13

2.3K 270 77
                                    

Zawgyi>>>

"ဗျာ!"

Jay hyung ယူလာတဲ့သတင်းက Sehun တင်မက ဆေးတပ်တစ်ဖွဲ့လုံးကိုလှုပ်လှုပ်ရှားရှားဖြစ်စေသည်...

Kim တို့ K2 မှာပိတ်မိနေပြီတဲ့လေ...

ဒုတိယလွှတ်လိုက်တဲ့အုပ်စုက လမ်းမှာတင် တစ်ဝက်လောက်အသတ်ခံလိုက်ရပြီး အခုလူအင်အားမလောက်တော့ဘူးတဲ့လေ...
ကြည့်ရတာ K2 ဘက်က သူတို့လာတိုက်တာကိုသိထားသည့်ပုံပင်...

"ဘယ်လိုဆက်လုပ်ကြမလဲ Hyung"

Jay hyung အမေးကြောင့် Suho နှုတ်ခမ်းကိုတင်းတင်းစိလိုက်သည်...

"ခေါင်းဆောင် K နဲ့အဖွဲ့သားတွေကိုရအောင်ကယ်ထုတ်ရမယ် အကုန်ပြင်ဆင်ကြ!"

Suho ရဲ့စကားသံအဆုံး ဆေးတပ်သားတွေမိမိတို့လိုအပ်သည်အကုန်စ၍ပြင်ဆင်ကြတော့သည်...

အစကတော့ ဒဏ်ရာရလာတဲ့သူတွေကို အဆင်သင့်ကုလို့ရအောင် ဆေးတပ်အဖွဲ့ကိုခေါ်လာတာပဲ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ အရေးပေါ်အခြေအနေအရ ကယ်ထုတ်ဖို့သူတို့ကိုယ်တိုင်သွားရမည်ဖြစ်သည်

"ကြောက်နေလား?"

ဆေးတပ်ထဲမှအကြောက်တတ်ဆုံးကောင်လေးရဲ့ ပခုံးကိုပုတ်ရင်း အားပေးလာတဲ့ Suho ကြောင့် ကောင်လေးကမော့ကြည့်လာ၏...

"အထဲမှာကျွန်တော့်ဂိုဏ်းသားတွေရှိတယ်..."

ပြန်ဖြေလာတဲ့သူ့မျက်ဝန်းကအဖြေက ပြတ်သားလှ၏...
အထဲမှာ ဂိုဏ်းသားတွေရှိနေတယ် သူရအောင်ကယ်ထုတ်ရမယ်...

Demonic ဂိုဏ်းသားတိုင်းရဲ့စိတ်ဓာတ်ကထိုကဲ့သို့ပင်...
သွေးချင်းစီး၍ ညီညွတ်သလို တစ်ယောက်နဲ့တစ်ယောက်ကာကွယ်ဖို့အရေး အသက်နဲ့လောင်းကြေးထပ်ရမည်လဲမကြောက်ရွံ့ကြ...

ညီအစ်ကိုအရင်းတွေလို အချင်းချင်း လေးစားချစ်ခင်မှုထားကြသည်...

သူကဘယ်လောက်ပဲ သွေးမြင်ရင်တောင်ကြောက်တတ်တဲ့သူဖြစ်သော်ငြား သူ့ဘက် သူ့နေရာကနေ အတတ်နိုင်ဆုံး ကာကွယ်သွားမည်ဖြစ်ကြောင်း သက်သေခံနေ၏...

၎င်း၏အဖြေကြောင့်ပင် အကုန်လုံးစိတ်အားတက်သွားသလိုခံစားလိုက်ရသည်...

Mr.KimWhere stories live. Discover now