1

6.5K 338 45
                                    

Zawgyi>>>

Sehun ၏
အိမ်အပြန်လမ်းဟာ အရင်လိုပျော်စရာကောင်းမနေတော့ချေ
အရင်က အိမ်မှာစောင့်ကြိုနေမဲ့ ပါပါး မာမားနဲ့ hyung တို့ရှိတယ်...

Sehun အိမ်ပြန်လာပြီဆို မာမားက သူကြိုက်တဲ့ဟင်းလေးတွေချက်ပြီးစောင့်နေတတ်တာ ပြန်ရောက်ရောက်ချင်း hyung နဲ့အတူ game ဆော့မယ် ခဏနေလို့ ပါပါးပြန်လာရင် ညီအစ်ကိုနှစ်ယောက်အပြေးလေးသွားကြိုကြမယ်

ပါပါးနဲ့မာမားကို ပြိုင်ချွဲရင် ပါပါးက hyung ဘက်ကပါပြီး မာမားက sehun ဘက်ကလေ
အဲ့တုန်းက ပူပင်သောကဆိုတာလဲမရှိခဲ့ဘူး တကယ်ကိုနွေးထွေးခဲ့တဲ့မိသားစုလေး...

အခုတော့ အဲ့တာတွေအကုန် ပျက်စီးသွားခဲ့ပြီ...

တစ်ရက်ထဲ...
တကယ်ကိုတစ်နေ့ထဲမှာတင် Light ဆိုတဲ့လူရဲ့ လက်နဲ့အကုန်ပျက်စီးခဲ့ရတာ ဒီလောက်နဲ့ပြီးပြီလားဆိုလဲမဟုတ်ဘူး

ပါပါးနဲ့မာမား ဈာပနတောင်မပြီးသေး
Chan hyung ကို အတင်းလက်ထပ်ယူဖို့ကြိုးစားနေတဲ့ ခေါင်းဆောင် Light...

သူ့ဘဝမှာ ကျန်တာဆိုလို့ Chan hyung ပဲ ရှိတော့တာ...
ဒါကိုတောင် ဆွဲထုတ်သွားချင်တယ်ဆိုရင် လောကကြီးကတကယ် ရက်စက်လွန်းတယ်မဟုတ်ဘူးလား

သူတို့ညီအစ်ကိုနှစ်ယောက်လုံး နေ့ရက်တိုင်းကို မျက်ရည်တွေနဲ့ဖြတ်သန်းခဲ့ရတယ် အမြင့်က ကျတဲ့လူကို ထူပေးရမဲ့အစား ရက်ရက်စက်စက်ဝိုင်းထိုးနှက်ကျသလိုမျိုး...
တကယ်ခံနိုင်ရည်မရှိတော့ပြီ

"Hun-ah..."

အိမ်မှာသူ့ကိုစောင့်နေရှာတဲ့ Chan hyung မျက်နှာလေးက ဒီရက်ပိုင်းအတော်လေးချောင်ကျသွားသည်
ပြောရမယ်ဆိုရင် Chan hyung ကတောင် သူ့ထက်ပိုဖိအားများပါတယ်လေ

မိဘတွေဆုံးသွားတာမှမကြာသေး ညီလေးကိုလဲပူပင်ရ ကိုယ့်မိဘတွေကိုသတ်တဲ့လူနဲ့ လက်ထပ်ဖို့လဲ ဖိအားပေးခံရ
ဘယ်လိုကံဆိုးနေခြင်းလဲ

"Hun ah ဗိုက်ဆာပြီလား hyung လေ အဆင်ပြေသလိုတော့ချက်ပေးထားတယ် Hun လေးကအပြင်စာမစားနိုင်ဘူးမလား"

Sehun ဘာမှပြောမနေတော့ပဲ
Hyung ပြင်ထားတဲ့ ထမင်းဝိုင်းမှာဝင်ထိုင်လိုက်ရင်း ညီအစ်ကိုနှစ်ယောက် အတူစားဖြစ်ကြသည်

Mr.KimWhere stories live. Discover now