Zawgyi>>>
Sehun ခေါင်းတွေမူးနောက်ပြီး အရှေ့ကမြင်ကွင်းကို သေချာမမြင်ရအောင် ဝေဝါးနေသည်...
သူတို့အစည်းအဝေးလုပ်နေတုန်း ရုတ်တရပ် လူအချို့ဝင်လာပြီးတိုက်ခိုက်ကြတာအစည်းအဝေးခန်းထဲဘာလက်နက်မှမရှိတာကြောင့် လက်ဗလာနဲ့သာ ထိုသေနတ်နဲ့လူတွေကိုပြန်တိုက်ရင်း
အကုန်လုံးကုန်ခါနီးမှ တစ်ယော်ယောက်သေနတ်နဲ့ပစ်လိုက်သည်ကို ခံလိုက်ရရင်း မေ့လဲသွားခြင်းဖြစ်သည်သေချာတာတော့ သူတို့သုံးတဲ့သေနတ်တွေက
ကြည်ဆံနဲ့မဟုတ် တခြားဓာတုတစ်ခုခုနဲ့လုပ်ထားတဲ့ သတိမေ့စေသည့်အရာမျိုးသာ...ဘေးဘီကိုဝေ့ဝဲကြည့်မိတော့ သူဆိုဖာတစ်ခုပေါ်ထိုင်နေခြင်းဖြစ်ပြီး
ကြိုးတွေဘာတွေလဲတုပ်မထား...
ဖမ်းခံလာရတဲ့ပုံစံလဲမဟုတ်ပဲ သက်တောင့်သက်သာ အနေအထားသာရှိနေသည်..."Suho hyung!"
သူ့ဘေးကကြီးမားလှသော
ကုတင်ပေါ်ခွေခွေလေး သတိလစ်နေသော Suho hyung ကြောင့် Sehun လှုပ်နိုးမိသည်.."သူအိပ်ပါစေ..."
အရှေ့မှခပ်တိုးတိုးထွက်လာတဲ့အသံကြောင့် Sehun လှည့်ကြည့်မိတော့ သူတို့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့တစ်စုံတစ်ယောက်...
အသားဖြူဖြူ မေးရိုးထင်ထင် ပါးချိုင့်တစ်ဖက်က သူ့အပြုံးမှတစ်ဆင့်မြင်နေရပြီး ဆံပင်တွေကိုသပ်ရပ်စွာလှန်တင်ထားတဲ့သူ...ရုပ်ရည်က အတော်လေးချောမောသန့်ပြန့်နေသော်ငြား
suit အနက်နှင့် အိတ်ကပ်ထဲမှသေနတ်ကြောင့် gangster အဖွဲ့တစ်ဖွဲ့ကလူဆိုတာ ကြည့်ရုံနဲ့တင်သိနိုင်သည်"ဒါဘာလုပ်တာလဲ"
ခင်ဗျားဘယ်သူလဲဟူသောမေးခွန်းမျိုး Sehun အရူးဆန်စွာမေးမည်မဟုတ်ပါ
ဒီလောကမှာအမည်မဖော်လိုသူတွေများပြီး သူတို့အကြောင်းသိသွားရင်လဲ သတ်ပစ်တတ်တာမို့...ထိုလူ့ပုံစံကြည့်ရတာလဲ အန္တရာယ်ရှိပုံမရ...
တစ်ခန်းလုံးမှာ သူ ထိုလူနဲ့ suho hyung သုံးယောက်သာရှိပြီး အခန်းအပြင်အဆင်နဲ့ သူတို့ကိုထားပုံအရ ဖမ်းချုပ်နှိပ်စက်မဲ့ပုံလဲမပေါ်...
YOU ARE READING
Mr.Kim
Fanfictionချစ်သလားလို့ကျွန်တော်မေးတဲ့အခါ Kim ကပြုံးတယ် Kim အဖြေပေးခဲ့တယ် ဒါပေမဲ့ကျွန်တော်သိချင်နေဆဲပဲ... ချစ်သလားလို့ကျွန်တော်မေးတဲ့အခါ Kim ကပြုံးတယ် Kim အဖြေပေးခဲ့တယ် ဒါပေမဲ့ကျွန်တော်သိချင်နေဆဲပဲ... KaiHun Boy × Boy Sorry for bad writings 90°bow #Yoohyunee