ဒါပေမဲ့ကျွန်တော်သိချင်နေဆဲပဲ... ချစ်သလားလို့ကျွန်တော်မေးတဲ့အခါ Kim ကပြုံးတယ် Kim အဖြေပေးခဲ့တယ် ဒါပေမဲ့ကျွန်တော်သိချင်နေဆဲပဲ... KaiHun Boy × Boy Sorry for bad writings 90°bow #Yoohyunee