14

2K 280 42
                                    

Zawgyi>>>

Sehun အမြင်တွေ ဝေဝါးနေသည်...
မြင်တွေ့နေရတဲ့မျက်နှာကျက်က သူနဲ့ရင်းနှီးမှုမရှိ...
လက်နှစ်ဖက်လုံးချုပ်နှောင်ခံထားရသလို တင်းကြပ်နေပြီး
ခန္တာကိုယ်တစ်ခုလုံးမှ နာကျင်မှုကလဲပြည့်သိပ်နေသည်...

သို့သော်...ပြိုလဲကျမတတ် မိမိကိုယ်ကို တစ်စုံတစ်ယောက်က နူးညံ့ညှင်သာစွာထိန်းပေးထား၏...
ထိုလူကြောင့် မိမိနာကျင်မှုတစ်ဝက်ပင်ပျောက်တော့မည့်အလား
နွေးထွေးမှုကိုခံစားနေရသည်

"Kim..."

Sehun ကိုသူ့ပခုံးတွင်မှီစေရင်း ညှင်သာစွာထွေးပွေ့ထားတဲ့
Kim မှာလဲ ဒဏ်ရာတွေအလူးအလဲ...
ဒါဆို ဒီနေရာက...?

"နိုးလာပြီလား? အချိန်ကိုက်ပဲ..."

K2 ဂိုဏ်းသားအချို့နဲ့အတူ ခေါင်းဆောင်ဖြစ်ပုံရသော လူတစ်ယောက်လဲဝင်လာ၏...
ထိုသူက Sehun ကို မျက်မှောင်ကြုံ့၍ စိုက်ကြည့်နေသလို Kim ကိုလဲ အနည်းငယ်လှောင်ထေ့ချင်ဟန်...

Sehun ပတ်ဝန်းကျင်ကိုသတိထားကြည့်မိတော့
Demonic ဂိုဏ်းသားဆိုလို့ Kim နဲ့သူအပြင် ဘယ်သူမှမရှိ...
Suho hyung နဲ့ Jay hyung ကိုပင်မတွေ့ရချေ...

မဟုတ်မှ...
သူတို့အကုန်လုံးအဖမ်းခံလိုက်ရပြီလား?
ဒါမှမဟုတ်...

"ဒီတစ်ခေါက်ငါတို့ ဂိုဏ်းသားတွေကိုအများဆုံးသတ်ပစ်တဲ့ နှစ်ယောက်အတွက် အထူးစီစဉ်ထားပေးတာ ဒီခေါင်းဆောင်က...ဂိုဏ်းသားတွေအတွက်မင်းတို့ကိုလက်စားချေပေးချင်လွန်းလို့.."

အမှန်ပင် ထိုခေါင်းဆောင်ရဲ့စကားကို Sehun ရော Kim ပါ အဖတ်လုပ်မနေခဲ့ပါ...

Kira ကိုရှိတယ်လို့ပင်သဘောမထားသော Sehun သည် Kim ရဲ့ဒဏ်ရာတွေကို စိုးရိမ်စွာကြည့်နေ၏...

"Kim...အဆင်ပြေရဲ့လား"

Sehun အမေးကို Kim က ခေါင်းငြိမ့်ပြပြီး
သူ့ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးလိုက်သည်...
တော်တယ်လို့ ချီးကျူးနေသလိုခံစားရတာကြောင့် Sehun ရင်ထဲအနည်းငယ်လေးလံလာ၏...

အကောင်းဆုံးကြိုးစားခဲ့ပေမဲ့
Mission ကို သူတို့မအောင်မြင်ခဲ့ပုံပင်...

Mr.KimWhere stories live. Discover now