12

2.1K 277 26
                                    

Zawgyi>>>

Sehun အတွက် ပထမဆုံး Mission ဖြစ်သလို
Kim နဲ့အတူသွားရတဲ့ ပထမဆုံးခရီးစဉ်လဲ ဖြစ်သည်...
Kim နဲ့အတူဆိုသော်ငြား Kim က လေယာဉ်နဲ့သွားနှင့်တာဖြစ်ပြီး Sehun ကတော့ ဆေးတပ်နဲ့အတူလိုက်ရသည်

လူအယောက် ၃၀ လောက်ဆန့်တဲ့ ကားပေါ်မှာ ခပ်အေးအေးထိုင်လိုက်လာ သော်ငြား ဘယ်သူမှတော့ စိတ်ထဲအေးချမ်းမနေ...

Sehun ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်တော့
တစ်ယောက်နဲ့တစ်ယောက်စနောက်နေတဲ့သူတွေ...
မိမိကိုးကွယ်ရာဘာသာအလိုက် ဆုတောင်းနေသူများလဲတွေ့ရသည်...

အင်းပေါ့လေ သူတို့လဲလူတွေထဲကလူပဲ...
ကိုယ်အသက်ရှင်ဖို့တတ်နိုင်ရာဘက်က ကြိုးစားကြမှာပဲလေ...

"Hun လေး ကြောက်နေလား"

ခေါင်းကိုခပ်ဖွဖွပုတ်ရင်းမေးလာတဲ့ Jay hyung ကြောင့် Suho hyung လဲလှည့်ကြည့်လာသည်...
ပြောရမယ်ဆို Sehun ကအဖွဲ့ထဲမှာအငယ်ဆုံးမို့ ဆေးတပ်သားတွေရဲ့အချစ်ခံလေးလို့ပြောရမည်

Sehun က အလုပ်လဲကြိုးစားတယ် ငယ်ပေမဲ့ လူ့အသက်ကိုကယ်ဖို့ဆို အမြဲတက်ကြွ၍ ကြိုးစားကူညီတတ်သည်မို့...
ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာဖို့ အကုန်လုံးကမှတ်ချက်ပေးထားကြတယ်

Jay hyung က Suho hyung ရဲ့လက်ထောက်...
ကိုရီးယားစကားပြောသော်ငြား အမှန်က အာဖရိကလူမျိုးပင်..
Kim အာဖရိကဘက်က ဂိုဏ်းတွေကိုသွားရင်း Jay hyung ကိုခေါ်လာခဲ့တယ်လို့ပြောကြတယ်

"နည်းနည်းတော့ကြောက်တယ် Hyung... ဒါပေမဲ့အဆင်ပြေမှာပါ"

"ငါပထမဆုံး Mission တုန်းကလဲအဲ့လိုပဲ...
လူသုံးယောက်လောက်သတ်ပစ်ခဲ့ရတယ် အဲ့တုန်းကအိပ်မက်ဆိုးပဲ နောက်တော့လဲဘာမှမဟုတ်ပါဘူး"

ပခုံးတွန်းရင်းပြောလာတဲ့ Jay hyung ရဲ့စကားကြောင့် Sehun မျက်မှောင်ကြုံ့မိသည်...

"ကျွန်တော်တို့က လူကယ်ဖို့သွားတာလေ ဘာလို့လူသတ်ရမှာလဲ"

Sehun မေးခွန်းကြောင့် Suho ကသက်ပြင်းချ၍ သူ့ပခုံးကိုပုတ်ပေး၏...

"ငါတို့ကလူသတ်ဂိုဏ်းရဲ့ဆေးတပ်သားတွေလေ...တကယ့်ဆရာဝန်အစစ်တွေမဟုတ်ဘူး...တခြားသူတွေကိုကယ်ဖို့ ငါတို့ကိုယ်တိုင်ရှင်သန်နေမှဖြစ်မှာ..အဲ့လိုရှင်သန်ဖို့လဲ လူအချို့ကိုသတ်ရမှာပဲ မင်းနောက်တော့နားလည်လာမှာပါ"

Mr.KimWhere stories live. Discover now