18

2.1K 297 35
                                    

Zawgyi>>>

မင်္ဂလာပွဲပြီးနောက် Chanyeol ရေချိုးပြီး အခန်းထဲမှာသာ ငြိမ်နေမိသည်...
အရမ်းပင်ပန်းသလို စိတ်လဲလှုပ်ရှားနေခဲ့တာမို့ အခုမှစိတ်ဒုန်းဒုန်းချနိုင်တယ်လေ

Mr.Byun စီစဉ်ပေးထားတဲ့ အခန်းက သူအရင်နေခဲ့တဲ့အခန်းထက်အနည်းငယ်ပိုကျယ်ဝန်းပြီး အဖြူရောင်ကိုအဓိကသုံးပေးထားသည် တစ်ယောက်အိပ်ကုတင်မဟုတ်ပဲ king size bed ကြီးကြောင့် Chanyeol မသိမသာထောင့်ကပ်နေမိတယ်

အရင်က Mr.Byun နဲ့အခန်းခွဲအိပ်တယ်ဆိုပေမဲ့ အခုလက်ထပ်ပြီးပြီဆိုတော့ အခန်းထပ်ခွဲအိပ်ပေးဖို့ သူမပြောချင်
ပြောလဲပြောမထွက်...Mr.Byun က သူ့အလိုလိုက်ပြီး အကုန်စီစဉ်ပေးထားတာမို့ အားလဲနာသည်

တံခါးဖွင့်သံနဲ့အတူ တည်ငြိမ်သော ခြေလှမ်းတို့က Mr.Byun မှန်းတပ်အပ်သိစေသည်...
သူ့ Body spray နံ့က အခန်းထဲတိုးဝင်လာပြီးနောက် Mr.Byun ဆိုတဲ့ထိုလူကြီးရဲ့အငွေ့အသက်တွေ စတင်လွှမ်းခြုံလာတော့တယ်

စောင်အပါးလေးကိုယ်ပေါ်ခြုံရင်း
Mr.Byun ကိုကျောပေးထားသည်ဖြစ်သော်ငြား Chan နားစွင့်နေမိပါသည်
Mr.Byun ကတော့ အရင်လိုတည်ငြိမ် အေးစက်နေဆဲ...

သူ့ကုတ်အင်္ကျီကိုချွတ်လိုက်ရင်း ဗီဒိုမှာချိတ်၍
လူကတော့ရေချိုးခန်းထဲဝင်သွားသည်...

ရေကျသံတွေကြောင့်လား အတွေးတွေကြောင့်ပဲလားမသိ Chan ရင်ထဲပြည့်ကျပ်၍ မူးဝေလာသလိုခံစားရ၏...
အိပ်ယာထဲ ငြိမ်ငြိမ်လေးနေနေသော်ငြား စိတ်ကဟိုရောက်ဒီရောက်...

သူအတွေးထဲလွင့်မြောနေတုန်း မွေ့ယာတစ်ခြမ်းအိကျသွားတာမို့ Mr.Byun ရောက်လာပြီမှန်းသိ၍ ခေါင်းအုံးကိုလက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်

အနားတိုးလာတဲ့ Mr.Byun ကြောင့် Chan ထပဲပြေးရမလား အော်ပဲထုတ်ရမလားပင်မသိတော့...
ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်မိနေရင်း ရုတ်တရပ်ခံစားလိုက်ရတာက သူထင်ထားသလို ပွေ့ဖက်နမ်းရှုံ့မှုတွေမဟုတ်ပဲ နဖူးပေါ်ကျရောက်လာတဲ့လက်ဖဝါးတစ်စုံသာ...

"ကိုယ်ပူနေတုန်းပဲ...ဆေးသောက်ရမယ် ငယ်"

ခပ်တိုးတိုးပြောရင်း ထထွက်သွားတဲ့ Mr.Byun ကို Chan ထထိုင်ကြည့်မိသည်...
သူကတော့ဘာမှဖြစ်ပုံမပေါ် အေးအေးဆေးဆေးသာ...

Mr.KimWhere stories live. Discover now