22

1.4K 215 37
                                    

Zawgyi>>>

ပါးပြင်ကို ရွှတ်ခနဲထိတွေ့လိုက်တဲ့ အနမ်းလေးတစ်ပွင့်ကြောင့် မိမိကမ္ဘာတစ်ခုလုံးငြိမ်သက်သွားရသည်

အခိုက်တန့်လေးတစ်ခု...
စက္ကန့်ပိုင်းလောက်ပဲကြာတဲ့ အဲ့ဒီအချိန်လေးက သူ့နှလုံးသားတစ်ခုလုံးကိုရိုက်ခတ်သွားရတယ်

မျက်လုံးလေးမှိတ်တဲ့အထိပြုံးနေတဲ့ ကောင်လေးပေါက်စက သူ့ကိုစရတာသိပ်သဘောကျသည်...

"သက်သောင့်သက်သာနေပါ Kim ရာ...ကျွန်တော်နဲ့ရှိနေတဲ့အချိန်တွေဆို Kim သတိကပ်နေစရာမလိုဘူး ကျွန်တော်က Kim ကိုကာကွယ်ပေးမှာမို့"

နှုတ်ခမ်းပါးရဲရဲလေးကို စုလိုက်ချွန်လိုက်နဲ့
ရဲရဲရင့်ရင့်ပြောလာတဲ့ ကောင်လေးစကားကို သူအကြွင်းမဲ့ယုံတယ်...

Kim ရဲ့အချိန်တွေအားလုံးကို အမုန်းတွေ တာဝန်တွေနဲ့
တစ်စက္ကန့်လေးတောင် သတိမလွတ်နိုင်ပဲနေခဲ့ရတာ...
သိပ်ပင်ပန်းတာပေါ့... စိတ်လွတ်ကိုယ်လွတ်ရုန်းထွက်ပစ်ချင်မိသည်အထိ ပင်ပန်းလွန်းတဲ့အချိန်တွေရှိတာပေါ့

ဒါပေမဲ့ Sehun ဆိုတဲ့ ကလေးပေါက်စ သူ့ဘဝထဲဝင်လာကတည်းက အရာအားလုံးဖြည်းဖြည်းချင်းစတင်ပြောင်းလဲလာခဲ့တယ်

ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ သူ့အစ်ကိုမျက်နှာတစ်ခုထဲနဲ့ အရာအားလုံးကိုခါးဆီးခံတဲ့ ဆယ်ကျော်သက်ကောင်လေးက ဟိုးအရင်ကသူ့ပုံရိပ်တွေကိုမြင်ယောင်စေခဲ့တယ်

တက်ကြွပြီး ကြိုးစားတတ်လွန်းတဲ့ကလေးငယ်လေးက
အချိန်အလစ်လပ်မရှိအလုပ်လုပ်နေခဲ့ရရင်တောင် တစ်ပါတ်တစ်ခါလောက်တော့သူ့အစ်ကို ကိုမြင်ချင်တာမျိုး...

သူ့အစ်ကို အဆင်ပြေတာသိရုံနဲ့တင် ကျေနပ်နေတတ်ပြီး
သူဘယ်လောက်ပင်ပန်းကြောင်း ထုတ်မပြောတော့မဲ့ ကလေးငယ်...

စည်းကမ်းတင်းကြပ်လှပါပြီတဲ့ဆိုတဲ့သူ့ကို
လုံခြုံရေးလက်ပတ်ဖြုတ်ပြီး ထွက်ပြေးဖို့ကူညီပေးချင်မိသည်အထိ ထိုကောင်လေးကအရေးပါတာမျိုး...

အမှန်တိုင်းဝန်ခံရရင်တော့
sehun အနားသူရှိနေတိုင်း နွေးထွေးမှုကိုခံစားရသည်
သူသေကိုယ်သေ ရုန်းကန်နေရတဲ့ဒီလောကကြီးထဲ
sehun ဟာ Light ပြီးရင်သူအယုံကြည်ရဆုံးသူပဲ...

Mr.KimWhere stories live. Discover now