21

1.4K 232 48
                                    

Zawgyi>>>

mission တွေမပါဘဲ...
အသက်တွေ သွေးတွေ ဘာအပူပင်မှမရှိပါဘဲ
အဖွဲ့သားတွေတစ်စုတစ်စည်းထဲထွက်လာရသည့်ခရီးမို့ အကုန်လုံးပျော်နေကြတာမဆန်း...

ဟိုလျှောက်သွားဒီလျှောက်သွား
အချင်းချင်းစလိုက်နောက်လိုက်နဲ့ ထိုလူကြမ်းကြီးတွေရဲ့ ကလေးတစ်ယောက်လိုလွတ်လပ်စွာနေနေပုံကို ပထမဆုံးအကြိမ်ဖြစ်မြင်တွေ့ခွင့်ရသည်မို့ sehun လဲအပြုံးတွေကူးစက်နေမိ၏

"Kim..."

ဘေးမှာထိုင်နေတဲ့လူကြီးရဲ့ ပခုံးထက်မှီရင်း
မျက်လုံးလေးမှိတ်ထားတော့ Kim ရဲ့လက်တွေက sehun ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးသည်...

"အပြန်ကျရင် hyung တို့ဆီ ဝင်ရအောင်"

"အင်း မင်းသဘော"

Demonic ခေါင်းဆောင်နေရာက အနားယူသွားပြီဖြစ်တဲ့ Light က ဘူဆန်မှာအချေချပြီး သိုသိုသိပ်သိပ်နေထိုင်ဖို့သာ ဆုံးဖြတ်ခဲ့သည်

ကော်ဖီဆိုင်လေးဖွင့်ပြီးရတဲ့ငွေနဲ့ သူတို့ပျော်ပျော်နေကြတယ်
တောရွာလေးတစ်ခုမှာလဲ ခြံဝယ်ထားပြီး အပင်စိုက်ကြတယ်လေ Hyung အရမ်းဖြစ်ချင်ခဲ့တဲ့ဘဝလေးကို ရသွားတာပဲ

ခေါင်းဆောင်ဆိုတဲ့နေရာကိုစွန့်လွှတ်ပြီး
Hyung အိပ်မက်တွေအတိုင်း အကောင်အထည်ဖော် အတူရှိပေးတဲ့ Light ကြောင့် sehun စိတ်ချနိုင်ပါပြီလေ

သူလား? သူကတော့ အဲ့လိုရိုးရိုးရှင်းရှင်းဘဝနဲ့မရှင်သန်ချင်ဘူး
ဒီလိုလူသတ်နေရတာပျော်လို့လားဆိုလဲမဟုတ်ပြန်ဘူး

Demonic အဖွဲ့သားတွေနဲ့အတူနေရတာ သဘောကျတယ်
တိုက်ခိုက်တယ် ကာကွယ်ပေးတယ်...
သူပိုင်ဆိုင်ထားတဲ့အရည်အချင်းနဲ့ ကိုယ်ချစ်တဲ့လူတွေကိုကာကွယ်ပေးနိုင်တာဘယ်လောက်ပီတိဖြာဖို့ကောင်းလိုက်သလဲ?

နောက်ပြီး Kim က သူ့ရည်မှန်းချက်မပြီးမချင်း ဒီလောကထဲကထွက်သွားမှာမဟုတ်ဘူး အဲ့လိုပဲ Kim ရှိနေသရွေ့ သူ့ကိုကာကွယ်ပေးဖို့ sehun ဘေးမှာအမြဲရှိနေချင်သည်

Kim နဲ့သာဆိုရင်ပေါ့...

ဘန်ကောက်ကနေ အမ်ဖဝါ ရေပေါ်ဈေးကို
ရထားမရှိ... bus တွေပဲရှိတာမို့ တစ်ဖွဲ့လုံးနဲ့တင် bus သုံးစီးလောက်ခွဲရ၏ ကိုယ့်ဘာသာသွားလို့ရပေမဲ့ ဒီခရီးကိုတော့ သာမန်လူတွေလိုပဲဖြတ်သန်းချင်ကြတယ်လေ

Mr.KimWhere stories live. Discover now